ယခင် ပုဂံ၊ ရွှေစက်တော် ဘုရားဖူးခရီးစဉ်အဆက်

ယခင် ပုဂံ၊ ရွှေစက်တော် ဘုရားဖူးခရီးစဉ်အဆက် …. 4 march, 2018 မနက် ၄နာရီလောက်တွင် ကျွန်တော်တို့ဘုရားဖူးအဖွဲ့သားများအားလုံး အိပ်ယာထကြကာ ပုဂံရှိနာမည်ကြီးဘုရားများကို ဖူးမျော်ဖို့ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကြပါသည်။ စာရေးသူတို့ ဘုရားဖူး...

7 years ago, comments: 47, votes: 70, reward: $2.67

ယခင် ပုဂံ၊ ရွှေစက်တော် ဘုရားဖူးခရီးစဉ်အဆက် ….

4 march, 2018 မနက် ၄နာရီလောက်တွင် ကျွန်တော်တို့ဘုရားဖူးအဖွဲ့သားများအားလုံး အိပ်ယာထကြကာ ပုဂံရှိနာမည်ကြီးဘုရားများကို ဖူးမျော်ဖို့ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကြပါသည်။ စာရေးသူတို့ ဘုရားဖူး အဖွဲ့ခေါင်းဆောင်မှ ယနေ့သွားဖူးမျော်မိ ဘုရားစေတီများနှင့် ပတ်သတ်ပြီး အကျဉ်းချုပ်ပြောပြပါသည်။
" ကျွန်တော်တို့ ဒီနေ့ ဘုရားလေးဆူကို အရင်ဆုံးသွားရောက်ဖူးမျော်မှာဖြစ်ပါတယ်။ အဲ့ဒီဘုရားတွေကတော့ တန့်ကြည်တောင်စေတီ၊ တူရင်းတောင်စေတီ၊ ရွှေစည်းခုံစေတီ၊ ဗူးဘုရား ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဘုရားလေးဆူကို နေ့လည် ၁၂ နာရီမထိုးခင် အပြီးဖူးမျော်နိုင်ရင် ကိုယ်လိုရာ ဆုတောင်းပြည့်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဒီဘုရားလေးဆူကို အရင်ဆုံးဖူးမျှော်မှာဖြစ်ပါတယ်။ အဲ့ဒီနောက်တွင်တော့ ကျန်ရှိတဲ့တန်ခိုးကြီးဘုရားတွေကို ဆက်လက်ဖူးမျော်မှာဖြစ်တယ်။ ကဲ…. ကျွန်တော် ပြောချင်တာကတော့ ဒီလောက်ပါပဲ။ ဒီတော့ ဘုရားဖူးခရီးစတင်မထွက်ခင်မှာ အနရယ်ကင်းအောင် သရဏဂုံ တင်ကြရအောင် " …

သရဏဂုံတင်ပြီးနောက် ဘုရားဖူးခရီးစတင်ခဲ့ပါသည်။ မနက်အစောကြီးဖြစ်သောကြောင့် ဘေးပတ်ဝန်းကျင်ကိုတော့ ဘာမှမမြင်ရပေ။ ၁၅ မိနစ်လောက်ကားစီးပြီး နောက်တွင် ဗူးဘုရားသို့ရောက်ရှိလေသည်။ ။ ဗူးဘုရား မှာ ဧရာဝတီမြစ်ကမ်းနဘေးတွင်တည်ရှိသောကြောင့် တိုက်ခက်သောလေများက သန့်ရှင်းလတ်ဆက်လှသည်။ မနက်ခင်းအာရုံလာ၍ အမှောင်ထုလည်းပျောက်ကွယ်စပြုလာပြီဖြစ်​သဖြင့်​ဧရာဝတီမြစ်ကမ်းအလှကို တ၀ကြီးကြည့်ရှူခံစားခဲ့ကြပါသည်။
ဗူးဘုရားကို ပျူစောထီးမင်းတည်ခဲ့ပြီး၊ ထိုခောတ်ခါက ဗူးပင်များမှာ ဒုက္ခပေးသောကြောင့် ပျူစောထီးက သုတ်သင်ရှင်းလင်းနိုင်ခဲ့သောကြောင့် ထိုနေရာတွင် ဘုရားတည်ခဲ့ပြီး ဗူးပင်များကိုအစွဲပြုပြီး ဗူးဘုရားဟု အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။

IMG_20180303_064414.jpg
Photo >>ဗူးဘုရား

IMG_20180303_064654.jpg

တဖြူးဖြူးတိုက်ခက်နေသောလေညင်းများနှင့် ဧရာဝတီမြစ်ကမ်းအလှကို တ၀ကြီးခံစားပြီးနောက်တွင် မနက်စာကို ဗူးဘုရားနားတစ်ဝိုက်မှ ဈေးတန်းလေးမှာပဲ အသုတ်စားသူကစား၊ မုန့်ဟင်းခါးသောက်သူက သောက်နှင့် မနက်စာ ဗိုက်ဖြည့်ခဲ့ကြပါသည်။
မနက်စာစားပြီးနောက်တွင် တန့်ကြည်တောင်စေတီဖူးမျှော်ဖို့ ခရီးဆက်ခဲ့ပါသည်။ တန့်ကြည်တောင်ဟာ ဧရာဝတီမြစ်အနောက် တစ်ဘက်ကမ်းတွင်တည်ရှိသောကြောင့် ဧရာဝတီဖြစ်ကိုစက်လှေစီးပြီးသွားရမည်ဖြစ်သည်။ မြစ်ကမ်းနားမှ ဆိုက်ကပ်ထားသော စက်လှေအများအပြားကို တွေ့မြင်ရပါသည်။ မနက်ခင်းစောစောဖြစ်သောကြောင့် ဘုရားဖူးခရီးသွားများသိပ်မရှိသောကြောင့် စက်လှေပေါ်တွင် လူပြည့်အောင်စောင့်ဆိုင်းကြရင်း ဓာတ်ပုံများရိုက်ကြလေသည်။အတော်အတန်ကြာသောအခါ စက်လှေ လူပြည့်၍စတင်ထွက်ခဲ့ပါသည်။ မနက်ခင်း နေမင်းကြီးထွက်ပေါ်လာပြီဖြစ်သောကြောင့် ဧရာဝတီမြစ်ကြီး၏ တသွင်သွင်စီးဆင်းနေသော ရေအလျှင်သည်။ တလတ်လတ်နှင့် လှပနေတော့သည်။ ဧရာဝတီမြစ်ကြီးကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေသော ငါးဖမ်းလှေအများအပြားကိုလည်းတွေ့မြင်ရပါသည်။

IMG_20180303_064318.jpg

IMG_20180303_070837.jpg

IMG_20180303_070754.jpg

၄၅ မိနစ်လောက်ကြာအောင်စက်လှေစီးပြီး နောက်တွင် မြစ်အနောက်ဘက်ကမ်းသို့ရောက်ရှိလေသည်။ ထိုမှတစ်​ဆင့် တန့်ကြည်တောင်ပေါ်သို့ ကားငှားပြီးသွားရပါသည်။ ကားငှားဖို့အတွက်အခက်ခဲမရှိပေ။ ဘုရားဖူးများအတွက် အငှားကားများကို အဆင်သင့်ထားရှိပေးထားပါသည်။ နာရီဝက်ကြာ ကားစီးပြီးနောက်တွင် တန့်ကြည်တောင်ပေါ်သို့ရောက်ပြီး ဘုရားဖူးခဲ့ပါသည်။
တန့်ကြည်တောင်စေတီကို အနော်ရထာမင်းတည်ခဲ့ပြီး သီဟိုဘုရင် ၀ိဇယဘာဟု ဆက်သလိုက်သောစွယ်တောကို ထပ်မံပွား၍ျ တန့်ကြည်တောင်ပေါ်ရှိ သီရိဓမ္မသောကမင်းတည်ခဲ့သောစေတီတွင် ဌာပနာကာ တည်ခဲ့ခြင်းဖြစ်သည်ဟု ဖတ်ရှူမှတ်သားခဲ့ရပါသည်။

2018-03-03-08-28-14-604.jpg
Photo >> တန့်​ကြည်​​တောင်​​စေတီ

တန့်ကြည်တောင်ဘုရားဖူးပြီး နောက် တူရင်းတောင်စေတီသို့ ဆက်လက်ခရီးနှင်ခဲ့ပါသည်။ တူရင်းတောင်သို့ ၁၁ နာရီတွင် ရောက်ရှိခဲ့ပါသည်။ တူရင်းတောင်စေတီကို အနော်ရထာမင်းမြတ်တည်ထားခဲ့ပြီး သီဟိုဠ်​ဘုရင်ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ ဌာပနာခဲ့ပါသည်။ တူရင်းတောင်စေတီဘုရားဖူးပြီး ဓာတ်ပုံများရိုက်ခဲ့ကြပါသည်။ တူရင်းတောင်ပေါ်မှ လှမ်းကြည့်လျင် ထန်းပင်များကွက်တိကွက်ကျား နှင့် သစ်ပင်များအနည်းငယ် ၊ ထိုသစ်ပင်ချုံနွယ်များကိုကျော်၍ထိုးထိုးထောင်ထောင်နှင့်မြင်နေရသော ရှေးဟောင်းစေတီများနှင့် မြေပြန့်လွင်ပြင်များကို မျက်စိတစ်ဆုံးမြင်နေရပါသည်။ နေ့လည်ခင်းဖြစ်သောကြောင့် နေအပူရှိန်မှာ အလွန်းပြင်လှ၍ အခိုးငွေ့များထွက်ကာ ပတ်ဝန်းကျင်တစ်ခွင်တွင် မီးခိုရောင်များဖြင့်ဖုံးလွှမ်းနေပေသည်။ တူရင်းတောင်ခြေနားတွင် " မြကန်သာ " ဆိုပြီးစာလုံးကိုလည်းလှမ်းမြင်ရပါသည်။ သို့ပေမဲ့ ကန်ထဲတွင်တော့ ရေမရှိသောပဲ သစ်ပင်ခြုံနွယ်များကိုသာမြင်တွေ့ရသည်။

IMG_20180303_081643.jpg
Photo >> တူရင်း​တောင်​အမှတ်​တရ

ထိုနောက်တွင် ဆက်လက်၍ ရွှေစည်းခုံစေတီဆီသို့ ခရီးနှင်ခဲ့ပါသည်။ ရွှေစည်းခုံဘုရားသို့ နေ့လည် ၁၂ နာရီတွင်ရောက်ရှိခဲ့ပါသည်။ ရွှေစည်းခုံစေတီကို အနော်ရထားမင်းက စတင်တည်ခဲ့ပြီး မပြီးစီးခဲ့ပဲ ကျန်စစ်သားမင်း လက်ထက်ရောက်မှသာ ဆက်လက်တည်ခဲ့ပြီး ပြီးစီးခဲ့ပါသည်။ အနော်ရထာမင်းက ရွှေစည်းခုံစေတီအားတည်ရာတွင် သီဟိုဋ်ဘုရင် ဆက်သလိုက်သော စွယ်တော်ကို ဌာပနာခဲ့ပါသည်။ ပုဂံဒေသတွင် အနော်ရထာမင်း၏ကောင်းမှု မြတ်စွယ်တော်လေးဆူမှာ ရွှေစည်းခုံစေတီ၊ တန့်ကြည်တောင်စေတီ၊ လောကနန္ဒာစေတီ၊ တူရင်းတောင်စေတီတို့ဖြစ်သည်။ ထု-ဓမ္မရံ၊ ဥာဏ်- သဗ္ဗညု ၊ အနု- အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟု အဆိုရှိခဲ့သောကြောင့် ရွှေစည်းခုံစေတီသည် တန်ခိုးကြီးမားသော စေတီဖြစ်သည်။ ထုထည်ကြီးမားရာတွင် ဓမ္မရံကြီးဘုရား၊ ဥာဏ်တော်အမြင့်ဆုံးဘုရားမှာ သဗ္ဗညုဘုရား၊ အနုစိပ်​ရာတွင် အာနန္ဒာဘုရားဟူ၍အသီးသီး ရှိကြပေသည်။ကျွန်တော်တို့ဘုရားဖူးအဖွဲ့သည်။ ရွှေစည်းခုံစေတီတော်မြတ်ကြီးအား ဖူးမျှော်ပြီး နေ့လည်စာစားသောက်ပြီး ဘုန်းကြီးကျောင်းသို့ပြန်ကာ ရေမိုးချိုး​ခေတ္တခန အနားယူခဲ့ကြသည်။

IMG_20180303_123759.jpg

IMG_20180303_124139.jpg
Photo >> ​ ရွှေစည်းခုံစေတီတော်မြတ်ကြီး

ထို့နောက်ညနေခင်းတွင်တော့ ထီးလိုမင်းလိုဘုရား၊ သဗ္ဗညုဘုရား၊ ငှက်ပစ်တောင်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား တို့ကိုသွားရောက်ဖူးမျှော်ခဲ့ကြပါသည်။ ထို့နောက် ညနေ ၇ နာရီတွင် တည်းခိုရာ ဘုန်းကြီးကျောင်းသို့ပြန်ရောက်ပြီး တစ်ညတာ အိပ်စက်အနားယူခဲ့ကြပါသည်။

IMG_20180303_183313.jpg
Photo >> ဓမ္မကြီးဘုရား

IMG_20180303_164322.jpg

IMG_20180303_163100.jpg

IMG_20180303_184314.jpg

IMG_20180303_172156.jpg

IMG_20180303_172832.jpg

IMG_20180303_172420.jpg

IMG_20180303_173225.jpg

ကျွန်တော်တို့ ဘုရားဖူးအဖွဲ့သည် မနက်ခင်းစောစောထကာ ကျောင်းထိုင်ဆရာတော်အားဝတ္ထု​ငွေကပ်၍ ရှစ်ခိုးကန်တော့ကာ နှုတ်ဆက်ပြီး ပုပ္ပါး​တောင်တော်သို့ ထွက်ခွာလာခဲ့ပါသည်။ ပုပ္ပါး​တောင် သို့ မနက် ၈နာရီတွင် ရောက်ရှိခဲ့ပြီး၊ တောင်ပေါ်သို့တက်ကာ ဘုရားဖူးခဲ့ကြသည်။ ပုပ္ပါး​တောင် မှာအတော်မြင့်လှသောကြောင့် သက်ကြီးရွယ်အိုများ တက်ရန်အဆင်မပြေလှပေ။ ပုပ္ပါး​တောင်ဟုဆိုလျှင်အရင်ဆုံးပြေးမြင်မိသည်မှာ မျောက်ကိုပင်ဖြစ်သည်။ မျောက်များ ကျက်စားရာတောင်ဟုဆိုလျင်မမှားပေ။ဘုရားဖူးခရီးသည်များမှာလည်း မျောက်စာတွေကျွေးကြ၊ ဓာတ်ပုံတွေရိုက်ကြနှင့် အလုပ်ရှုပ်နေကြသည်။
ပုပ္ပား​တောင်ထိပ်သို့ ရောက်သောအခါ အေးမြသော လေများတဟူးဟူးတိုက်ခက်လျက်ရှိသည်။ မနက်ခင်းဖြစ်သောကြောင့် ပတ်ဝန်းကျင်မှာ နှင်းများမစဲသေးပဲ အုံ့မှိုင်းမှိုင်းဖြစ်နေပါသည်။ ပုပ္ပါး​တောင်ပတ်လည်တွင်လည်း မြင့်မားသောတောင်ကြီးများ အလျိုလျိုရှိကြပေသည်။ တောင်ပေါ်တက်လာရာ အလွန်မောပမ်းလာခဲ့သဖြင့် ဘုရားဖူးခရီးသည်များအားလုံးကလည်း စောင်းတန်းတစ်လျောက်နားခိုရာ ခုံတန်းလေးများတွင် အသီးသီးတွင်​ အမောဖြေကြကာ ဓာတ်ပုံများရိုက်ကြလေသည်။ ဆယ်လ်ဖီဆွဲသူကဆွဲ ၊ မြင်ရလား မြင်ရလားနှင့် ရှုခင်းထက် သူတို့ပုံလေးလှဖို့ကို နေရာတစ်ရွေ့ ရွေ့ နှင့် ပဲပေးနေကြသော ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ များကလည်းရှိသေးသည်။ သေချာတာတော့ ဖေ့စ်ဘွတ်ပေါ်အလုယက်တင်ကြဖို့ပဲဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ ဘုရားဖူးအဖွဲ့ လေးသည်လည်း ဘုရားဖူးကြပြီး ပုပ္ပား​တောင်မှတစ်ဆင့် မင်းဘူးရွှေစက်တော် သို့ ဆက်လက်ခရီးနှင့်ခဲ့ကြလေသည်။

IMG_20180304_075130.jpg
Photos >> ပုပ္ပား​တောင်​​ပေါ်မှ ရှူခင်းကိုလှမ်းမြင်​​နေရပုံ

IMG_20180304_073556.jpg

IMG_20180304_075339.jpg
Photo >> ပုပ္ပား​တောင်​​ပေါ်မှ​စေတီ

ဆက်လက်​၍ မင်းဘူး​ရွှေစက်​​တော်​ ဘုရားဖူးခရီးစဉ်​ကို ​ရေးသား​ဖော်​ပြပါဦးမည်​။ ​စောင့်​​မျော်​ဖတ်​ရှူ​ပေးကြပါဦးဗျာ။ စာဖတ်​သူမိတ်​​ဆွေများကို ​ကျေးဇူးတင်​လျက်​...

မှက်​ချက်​ ။ ဘုရားသမိုင်းအကျဉ်းများမှာ " မြန်​မာ့ယဉ်​​ကျေးမှူ အ​မွေနှစ်​ ပုဂံ​စေတီပုထိုးများ စာအုပ်​မှ ​ကောက်​နှုတ်​​ဖော်​ပြထားပါသည်
( ဦး​မောင်​​မောင်​ ဘီ​အေ သမိုင်း )

ကိုကိုမိုးဟိန်း
သစ်​အယ်​သီး

ဓာတ်​ပုံ >>> ကိုယ်​တိုင်​ရိုက်​ယူသည်

Written by @kokomoehein

MSC no.118