တခါတရံ စိတ်ဓာတ် မြှင့်တင်ရေးစာအုပ်တွေဖတ်ပြီး ကျွန်တော်ကြိုးစားလုပ်တယ် အခုပဲ အောင်မြင်တော့မယ် လူတစ်ယောက်လို ဒါပေမဲ့ နှစ်ရက် သုံးရက် လောက်နေတဲ့အခါ ဒုံရင်းကဒုံရင်းပဲ ပြန်ဖြစ်သွားတယ်။
ကိုယ့်ဟာကို စဉ်းစားရင်း နားမလည်အောင်ဖြစ်ရတယ်။ ငါဘာလိုနေတာလဲ ငါဘာကြောင့် အခုလို ဘယ်လောက်ပဲ စိတ်အားထက်သန်ပါတယ် ပြောပြော ကြာရင်ဒီအတိုင်း ပုံမှန်ပဲ ပြန်ဖြစ်သွားတာလဲ။
နောက်တော့ တဖြေးဖြေး စဉ်းစားရင်း ကိုယ်ဖတ်ထားတဲ့ စာအုပ်တွေ၊ စာပေဟောပြောပွဲတွေထဲက အကြောင်းအရာ တစ်ခုကို စဉ်းစား မိတယ်။
မင်းဖြေးဖြေးလေးသွားနေရမှာကို မကြောက်ပါနဲ့ မင်းရပ်နေရမှာကိုသာ ကြောက်ပါတဲ့
(တရုပ်စကားပုံဖြစ်ပြီး စာရေးဆရာ လင်းသိုက်ညွန့် ရဲ့ ဖားအံ စာပေဟောပြောပွဲ ထဲမှဖြစ်ပါတယ်)
Photo credit >>Google
ခေါင်းထဲမှာ နဲနဲလေးရှင်းသွားတယ်၊ ကျွန်တော်တို့က ပုံမှန် မဟုတ်ပဲ အားတကုန် ကြိုးစားလုပ်တဲ့ အခါ ကြာလာတော့ ဘာမှဖြစ်မလာဘူးဆိုပြီး ကျွန်တော်အပါအဝင် လူတော်တော်များများဟာ စိတ်ပျက်ပြီး နောက်ပြန်လှည့်သွားကြတယ်။ ကျွန်တော်တို့ သွားနေတဲ့ ခရီးက အရှည်ကြီးပါ၊ ဒီထပ်ပိုပြီးလေးနက်အောင် ဘဝသံသရာ၊ ဘဝခရီးရှည်ကြီးကို ဖြတ်သန်းရမှာပါ။ ဒါကြောင့် ယုန်နှင့် လိပ် ပုံပြင်လေးလို တဖြေးဖြေးနဲ့ ပုံမှန်လေး ကြိုးစားသွားဖို့လိုပါတယ် အကယ်၍ ကျွန်တော်တို့ဟာ အသွားနှေးတဲ့သူ အထနှေးတဲ့သူ ဖြစ်မယ်ဆိုရင်ပေါ့။ မှက်ချက် - မြန်မြန်သွားနိုင်တဲ့ သူက မြန်မြန်သွားပါလေ။
တစ်နေ့တစ်လှံ ပုဂံ ဘယ်ရွေ့(
မြန်မာစကားပုံ အားလုံးသိကြမှာပါ)
တစ်နေ့ တစ်လှမ်းပဲ လှမ်းပါက ရက်တွေများလာရင်တော့ ပုဂံကိုရောက်ပဲလို့ ရှေးလူကြီးတွေက မိန့်ခဲ့ခြင်းဖြစ်ပါလိမ့်မည်။ ဖြေးဖြေးခြင်း တစ်နေ့ကို တစ်လှမ်းပဲ လှမ်းဦးတော့ ကြာရင် အလှမ်းတစ်ရာ နှစ်ရာ စသဖြင့်တိုးလာ မှာပဲ ရပ်နေရင်တာ ဘယ်မှမရွေ့ပဲ ဘာမှလည်း ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။
ကျွန်တော် တို့ STEEMIT FAMILY များမှာလည်း တစ်နေ့ကို တစ်လှမ်းချင်းလှမ်းရင်း Steem Power တွေကို ဖြေးဖြေးချင်းစုရင်း လုပ်ဆောင်ရပါမည်။ တစ်ပတ်မှ တစ်ခါတာ 1sbd ဖိုး Power up ရတာ ဘာမှမဟုတ်ပါဘူးကွာ ဆိုပေမဲ့ တစ်လကနေ နှစ်လ ထို့နောက် တစ်နှစ်ဆိုရင် Power တွေတက်လာမှာပဲ။
ကျွန်တော် တို့လို့ New Steemit Users များအနေနှင့် တစ်လှမ်းချင်း လျှောက်လှမ်းရင်း စည်းစည်းလုံးလုံးနှင့် လုပ်ဆောင်သွားမယ်ဆိုရင် ဆရာကိုဟင်နရီ @kachinhenry လိုချင်တဲ့ အောင်မြင်တဲ့ MSC (Myanmar Steemit Community) ဖြစ်လာမှာပါဗျာ......
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Written by kokomoehein
MSC no.118