မြန်မာ့သင်္ကြန် နှစ်သစ်ဆုတောင်းနှင့် ကျွန်တော်၏ခံစားချက်

မြန်မာနိုင်ငံရဲ့ သင်္ကြန် နှစ်သစ်ကူးပွဲတော်ကြီး ကို တစ်နိုင်ငံလုံး နေရာအနှံ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါသည်။ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားအားလုံးကလည်း ရုံးပိတ်ရက်ရ၍ အိမ်ပြန်သူကပြန်၊ နယ်မြို့လေးကိုစွန့်ပြီး မြို့ကြီးပြကြီးမှ...

7 years ago, comments: 12, votes: 15, reward: $4.42

မြန်မာနိုင်ငံရဲ့ သင်္ကြန် နှစ်သစ်ကူးပွဲတော်ကြီး ကို တစ်နိုင်ငံလုံး
နေရာအနှံ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါသည်။
မြန်မာနိုင်ငံသူ ၊ နိုင်ငံသားအားလုံးကလည်း ရုံးပိတ်ရက်ရ၍ အိမ်ပြန်သူကပြန်၊ နယ်မြို့လေးကိုစွန့်ပြီး မြို့ကြီးပြကြီးမှာ အလုပ်လုပ်နေရသူများကလည်း ခွင့်ရက်ရှည်ယူကြပြီး မိမိနယ်များသို့ ပြန်ပြီး မိသားစုများနှင့် ပြန်လည်ဆုံတွေ့ကြပြီး
ဝမ်းသာပီတိဖြစ်နေကြပါသည်။
FB_IMG_1458303841032.jpg
Photo credit

သို့ပါသော်လည်း အလုပ်ကိုအရမ်းချစ်၍လား ၊ အလုပ်မလုပ်ပဲ
မနေနိုင်ကြ၍လားမသိ ၊ ဟိုတယ်တွင် အလုပ်လုပ်ကိုင်နေကြ
သော ဝန်ထမ်းများမှာတော့

" ဂျူတီချိန်ဟာ ဂျုတီပါ ဝတ္တရား မပျက်ကွက်ပါ "

ဆို့တဲ့သံချပ်လေးရွက်ရင်း လုပ်ငန်းထဲတွင် အလုပ်ကိုကြိုးစား
လုပ်ကိုင်နေကြသည်။ အများသူငှါများ အော်ဟစ်ပျော်ပါးနေချိန်၊
ချစ်သူ သမီးရည်းစားတွေ ရေပက်ကစားနေချိန် တွင် နာရီတကြည့်ကြည့်နှင့် အလုပ်လုပ်နေရသူများမှာ
ဟိုတယ်ဝန်ထမ်းများသာဖြစ်ပါသည်။

အများသူငှါတွေကို အားကျစိတ်ကြောင့် ရင်ထဲတွင် ဂုလုဂုလု
ဖြစ်နေပါသော်လည်း -

လူဆိုတာအမြဲ....ယုံကြည်ရာတစ်ခုတွက်

အသက်ကိုတောင် စတေးကြတာပဲ....

လေးဖြူရဲ့သီချင်းလေးလိုပဲ ကိုယ်ယုံကြည်ရာ
ကိုယ်ရှင်သန်ရာ ဘဝလေးတွင် ကျေနပ်နေသူများမို့
အပြုံးမပျက်ကြသူများမှာလည်း ဟိုတယ်ဝန်ထမ်းများသာ
ဖြစ်ပါသည်။
2.jpg
Photo credit

ထိုမျှမက ဟိုတယ် ဆိုတာ-

မီးခိုးမထွက်သောစက်ရုံ (သဘာဝ.ပတ်ဝန်းကျင်ကိုမထိခိုက်စေသော)

ဘယ်တော့မှာ အိပ်စက်ခြင်း၊ အနားယူခြင်းမရှိသော
စက်ရုံ ( ဟိုတယ်မှာ လုပ်ရင် တသက်လုံး အလုပ်လုပ်ရမယ်😁
သို့ပေမဲ့တခြားခံစားခွင့် အများအပြားကိုလည်းပေးထားပါတယ်)

ငွေကို ဖြူဖြူစင်စင် အသန့်ရှင်းဆုံး ရရှိသော လုပ်ငန်း
( လူတွေကို စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးပြီး လုပ်ကိုင်ရသည်)

CabInn_Aalborg_029_0(1).jpg
Photo credit

ထို့ကြောင့် မိမိအလုပ်ကို ဂုဏ်ယူကြသော ဝန်ထမ်းများမှာလည်း
ဟိုတယ်ဝန်ထမ်းများသာ ဖြစ်သည်။

အများသူငှါတွေလို မပျော်နိုင်မလည်နိုင်ပေမဲ့လည်း နှစ်သစ်ကူးအချိန်အခါမို့ ဆုတောင်းမေတ္တာပို့ပေးသော စိတ်ထားများကတော့ ရင်ထဲတွင်အပြည့်ပေ။

မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး နှစ်သစ်မှာ
စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး
လည်ပက်ကြရာတွင်လည်း အန္တရယ်ကင်းရှင်းပြီး ပျော်ပါးနိုင်ကြပါစေလို့ ဟိုတယ်ဝန်ထမ်းဖြစ်သော
ကျွန်တော် မောင်ကိုကိုမိုဟိန်းမှ
ဆုတောင်းမေတ္တာပို့တ လိုက်ရပါသည်။

IMG_20180414_093029.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး

Author -KoKoMoeHein @myanmarkoko

MSC no.118