ကျေးဇူးတရား (THANK)

အပူပင်ကင်းတဲ့.... ကလေးဘဝကို တစ်ခါပြန်ပြီး ရချင်သေးတယ်... ငယ်ငယ်တုန်းက ...

7 years ago, comments: 8, votes: 11, reward: $0.17

အပူပင်ကင်းတဲ့.... ကလေးဘဝကို တစ်ခါပြန်ပြီး
ရချင်သေးတယ်...

IMG_20180503_180114.jpg

ငယ်ငယ်တုန်းက ကျွန်တော်တို့တွေဟာ ကမ္ဘာကြီးဟာ အရမ်းကို
ဆန်းကြယ်ပြီး ပျော်ရွှင်စရာတွေနဲ့ ပြည့်နက်နေတယ်လို့ ထင်ခဲ့ကြတယ်...

ဒါပေမဲ့ အသက်တွေကြီးလာကြပြီး စားဝတ်နေရေးတွက် ငွေလိုအပ်လာပါပြီ... ဒီတော့ ပိုက်ဆံရဖို့ အလုပ်လုပ်ကြရတဲ့အခါ
အဆင်မပြေမှုတွေ ပြသနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ပျက်သွားကြပြီ
ဘဝဟာ ငြီးငွေ့စရာကြီး၊ ကမ္ဘာကြီးဟာ တရားမျှတမှုမရှိဘူးဆိုပြီး
ပြောဆိုကြပါတော့တယ်...

*ကျေးဇူးတရားတွေ လွှမ်းခြုံထားတဲ့ လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ဟာ
အမြဲတမ်း ပျော်ရွှင်မှုတွေနဲ့ ပြည့်နက်နေပါတယ်... *

ဟုတ်ပါတယ် ကျွန်တော်တို့တွေ ကျေးဇူးတရားဆိုတာကို မေ့နေခဲ့လို့
ပျော်ရွှင်မှု တွေဟာ အဝေးကို လွင့်စင်သွားခဲ့ရတာပါ...
ကျွန်တောတို့ဟာ တစ်ခုခုရရှိတဲ့အခါ ကျေးဇူးဆိုတဲ့စကားလုံးကို သုံးစွဲလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တောတို့ အလကားရှူရှိုက် နေရတဲ့လေကိုကျ ကျေးဇူးတင်ဖို့ မေ့နေတက်ကြပါတယ်။

#ထို့နည်းအတူ သင့်ကိုယခုချိန်ထိ အသက်ရှင်နေစေတဲ့
သင့်ခန္ဓာကိုယ်ကို ကျေးဇူးတင်ဖို့ မေ့နေပါသလား...?

ဒါဆိုရင်တော့ သင်ဟာပျော်ရွှင်မှုတွေနဲ့ အလှမ်းဝေးနေဦးမှာပါ။

အမြဲတမ်း ပျော်ရွှင်မှုတွေနဲ့ပြည့်နက်နေတဲ့ ကမ္ဘာကြီးတစ်ခုကို
ဖန်းဆင်းချင်ပါသလား သို့မဟုတ် ရယူပိုင်ဆိုင်ချင်ပါသလား...?

*** သင့်ကိုမွေးပေးခဲ့တဲ့ သင့်မိခင်နဲ့ တသက်လုံး ကျွေးမွေးပြုစု
စောင့်ရှောက်ခဲ့တဲ့ သင့်ဖခင်တို့ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ကြောင်း စိတ်ထဲကပြောပါ(အသံထွက်ပြီးပြောနိုင်ပါက ပိုပြီးကောင်းပါတယ်)

*** သင့်ကိုယနေ့ချိန်ထိ အသက်ရှင် နေစေတဲ့ သင့်ရဲ့ခန္ဓာကိုယ်ကို ကျေးဇူးတင်ပါ။

*** သင်နဲ့ပက်သက်တဲ့ မိသားစု၊ ဆွေမျိုး၊ အပေါင်းသင်းသူငယ်ချင်း၊ နေ့စဉ်သင်နဲ့ထိတွေ့ဆက်ဆံနေရတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါ။

*** ကမ္ဘာကြီးပေါ်မှာရှိရှိသမျှ မြေ၊ ရေ၊ လေ၊ တောတောင်သဘာဝ
သက်ရှိသက်မဲ့ အရာအားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုက်ပါ။

ဤ ၄ ချက်ကို တစ်နေ့သုံးကြိမ် စိတ်ထဲကဖြစ်စေ၊ အသံထွက်၍ဖြစ်စေ
ပြောပေးနိုင်ပါတယ်။
မှက်ချက်။ ။ ရင်ထဲက တကယ်ကိုခံစားပြီးပြောပေးဖို့တော့
လိုအပ်ပါတယ်...

ယခုလိုမျိုး ပြောပေးခြင်းအားဖြင့် တစ်နေ့သာလုံး ထူးထူးခြားခြား ပျော်ရွှင်နေတာကို ခံစားမိပါလိမ့်မယ်။ ပြောကြည့် လိုက်ပါ...
အဟုတ်တကယ့်ဖြစ်လာပါလိမ့်မယ်။

IMG_20180325_104236.JPG

မှီငြမ်း >>> ဘဝပြောင်းပညာ (ရွှေမိုး)

#ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein @myanmarkoko

MSC no. 118