တရားပါတယ်လို့

အရင်က စတီးမစ်တင်ခဲ့သော ပိုစ့်လေးပဲ ပြန်တင်လိုက်ရပါသည်။ တောအုပ်နှင့် မနီးမဝေး အတော်အတန်ကျယ်ပြန့်တဲ့ကွင်းပြင်တစ်ခုတွင် အကောင်ရေ ၃၀ခန့်ရှိသော ကျွဲအုပ်တစ်အုပ်သည် နွေဦးရာသီ၏ နှင်းရည်လူးထားသော မြတ်စိမ်းနုနုတို့ကို မြိန်ရည်ယှက်ရည် စားသောက်နေ...

5 years ago, comments: 4, votes: 15, reward: $0.29

အရင်က စတီးမစ်တင်ခဲ့သော ပိုစ့်လေးပဲ ပြန်တင်လိုက်ရပါသည်။

တောအုပ်နှင့် မနီးမဝေး အတော်အတန်ကျယ်ပြန့်တဲ့ကွင်းပြင်တစ်ခုတွင် အကောင်ရေ ၃၀ခန့်ရှိသော ကျွဲအုပ်တစ်အုပ်သည် နွေဦးရာသီ၏ နှင်းရည်လူးထားသော မြတ်စိမ်းနုနုတို့ကို မြိန်ရည်ယှက်ရည် စားသောက်နေကြလေသည်။ ဤကဲ့သို့သော မအေးလွန်းမပူလွန်းသော ရာသီဥတုသည် ၄င်းတို့အတွက် နတ်စည်းစိမ်ပင် မဟုတ်ပါလော။ ကံကောင်းခြင်းတွေနောက်ကွယ်မှာ ဆိုးရွားတဲ့ အန္တရယ်အငွေ့သက်က ပတျ၀နျးကငြျတဈ၀ိုကျတှငျ ပျံ့လွင့်လျှက်ရှိသည်ကိုတော့ ထိုကျွဲအုပ်သိပုံမပေါ်။

ထိုကျယ်ပြန့်တဲ့ကွင်းပြင်အနီးနားမှ ခြုံပုတ်တစ်ချို့မှာ တစ်ချက်ချက် လှုပ်ရှားလျှက်ရှိသည်။ ထိုအခြင်းအရာသည် အန္တရယ်ဆိုးကြီး၏နိမိတ်တစ်ခု သို့မဟုတ် သေမင်းတမန် ဖြစ်လိမ့်မည်ဆိုတာ ဘယ်ကျွဲတစ်ကောင်တလေမှ မရိတ်မိပေ။ ထိုခြုံပုတ်ထဲတွင် သွေးဆာနေသော သေမင်း သို့မဟုတ် တောဘုရင် ခြင်သေ့မင်းသည်
မိမိ၏အစာ(သားကောင်) ကိုစိတ်ကြိုက်ရွေးချယ်နေလေသည်။ မုဆိုးသည် ကိုယ့်ကို ပြန်ပြီးမတိုက်ခိုက်နိုင်သော၊ အင်းအားအနည်းဆုံးသားကောင်ကို အစာအဖြင့် ရွေးချယ်သက်မှက်လိုက်ပြီး မိမိ၏အမဲလိုက်စွမ်းရည်ကို အစွမ်းကုန်ပြသလေတော့သည်။

ခြုံပုတ်တစ်ခုထဲမှ ဘွားခနဲပေါ်လာသော အရာတစ်ခုသည် ဘယ်နည်းနဲ့မှ မိတ်ဆွေမဖြစ်နိုင်မှန်း ထိုကျွဲအုပ်သတိပြုမိလိုက်သည်။ သို့သော် အသိကောင်းပေမဲ့ အခါနှောင်းသွားခဲ့လေပြီ။ အကြောက်တရားကိုယ်စီဖြင့် ကျွဲများအားလုံး ဆောက်တည်မရ ပြေးလွားကြကုန်သည်။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုသလိုမျိုးဖြစ်သည်။ သိပ်ပြီးကြာကြာ မပြေးလိုက်ရပေ။ အခြေနေအားလုံးငြိမ်သက်သွားလေပြီ။ ခြင်သေ့မင်း
မုဆိုးသည် သားကောင်၏ ဂုတ်ကို ချွန်မြသော အစွယ်နှစ်ချောင်းဖြင့် ထိုးစိုက်ကိုက်ပြီး အောင်ပွဲ၏ အရသာကို ခံစားလျှက်ရှိသည်။

ကျွဲအုပ်သည်လည်း မလှမ်းမကမ်းမှ နေ၍ မိမိတို့အတွက် အသက်ပေးကယ်တင်သွားသော ကယ်တင်ရှင်အား ဂရုဏာမျက်လုံးများဖြင့် ငေးကြည့်နေရုံမှတစ်ပါး ဘာမှမတက်နိုက်ကြပေ။ ဘယ်ကျွဲတစ်ကောင်တလေမှ ဒါဟာ မတရားအနှိုင်ကျင့်မှု ၊ ရက်စက်သော ၊ စာနာထောက်ထားမှုမရှိသော ဆိုးယုတ်မှု ဆိုပြီး ထိုတော်လိုက်မုဆိုးအား ခိုက်ရန်ပြုခြင်းမရှိပေ။ ထိုကျွဲများ၏စိတ်တွင် အကြောက်တရားတို့ကသာ ကြီးစိုးနေသည်။ မတရားတာကို တရားပါတယ်လို့ ခေါင်းငုံ့လက်ခံနေသည့်ပုံမျိုးဖြစ်နေသည်။ ထို့ကြောင့်ပဲ ကျွဲအုပ်သည် တစ်နေ့တစ်ကောင်နှုန်းဖြင့် တစ်ဖြုတ်ဖြုတ်သေကြေကြရပြီး တောဘုရင်ခြင်သေ့မင်း၏
အစာဖြစ်ကြရလေတော့သည်။

ဒီလိုဖြစ်ရပ်များကို Discovery တွင် မရိုးစတမ်းကြည့်ကြရမည်သာဖြစ်သည်။
တစ်နေ့က ဖေ့စ်ဘတ်ခ် သုံးရင်း Daw Aung San Suu Kyi page တွင်တင်ထားသော
အမေစုပြောတဲ့စကားလေးကို ဖတ်မိပြီး ဤဆောင်းပါးလေးကို ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
https://www.facebook.com/DawAungSanSuuGyi/posts/1952840168164482

မတရားတာကို မတရားဘူးလို့ မပြောရဲရင်
ပါးစပ်ပိတ်ထားလိုက်ပါ။
တရားပါတယ်လို့တော့မပြောပါနဲ့ ။

ဒေါ်အောင်ဆန်းစုကြည်

IMG20200513132311.jpg

ဖတ်ရှုပေးပါသော စတီးမစ်မိသားစု၀င်များအား
ကျေးဇူးအထူးတင်ရှိပါသည်။

ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein
@myanmarkoko