ယခုတစ်ပက် Pro မှာရေးသားပေးချင်တာကတော့ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး ၁၇ ၊ အနီးစခန်းကျေးရွာမှ ဓမ္မပူစရိယ ဘုရားပွဲတော်ကြောင်းပဲဖြစ်ပါသည်။ ဆေကိန္ဒာရာမတိုက် ရွှေကျောင်း ဘုရားပွဲပဲဖြစ်ပါသည်။ ဘုရားပွဲအား စည်းကားသိုက်မြိုက်စွာကျင်းပကြပါသည်။ ဘုရားပွဲတွင် အားကစားအမျိုးမျိုး ထဲ့သွင်းကာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးပါသသည်။ ခြင်း၊ ဒုတ်စည်းထိုး၊ ဘောလီဘော အပြင် လူအများကြိုက်နှစ်သက်တဲ့ ဘောလုံးပွဲပါ ထဲ့သွင်းကစားယှဉ်ပြိုင်ကြပါသည်။ ပြိုင်ပွဲဝင်အသင်းများမှာလည်း အနီးပတ်ဝန်းကျင်ရွာများမှ အသင်းကိုယ်စီဖွဲ့ကာ ယှဉ်ပြိုင်ကြသည်။ ဘုရားပွဲဆိုလျှင် ဇာတ်ပွဲ သို့မဟုတ် အငြိမ့်ပွဲ ကတော့မပါမဖြစ်ပေ။ ဒီနှစ်ဘုရားပွဲကတော့ ရွှေညီကို ဇာတ်အဖွဲ့အား ငှားရမ်းဖျော်ဖြေစေမှာဖြစ်ပါသည်။
အမျိုးသမီးဒုတ်စည်းထိုးပြိုင်ပွဲ
အမျိုးသမီး ဒုတ်စည်းထိုးပြိုင်ပွဲအား ၆ သင်းယှဉ်ပြိုင်ကစားစေပါသည်။ အမျိုးသမီး အများစုမှာ ငယ်ရွယ်သူများဖြစ်ကြပြီး အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားနေကြတာကို တွေ့မြင်ခဲ့ရပါသည်။ ကာလသား များကလည်း ပျိုဖြူလေးများအား ၀ိုင်းဝန်းအားပေးကာ ပိုးပန်းနေကြသည်များရှိပါသည်။ လူငယ်သဘာဝဆိုတော့ သိတဲ့အတိုင်း ကိုယ့်ကောင်မလေးပါတဲ့အသင်းဆိုတော့ နိုင်စေချင်ကြတာကိုး။ မည်သို့ပင်ဖြစ်စေ အခုလို ငယ်ရွယ်နုပျိုချိန်မှာ အားကစားများ ပါဝင်ကစားခြင်းဟာ အရမ်းကို ဂုဏ်ယူဖွယ်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ပျိုဖြူအများစုမှာ အလှပြင်ကာ အိပ်တွင် ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေပြီး ကာလသားများ လာရောက်ပိုးပန်းဖို့ကိုသာ စိတ်ဝင်စားကြပေသည်။ လေ့ကျင့်ခန်းလုပ်ဖို့ကို ရှက်ကြောက်နေကြပေသည်။ ခုလိုတောရွာများဆိုလျှင်ပိုဆိုး ပါသည်။ ဒါကြောင့် မိန်းခလေးအများစုမှာ စည်ပိုင်းကြီးဖြစ်လာပါတော့သည်။
ခြင်းပြိုင်ပွဲ
ခြင်းပြိုင်ပွဲအား ပိုက်ကျော်ခြင်းတစ်ခုတည်းကိုသာ ထဲ့သွင်းယှဉ်ပြိုင်ကစားစေပါသည်။ အလှခြင်း၊ ၀ိုင်းခြင်းများကိုတော့ ထဲ့သွင်းထားခြင်းမရှိပေ။
ဘောလုံးပြိုင်ပွဲ
ဘောလုံးပြိုင်ပွဲကတော့ ပရိတ်သတ် အားအပေးဆုံး ပြိုင်ပွဲတစ်ခုဖြစ်ပေသည်။ ဘောလုံးပြိုင်ပွဲဆိုသိတဲ့အတိုင်းအားပေးကြမ်းသည်။ ဤတွင်တစ်ခုပြောချင်သည်က ပြိုင်ပွဲကို ပြိုင်ပွဲလိုအားမပေးပဲ အော်ဟစ်ဆဲဆိုကြပါသည်။ ဘောလုံးသမားများတစ်ခုခုမှားပြီဆိုလျှင် ငါကိုင်ကာတုတ်ကာ ဆဲဆိုကြပါသည်။ အင်မတန်ကို ယုတ်ညံ့သောစိတ်ထားများဖြစ်ပေသည်။ ကိုယ့်ရွာအသင်းကို လူတိုင်းကတော့ နိုင်စေချင်ကြမှာ အမှန်ပင် သို့သော် အရက်သေစာများသောက်စားကာ အော်ဟစ်ဆဲဆိုအားပေးတာကိုတော့ ရှုံ့ချပါသည်။ ဒါတင်မဟုတ်သေးပေ ဘောလုံးအသင်း အချို့မှကစားသမားများသည်လည်း ဘောလုံးမကန်ပဲ လူကိုလိုက်ကန်ပါသည်။ ဘောလုံးကန်တာများ နွားသတ်ပွဲကြည့်နေရသည့်အတိုင်းပင်၊ ပရိတ်သတ် အချင်းချင်း ရန်ဖြစ်စကားများမှုဖြစ်ပွားပါသည်။ ပွဲကိုထိန်းသူများကတော့ ဘုန်းကြီးများပင်ဖြစ်သည်။ ဘုန်းကြီးများမှာ ဒုတ်ကိုင်လျက် လူဆိုးကြီးလုံးလုံးကိုဖြစ်နေပါတော့သည်။ မြန်မာတွေ မကြီးပွားဘူးမပြောနဲ့ စိတ်ဓာတ်များကို လည်းမပြင်ကြပေ။ အစိုးရကိုတော့ ဟိုဟာတောင်းဆို ဒီဟာတောင်းဆိုနှင့် မိမိတို့ရဲ့ စိတ်ထားများကိုကြတော့ မပြင်ချင်ကြပေ။
ဘုရားပွဲအား တစ်နှစ်မှာ တစ်ခါသာ ကျင်းပသောကြောင့် အနီးပတ်ဝန်းကျင်မှ လူများမှာလည်း လာရောက်ကာ ပြိုင်ပွဲများအားကြည့်ရှူအားပေးကြပါသည်။ထူးထူးခြားခြားအနေနဲ့ ဘဲဖမ်းပွဲကိုလည်း ပျော်စရာရွှင်စရာပွဲအဖြစ် ပြုလုပ်ကျင်းပေးခြင်းပဲဖြစ်ပါသည်။ ဘဲဖမ်းလို့မိရင်တော့ ဆုကြေးငွေအဖြစ် တစ်သောင်းကျပ်ကို ချီးမြှင့်ပေးပါသည်။ ဘုရားပွဲအား ယခုလိုစည်းကားသိုက်မြိုက်စွာ ကျင်းပနေကြပုံများကို မြင်တွေ့ရသည်မှာ စိတ်ထဲတွင် တစ်မျိုးတစ်ဖုံ ကြည်နှူးခံစားမိပါသည်။ စတီးမစ်မိသားစု ၀င်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေဗျာ။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Written by @kokomoehein
MSC no. 118