ယုံကြည်ရာ

ယုံကြည်ရာ တစ်ရက်...

7 years ago, comments: 7, votes: 54, reward: $0.21

500_F_62394359_lW2ZPLWY2ZsNH8eebCdv4PtOuGJkcjcD.jpg

ယုံကြည်ရာ


တစ်ရက်က အလုပ်မှာပေါ့ ။ သူငယ်ချင်းတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်တယ်။ အလုပ်လုပ်ရတာ အဆင်ပြေလား၊ ဘာလားပေါ့။ သူငယ်ချင်းက" ပြေပါတယ်ကွာ ဟိုမျက်နှာလို မျက်နှာရ နဲ့ကလွဲလို့ပါ့။ ကျန်တဲ့သူတွေ အားလုံးနဲ့ အဆင်ပြေပါတယ်။ "သူငယ်ချင်းက ပြောလိုက်တာနဲ့ ကျွန်တော်တန်းသဘောပေါက်လိုက်တယ်။
ဟုတ်ပါတယ်လေ အဲ့ဒီမျက်နှာလိုမျက်နှာရက တစ်ဌာနလုံးနဲ့ ငါ့ဂျီးဒေါ် လုပ်နေတာ။ ကျွန်တော်ကလည်း သူငယ်ချင်းကိုပြောလိုက်ပါတယ် ကိုယ်ကသူ့အကြောင်းသိနေတော့ အဆင်ပြေအောင်ကြည့်ပေါင်းပေါ့ကွာ ဆိုပြီး ဖျောင်းဖျပေးလိုက်ပါတယ် ။

ဟုတ်တော့လည်းဟုတ်သား အဲ့ဒီမျက်နှာလိုမျက်နှာရကောင်က သူများအားနဲချက်ကို လိုက်ရှာပြီး အထက်မန်နေဂျာကို တိုင်တန်းတယ်။ သူ့အပြစ်ကျတော့ ခေါင်းရှောင်တယ်။ သူမဟုတ်ဘူးဆိုပြီး ဘူးခံငြင်းတဲ့ကောင်။ အဲ့လိုလူနဲ့ ဘယ်သူကများ အဆင်ပြေအောင်ပေါင်းနိုင့်ပါ့မလဲ။

500_F_58065521_6qxl7N8yrAyJQdnc0AIVOLDBcC7j6CN3.jpg

ကျွန်တော်ကတော့ အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းပါတယ်။ ဟိုတလောကပဲ အဲ့ဒီမျက်နှာလိုမျက်နှာရနဲ့ စကားစမြည် ပြောဖြစ်ခဲ့ပါသေးတယ်။ သူပြောခဲ့တဲ့ စကားတွေထဲက တစ်ချို့စကားတွေက ကျွန်တော့်နားထဲမှာ စွဲကျန်နေခဲ့တယ်။
" ဟေ့ယောင် လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်အသက်ရှင်ရတယ်ကွ၊ ငါ့ကတော့ ကိုယ့်စိတ်နဲ့ကိုယ်ပဲအသက်ရှင်တယ်။ တစ်ချို့ကသူများနှခေါင်းပေါက်နဲ့ အသက်ရှင်ကြတယ်၊ ဒါလေးကောင်းတယ်ဆိုလိုက်လုပ်ကြတယ်။ ဟိုဟာက အကောင်းဘူးဆို ရှောင်ဖယ်ရှောင်ဖယ်လုပ်ကြတယ်။အဲ့ဒါတွေကို ငါမကြိုက်တာ ၊ အဲ့ဒါကြောင့်လည်း ငါကလူပေါင်းသိပ်မဆံ့တာ ထင်တယ် ။"

သူပြောတာက စကားကြီးစကားကျယ်ဆိုပေမဲ့ အားလုံးက မှန်နေတာပဲ။ လူတွေတော်တော်များများက ဘေးပတ်ဝန်းကျင်ကို သိပ်ပြီး ဂရုစိုက်ကြတယ်။ ဒီလိုလေးဝတ်လို့ အဆင်ပြေပါ့မလားဟင်၊ ဒါစားလို့ ကောင်းပါ့မလား စသဖြင့် အစစအရာရာ သူများကိုချည်းအားကိုးနေကြတယ်။ ဒီနေရာမှာ အားကိုးတာနဲ့ တိုင်ပင်တာ ကိုလည်း ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ အားကိုးတာက ကိုယ်တိုင်မစဉ်းစားမဆုံးဖြတ်ပဲ၊ သူများဆုံးဖြတ်တဲ့အတိုင်း လိုက်လုပ်တာ၊ တိုင်ပင်တာက ကိုယ်ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပြီးမှ သူများရဲ့ အမြင်ကို ထပ်ပေါင်းပြီး အဆင်ပြေဆုံးဖြစ်မဲ့ နည်းလမ်းကို လုပ်ဆောင်တာ ဖြစ်တယ်။ ဒါကတော့ ကျွန်တော့် တွေးပေါ့လေ။
အဲ့ဒီ မျက်နှာလိုမျက်နှာရ ပြောတဲ့စကားတွေထဲမှာတော့ "လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်အသက်ရှင်ရတာ ။" အဲ့ဒီစကားကို အကြိုက်ဆုံးပဲ။ ဆိုတော့ - လေးဖြူရဲ့ သီချင်းကိုတောင်သတိရသွားတယ်။

လူဆိုတာ အမြဲ ယုံကြည်ရာတစ်ခုအတွက်
အသက်ကိုတောင် စတေးကြတာပဲ…
မင်းရဲ့ ဘ၀မှာ ဘာကိုယုံကြည်လဲ
ယုံကြည်ရာတစ်ခုအတွက် အဆုံးတိုင်လျှောက်လှမ်းပါ…
တစ်နေ့တော့ရောက်မှာပါ….

500_F_85731355_OnRtt6VxWHeEKsEs9I2CqTIoe3qNMkPa.jpg

ကျွန်တော်လည်းဆုံးဖြတ်လိုက်တယ် ၊ ကိုယ်ယုံကြည်ရာအတွက် ဘာတွေပဲဖြစ်လာဖြစ်လာ၊ ဘယ်လို အခက်ခဲတွေပဲရှိရှိ ရှေ့ကိုဆက်သွားပါ့မယ်လို့ ……. တစ်နေ့တော့ ကျွန်တော်ယုံကြည်ထားတဲ့ ပန်းတိုင်ကို ရောက်မှာပါ။

Image Credit >>> Source Free photos Pexels

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein
@myanmarkoko

MSC no. 118