မြန်မာ့နှစ်သစ်ကူးဆုတောင်း

ယနေ့သည် မြန်မာတို့ရဲ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။ မြန်မာလူမျိုးများသည် ဗုဒ္ဓဘာသာဝင် များဖြစ်ကြ၍ ဤကဲ့သို့ နေ့ထူး နေ့မြတ် ချိန်ခါတွင် ဘုရားသွားကျောင်းတက် ကုသိုလ်ယူကြသည်။ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း ၊ လက...

7 years ago, comments: 8, votes: 10, reward: $0.08

ယနေ့သည် မြန်မာတို့ရဲ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။
မြန်မာလူမျိုးများသည် ဗုဒ္ဓဘာသာဝင် များဖြစ်ကြ၍ ဤကဲ့သို့ နေ့ထူး
နေ့မြတ် ချိန်ခါတွင် ဘုရားသွားကျောင်းတက် ကုသိုလ်ယူကြသည်။
သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း ၊ လက်သည်းခြေသည်း
ညှပ်ပေးခြင်း စသဖြင့် သက်ကြီးရွယ်အိုများကို ပြုစုပေးခြင်းဖြင့်လည်း
ကုသိုလ်ယူကြသည်။

နှစ်သစ်ကူး နေ့ဆန်းတစ်ရက် နေ့တွင် အဝတ်စားသစ်များ
ဝတ်စားဆင်ယင်ကြသည့်။ ဤကဲ့သို့ အဝတ်စားသစ်များ ဝတ်ဆင်ခြင်းသည် ကောင်းခြင်း မင်္ဂလာများ မိမိထံသို့ ရောက်လာလိမ့်မည်ဟု ခံယူထားကြခြင်းကြောင့်ဖြစ်သည်။
အဝတ်စားသစ်များ ဝတ်ဆင်ကြသလို မိမိ၏စိတ်ကို အသစ်ဖြစ်အောင် ထားရှိဖို့လိုအပ်ပါသည်။ နှစ်ဟောင်းမှာ တွေးတောခဲ့သမျှ ၊ ကြံစည်ခဲ့သမျှတွေကို မေ့ထားခဲ့ပြီး
နှစ်သစ်မှာ အတွေးသစ်အမြင်သစ်များဖြင့် ဘဝကို ဖြတ်သန်းကြဖို့ လိုအပ်ပါသည်။

နှစ်ဟောင်းမှာ မအောင်မြင်ခဲ့မှုတွေ ၊ ဆုံးရှူံးမှုတွေ ၊ ထိခိုက်နာကျင်ခဲ့ မှုတွေကို မေ့ပစ်ပြီး နှစ်သစ်မှာ ဘယ်လိုအောင်မြင်အောင်လုပ်ဆောင်မလဲ ၊ မိသားစုနဲ့ အတူ ပျော်ရွှင်စွာ ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတဲ့ စိတ်ကူးသစ် ၊ အကြံဥာဏ်သစ်တွေဖြင့် အစီစဉ်များရေးစွဲကြကာ နှစ်သစ်ကို ဖြတ်သန်းကြမည်ဆိုပါက တကယ့်စစ်မှန်သော နှစ်သစ်ကို ပိုင်ဆိုင်ကြရမည်မှာ ဧကန်အမှန်ပင်ဖြစ်ပေသည်။

ထို့ကြောင့် နှစ်သစ်မှာ မြန်မာ စတီးမစ် မိသားစုဝင်များလည်း
စိတ်သစ် ၊ လူသစ် ဖြင့် ဘဝသစ်ကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ...

ဆက်လက်ပြီး ညနေက ဘုရားသို့ သူငယ်ချင်းများနှင့်အတူ သွားရောက် လယ်ပက်ခဲ့ကြပုံများကို ရှူစားပေးကြပါဗျာ...
IMG_20180417_173824.jpg
IMG_20180417_172553.jpg
IMG_20180417_172634.jpg
ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein @myanmarkoko

MSC no.118