ယနေ့တိမ်ထူနေသည်

ယနေ့တိမ်ထူနေသည် လေငြိမ်နေ၏ အိမ်ထဲမှာ ရေဒီယိုနားထောင်ပါ။ မိုးလေဝသ သတင်းအကြိမ်ကြိမ်ကြားရ၏ သတင်းထူးပါရင်ပြောပါလား။ ဟိုတစ်နေ့က တူလေးကို စာသင်ပေးရင် ဖတ်မိတဲ့ ဒုတိယတန်း ဖတ်စာအုပ်ထဲက စာပုဒ်လေးပါ။ ဖတ်ပြီးတေ...

7 years ago, comments: 11, votes: 55, reward: $4.09

ယနေ့တိမ်ထူနေသည်
လေငြိမ်နေ၏
အိမ်ထဲမှာ ရေဒီယိုနားထောင်ပါ။
မိုးလေဝသ သတင်းအကြိမ်ကြိမ်ကြားရ၏
သတင်းထူးပါရင်ပြောပါလား။

ဟိုတစ်နေ့က တူလေးကို စာသင်ပေးရင် ဖတ်မိတဲ့
ဒုတိယတန်း ဖတ်စာအုပ်ထဲက စာပုဒ်လေးပါ။
ဖတ်ပြီးတော့ ကိုယ်တွေငယ်ငယ်က ကျောင်းသားဘဝကို
ပြန်ပြီးသတိရမိတယ်။ ငယ်ငယ်က ကိုယ်ကကျောင်းပျင်းလေ
ကြီးတော့ မပျင်းပါဘူး 😊😊😊 ။ ဆော်ရှိုးရတာနဲ့ကို မအားမလပ်ခဲ့ဘူးလေ 😜😜😜။ တကယ်ပြောတာပါ
ကိုယ်ငယ်ငယ်က အတန်းထဲမှာ မှင်နဲ့နေတာဆိုတော့ ဝိုင်းဝိုင်းကိုလည်နေတာ ---
ရိုက်ဖို့စောင့်နေတဲ့ ဆရာမတွေပြောတာပါ ခ်ခ် 😇😇😇

အဲ...၊ ပြောချင်တာက ငယ်ဘဝအကြောင်းမဟုတ်ဘူးဗျ။
🎼🎼🎼 မန္တလာမြို့ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း...

ပြောချင်တာက အဲ့ဒါ၊ ဒါပေမဲ့ သီချင်းအဖြစ်သာ သည်းတာပါ။
ကိုယ်တော်ချောလေး ရွှေမိုးညိုက မိုးစက်လေး တစ်စက်တစ်ပေါက်
တောင်မချပေးပဲ နေတိုင်းကျော်ကျော်သွားလို့ ကိုယ်တွေမန်းလေးသားတွေမှာ " မြင်သာမြင် မကြင်ရ " တဲ့အဖြစ်။

အင်း... မန်းလေးသားတွေ ဆုတောင်းကို မိုးမင်းကြီးက ဖြည့်ဆည်းပေးတာနဲ့တူပါတယ်။ ဘာပြုလို့လဲဆိုတော့ မန်းမြို့မှာက
တရုပ်တွေကကြီးဆိုးနေတာမို့လား။ အဲ့တော့ မန်းသားတွေရဲ့ မေတ္တာ
ပို့သံကို မိုးမင်းကြီးက နားညောင်းတော်မူသွားတယ်ထင်တယ်။
သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် ဘာတဲ့---
" တရုပ်ပြည်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေဆိုလား "

ကိုယ်လည်း ဆုတောင်းပြည့်ပြီလို့ တိတ်တိတ်လေး အံကြိတ်လိုက်တာပေါ့😜😜😜။

ကိုယ်လည်း ပြောချင်ရာတွေသာပြောနေတယ် တကယ်တော့
ဒီမနက် ဓာတ်ဖမ်းထားတာလေးလာပြတာ ---
ဘုတ် လေးနဲ့အားပေးကြပါဦးဗျ.... 😍😍😍။

IMG_20180717_063822.jpg
အဆောင်မှ မန္တလေးတောင် ကိုလှမ်းမြင်ရပုံ။

IMG_20180717_063841.jpg
အဆောင်မှ မန္တလေးတောင် ကိုလှမ်းမြင်ရပုံ။

IMG_20180717_103604.jpg

IMG_20180717_103622.jpg

IMG_20180717_120743.jpg

IMG_20180717_120725.jpg
ဟိုတယ်လုပ်ငန်းတွင် ပန်းအလှဖော်ထားပုံ

July 17, 1:37pm

Photos by @myanmarkoko

ကိုကိုမိုးဟိန်း
သစ်အယ်သီး

MSC no. 118