တွေးမိတွေးရာလေးများ (၁)

၁။ နေ့ရက်များသည် တဖြုတ်ဖြုတ်ကြွေနေ၏။ ၂။ အချိန်နာရီများသည် တန်ဖိုးထားသူများအတွက် ပို၍ ကုန်မြန်၏။ ၃။ လူတွေသည် သေခြင်းတရားသည် မိမိတို့နှင့် မဆိုင်သလို သဘောပိုက်ကာ လောဘ၊ ဒေါသ၊ မောဟများဖုံးလွမ်းကာ ခဏတာများကို ထာဝရလို့ ထင်နေကြ၏...

5 years ago, comments: 4, votes: 13, reward: $0.08

၁။ နေ့ရက်များသည် တဖြုတ်ဖြုတ်ကြွေနေ၏။

၂။ အချိန်နာရီများသည် တန်ဖိုးထားသူများအတွက်
ပို၍ ကုန်မြန်၏။

၃။ လူတွေသည် သေခြင်းတရားသည် မိမိတို့နှင့် မဆိုင်သလို သဘောပိုက်ကာ လောဘ၊ ဒေါသ၊ မောဟများဖုံးလွမ်းကာ ခဏတာများကို ထာဝရလို့ ထင်နေကြ၏။

၄။ ရလေလိုလေ တဲ့ လိုလေရလေ ဆိုလျှင်
ဘယ်လောက်များ ကောင်းလိုက်လေမလဲ။

၅။ လောကမှာ အစားထိုးပြန်မရတာ ဘာလဲတဲ့။
တလောက FB ပေါ် ကံစမ်းမဲဖောက်ပြီး မေးတဲ့
မေးခွန်း။ ဖြေကြသူများကတော့ အဲ့ဒီအချိန်ကျမှ
တန်ဖိုးထားရကောင်းမှန်းသိတဲ့ အချိန် နဲ့ မိဘကို
ကံစမ်းမဲပေါက်ဖို့ သတိရကြသတဲ့။
လောကမှာ အစားထိုးပြန်မရတာ ထွေးပြီးသား တံထွေး တဲ့။ ကဲ... ဒင်းတို့ကို ဘုရားသခင်က
ဒဏ်ခက်လိုက်လေပြီ။

၅။ တွေးမိတွေးရာ ရေးသည်။ ကျော်ဖတ်လို့ရသလို
မဖတ်ပဲ နေလည်းရသည်။ မမြင်ချင်ယောင်ဆောင်
သွားလည်းရသည်။ နောက်များမှာလည်း ဆက်ရေး
နေဦးမည်။ ဘာပဲဖြစ်ဖြစ် လူကြီးမင်းတို့၏ တန်ဖိုး
ရှိတဲ့ အချိန် အနည်းငယ်အတွက် ကျေးဇူးတင်လိုက်
ရပါသည်။

ကလေးဘဝ ပျော်ရွှင်စွာ ကစားခဲ့ရတဲ့အချိန်များ။
သေချာပါသည် အောက်က ကဗျာလေးကို
လူကြီးမင်းတို့ ဆုံးအောင်ဖတ်မှာမဟုတ်ပါဘူး။

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်
မထွေးလိုလို့ဝဲပါတယ်
မထွေးမပါတို့ချည်းသာ
ပါဘာလျှက်သား နောက်ကထား
မထွေးအသား ခါးလှတယ်
ချောင်းငယ်ရယ်နဲ့ ဆေးပါ့မယ်
ချောင်းငယ်ရေချမ်း နွေမှာခန်း
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်
မြစ်ငယ်ရေချမ်း နွေမှာခန်း
ပင်လယ်ရေနဲ့ ဆေးပါ့မယ်
ပင်လယ်ရေချမ်း နွေမှာခန်း
ပင်လယ်ရေ ဘယ်မှာခန်း
မထွေး အမိဖမ်း...

img_0.47364420082537795.jpg
Photo credit

လူကြီးမင်းတကယ်လို့ အပြီးထိဖတ်ဖြစ်ခဲ့တယ်ဆို
လျှင် ဘယ်နှစ်ကြောင်းမြောက်မှာ စာလုံးပေါင်းမှား
နေလဲ ဖြေခဲ့ပေးပါ။ မဖြေခဲ့လျှင်...

သူတို့လေးတွေ အိမ်ဘေးမှာ ကစားနေကြတာပေါ့။
ချို့တဲ့သည့် ကလေးငယ်များမို့ အိမ်ထဲမှာ ဖုန်းနဲ့
စိမ်မခံနိုင်ကြဘူးလေ။
သူတို့လေးတွေကိုမြင်တော့ ငယ်ဘဝကိုသတိရမိ။

ကိုကိုမိုးဟိန်း
9.1.21 Sat

project_1607832382455.gif

We are meeting with a comment in here. We are lucky to be a friend and with the same goal. That is why leave a comment in this post below and get a vote
(=1 pal) from me.

Have a nice day!

You can connect to me free freely
Click here to go my FB account>>>

img_0.7755624507373107.jpg

@myanmarkoko
KoKoMoeHein