ရည်​မှန်းချက်​နှင့်​ လက်​​တွေ့လုပ်​​ဆောင်​ခြင်း

စာရွက်​​ပေါ်မှာ ချမ​ရေးထား​သော ရည်​မှန်းချက်​များသည်​ ဆန္ဒ သက်​သက်​သာဖြစ်​သည်​။ စာရွက်​​ပေါ်မှာ ချ​ရေးမှသာ ရည်းမှန်းချက်​ဖြစ်​သည်​။ "ဒါ​ကြောင့်​မ​တွေးပါနဲ့ စာရွက်​​ပေါ်မှာ ချ​ရေးလိုက်​ပါ"။ ဘာ​ကြောင့်​လဲဆို​တော့ စိတ်​ဆိုတာအစိုးမရဘူး။ အခ...

8 years ago, comments: 7, votes: 6, reward: $4.90

စာရွက်​​ပေါ်မှာ ချမ​ရေးထား​သော ရည်​မှန်းချက်​များသည်​ ဆန္ဒ သက်​သက်​သာဖြစ်​သည်​။

စာရွက်​​ပေါ်မှာ ချ​ရေးမှသာ ရည်းမှန်းချက်​ဖြစ်​သည်​။ "ဒါ​ကြောင့်​မ​တွေးပါနဲ့ စာရွက်​​ပေါ်မှာ ချ​ရေးလိုက်​ပါ"။ ဘာ​ကြောင့်​လဲဆို​တော့ စိတ်​ဆိုတာအစိုးမရဘူး။ အခုစဉ်းစား​နေတဲ့အရာ​တွေက အချိန်​ကြာလာတဲ့အ​ခါ ​ပျောက်​ပျက်​သွားတက်​ပါသည်​။

ထို့​ကြောင့်​ "ကျ​နော်​တို့ဖြစ်​ချင်​​သောအရာမှန်​သမျှကို စာရွက်​လွတ်​တစ်​ရွက်​​ပေါ်မှာချ​ရေးလိုက်​ပါ။ သင်​စဉ်းစား​သမျှ၊ သင်​ကြံစည်​သမျှ​တွေကို မဖုံးမကွယ်​ ဗွင်းဗွင်းရှင်းရှင်းချ​ရေးလိုက်​ပါ"။

"ပြီး​တော့တစ်​ပက်​​လောက်​ကြာတဲ့အခါပြန်​ဖတ်​ကြည့်​ပါ။ အရင်​သင်​​ရေးထားခဲ့​သော အ​ကြောင်းအရာများနှင့်​မတူ​တော့ပဲ သင်​လိုအပ်​​နေတာ​တွေကိုမြင်​လာပါလိမ့်​မယ်​။ ဒီ​တော့သင်​ပြင်​သင့်​ကိုပြန်​ပြင်​ပြီး မလိုအပ်​​တော့တဲ့ စိတ်​ကူးယဉ်​ မှုမျိုးကို သင်​ဖျက်​ပစ်​နိုင်​တာ​ပေါ့"

"ဟုတ်​ပါပြီ သင့်​ရည်​မှန်းချက်​​တွေကို စာရွတ်​​ပေါ်ချ​ရေးပြီ ဘာမှလက်​​တွေ့မလုပ်​​ဆောင်​ဘူးဆိုရင်​ ဘာမှအကျိုးထူးမှာမဟုတ်​ပါ
စကားပုံ​တောင်​ရှိတယ်​ "

"မနက်​ဖြန်​လုပ်​သင့်​တာကို ဒီ​နေ့လုပ်​ပါ...
ည​နေလုပ်​ရမဲ့ အရာကို ဒီ​နေ့မနက်​လုပ်​ပါ....
ခန​နေလုပ်​သင့်​တာကို အခုချက်​ချင်းလုပ်​​ဆောင်​ပါ"....

ကျ​နော်​တို့​တွေဆီမှာ ဖြစ်​​မြောက်​​အောင်​မလုပ်​​​ဆောင်​နိုင်​ခဲ့​သော​ စိတ်​ကူး​တွေ ...တကယ့်​ကိုလှပတဲ့စိတ်​ကူး​တွေ ​မြောက်​များစွာရှိခဲ့ကြပါသည်​။ ဒါ​ပေမဲ့ ကျ​နော်​တို့ဖြစ်​​မြောက်​​အောင်​လုပ်​​ဆောင်​နိုင်​ခဲ့တာ တစ်​ခုနှစ်​ခု​လောက်​ပဲရှိပါသည်​။ ဒါဟာ အချိန်​ကိုအကျိုးရှိရှိအသုံးမချနိုင်​ခြင်း​ကြောင့်​ဖြစ်​ပါသည်​။ ​လောကတွင်​ အစားထိုး၍မရ​သော အရာများထဲတွင်​ အချိန်​လည်းပါဝင်​သည်​ဆိုတာ အားလုံးသိပြီးသားဖြစ်​ပါသည်​။

ထို့​ကြောင့်​ အချိန်​ကို တန်​ဖိုးရှိရှိ အသုံးချကြရပါမည်​။ ကျ​နော်​တို့မြင်​မာလူငယ်​​တွေ အချိန်​ဖြုန်း​နေတာကို ခက်​ခက်​ခဲခဲရှာ​​နေစရာမလိုပါ လက်​ဖက်​ရည်​ ဆိုင်​ကိုကြည့်​လိုက်​ပါ လူငယ်​​တွေအများဆုံးပြည့်​​နေတာကို ​တွေ့ပါလိမ်​မည်​။ အလုပ်​ကိစ္စ လူမှု​ရေးကိစ္စ များ​ဆွေး​နွေး​နေသူအနည်းငယ်​​လောက်​သာ ရှိချင်​ရှိပါမည်​။ အများစုက​တော့ အရည်​မရအဖက်​မရ သမီးရည်းစားအ​ကြောင်း၊ ဂိမ်းအ​ကြောင်း ၊ သို့မဟုတ်​ ထိုင်​ပြီး ​ဖေ့စ်​ဘွက်​ ပွတ်​​နေကြသည်ကိုသာ ​တွေ့ရပါလိမ့်​မည်​။
အလွန်​နှ​မျောစရာ​ကောင်း​သော ငယ်​ရွယ်​နုပျိုချိန်​များကို ဖြုန်းတီး​နေကြခြင်းဖြစ်​သည်​။ 

tea-shop-mandalay-myanmar-BHR79C.jpg
Photo credit >>Google Image

ရည်​မှန်းချက်​ များကိုချ​ရေးပါ.........
ထိုရည်​မှန်းချက်​များကို လက်​​တွေ့လုပ်​​ဆောင်​ပါ.....
အချိန်​ကိုတန်​ဖိုးရှိရှိအသုံးချပါ......

ထိုကဲ့တို့လုပ်​​ဆောင်​ခြင်းဖြင့်​ ​အောင်​မြင်​​သောမြန်​မာများဖြစ်​ကြပါ​စေ......

ကိုကိုမိုးဟိန်း (သစ်​အယ်​သီး)

@kokomoehein

MSC no. 118