သူမအကြောင်း တစေ့တစောင်း-၅

ခင်မင်ရင်းနှီးမှုမှ အစပြုခဲ့သော သူမနှင့်ကျွန်တော်၏ ကြားတွင် သံယောစဥ် အုပ်မြစ်ကလေးပင် တည်နေပြီဖြစ်သည်။ သူမသည် ထက်မြက်သည်၊ ရည်မှန်းချက်ကြီးသည်၊ စာဖတ်ဝါသနာ ပါပြီး ပတ်ဝန်းကျင်ကို အမြဲစူးစမ်းလေ့လာတက်သည်။ ကျွန်တော်ကား အတွေးသမား၊ ဂီတကို...

5 years ago, comments: 2, votes: 6, reward: $0.02

ခင်မင်ရင်းနှီးမှုမှ အစပြုခဲ့သော သူမနှင့်ကျွန်တော်၏ ကြားတွင်
သံယောစဥ် အုပ်မြစ်ကလေးပင် တည်နေပြီဖြစ်သည်။
သူမသည် ထက်မြက်သည်၊ ရည်မှန်းချက်ကြီးသည်၊ စာဖတ်ဝါသနာ ပါပြီး ပတ်ဝန်းကျင်ကို အမြဲစူးစမ်းလေ့လာတက်သည်။ ကျွန်တော်ကား အတွေးသမား၊ ဂီတကိုမြတ်နိုးပြီး ပန်းချီဆွဲရတာ ဝါသနာပါသည်။ မတူညီသော အကျင့်စရိုက်နှစ်ခုသည် အတူတူ ပေါင်းမိနေခြင်းဖြစ်သည်။

1586251809016.jpg
Image credit

တစ်ခုသော နေ့လည်ခင်းတွင်ဖြစ်သည်။ ဝန်ထမ်းထမင်းစားဆောင် တွင် သူမနှင့်ကျွန်တော် မထင်မှတ်ပဲ နေ့လည်စာကို အတူတူ စားကြရင်း

ဟိုလေ... အစ်ကို့နာမည်က ကိုကိုမိုးဟိန်း မဟုတ်ဘူးလား။
(အစ်ကိုဟု ရိုသေတမှုဖြင့် ခေါ်လိုက်ခြင်းဖြစ်သည်)

ဗျာ... ဟုတ်ပါတယ်။ ကိုကိုမိုးဟိန်းပါ။

အဲ့ဒါဆို ဘာလို့ ကျော်မင်းလှိုင်လို့ ခေါ်ကြတာလဲ။

အော်... ဒါလား ကျော်မင်းလှိုင်ဆိုတာက ကျွန်တော့်ငယ်နာမည်ပါ။
မှက်ပုံတင်လုပ်တော့အဖေက နေ့နံမကိုက်လို့ ကိုကိုမိုးဟိန်း ဆိုပြီး ပြောင်းခဲ့တာပါ။ ဒီအလုပ်စရောက်တော့ နာမည်က တင်တင်စီးစီး
ဖြစ်နေလို့ဆိုပြီး ကျွန်တော့်ငယ်နာမည်ကိုပဲ ပြောင်းခေါ်ကြရင်းနဲ့ ကျော်မင်းလှိုင်လို့ အမည်တွင်သွားတော့တာပဲ။

အော်... အဲ့လိုလား ။ ကိုကိုမိုးဟိန်းဆိုတာကြီးကတော့ တင်စီးနိုင်လွန်းတယ်။ ညီမလည်း အစ်ကိုနဲ့အတူတူပဲ
ညီမရဲ့ငယ်နာမည်က အင်းကြင်းမေပေါ့ ၈တန်းရောက်တော့
မေမေက ခင်ချောစု ဆိုပြီး ပြန်ပြောင်းမည့်လိုက်တာ။

အော်.... ဘဝတူတွေပေါ့ ။

ဒါနဲ့ ညက အစ်ကို ဂစ်တာတီးပြီး သီချင်းဆိုတာ နားထောင်လို့ အရမ်းကောင်းတာပဲ။

အဲ့လောက်လဲ မဟုတ်ပါဘူး ကျေးဇူးပါ ။

ညီမလည်း ဂစ်တာတီးတက်ချင်လို့ သင်ပေးလို့ရမလား။

ရပါတယ် အကျွမ်းကြီးတော့ မဟုတ်ပေမဲ့ သင်ပေးလို့တော့ရပါတယ်
အခြေခံလောက်ပေါ့ ။

အဲ့ဒါဆို မနက်ဖြန်ညနေ ဂျူတီထွက်ရင် ဂစ်တာလိုက်ဝယ်ပေးပါလား။

1586252127501.jpg
Image credit

ဤတို့ဖြင့် အပြာရောင်ဂစ်တာလေးကို သူမအကြိုက်နှင့် ကျွန်တော့် အကြိုက် ပေါင်းပြီး ဝယ်လာခဲ့သည်။ ထို့နောက်တွင်တော့ ညနေခင်းတိုင်း ကျွန်တော်က သူမကို ဂစ်တာတီးသင်ပေး၊ သူမက ကျွန်တော်ဖတ်ဖို့ စာအုပ်တွေယူလာပေးလိုက်နှင့် တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှုများ ပို၍ပို၍ တိုးလာခဲ့သည်။

နောက်ပိုင်းတွင် သူမနှင့်ကျွန်တော်ဘယ်သွားသွားဘယ်လာလာ
တပူးပူးတတွဲတွဲဖြစ်လာသည်။ အလုပ်ထဲတွင်လည်း မဆုံ ဆုံအောင် စောင့်ကြရင်း နေ့လည်စာအတူတူ စားကြသည်။ အဆောင်မှာ ညနေခင်းတိုင်း ဂစ်တာတီးသင်ပေးနေကြပုံများ၊ ဂျူတီပြန်ရင်လည်း အတူတူပြန်ကြပုံများ အားလုံး၏ ပါးစပ်ဖျားတွင် ပြောစမှက်
ဖြစ်လာတော့သည်။

ဟဲ့ နင့်ကိုမေးရအုံးမယ် ခင်ချော်စုနဲ့ နင်နဲ့ သမီးရည်းစားတွေ ဖြစ်နေကြပြီဆို ။

ဟာ ပေါက်ပေါက်ရှာရှာ ။ မဖြစ်ရပါဘူးဗျာ။ သူနဲ့ကျွန်တော်က ရိုးရိုးသားသား ခင်မင်ကြတာပါ ။

မသိပါဘူး တစ်ဆောင်လုံးက နင်တို့နှစ်ယောက်ကို သမီးရည်းစား ဖြစ်နေကြတာလို့ ဝိုင်းပြောနေကြတာ။

အလုပ်ထဲက အမတစ်ယောက်မှ လာပြီးစပ်စုခြင်းဖြစ်သည်။
ခက်သည်ပဲ ပတ်ဝန်းကျင်က အမြင်နဲ့ တစ်ဖက်သက်ဆုံးဖြတ်ကြပြီး
တပုပ်လေလွင့် ပြောကုန်ကြပြီ။ ဒါတင်မကသေး ယောကျ်ားလေး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထဲတွင် ဝိုင်းဖွဲ့ပြီး စကားလက်ဆုံ ပြောကြရာတွင်လည်း သူမနှင့်ကျွန်တော်၏ အကြောင်းသည် ခေါင်ကြီးပိုင်းကပါသည်။

ဟယောင့်...မင်းနွားဖြစ်တော့မယ်ဆို ။

ဟ...ဘာလဲကွ မင်းစကားက အစမရှိအဆုံးမရှိ။ ငါကဘာလို့နွားဖြစ်ရမှာလဲ။

မင်းကလည်း နုံလိုက်တာ ၊ နွားဆိုတာက လူတွေရဲ့ ခိုင်းဘက်လေ။
အေ... ဒီလိုပဲ ဆော်တွေကလည်း ဘဲရပြီဆို နွားလို ခိုင်းကြတာကွ။
အဲ့တာကြောင့် မင်းကို နွားဖြစ်တော့မှာလားလို့မေးတာ။

ဟာ...မင်းတို့ထင်သလိုမဟုတ်ပါဘူး။ သူနဲ့ငါက ရိုးရိုးသားသား ခင်ကြတာပါကွာ။(ကျွန်တော်က ပြာပြာသလဲရှင်းပြပေမဲ့လည်း တစ်ယောက်မှ ယုံကြပုံမပေါ်)။ ဒါနဲ့ဘေးကတစ်ယောက်က

အေးပေါ့ကွာ ခုတော့ ဒီကောင်က နွားစစ်စစ်တော့ ဘယ်ဟုတ်သေးမလဲ။ အခုမှ ဒီကောင်က ချိုပေါက်ဖို့ အားယူနေတုန်း
ချိုစောင်းက ယားနေတုန်း၊ ပြောရမယ်ဆိုတော့ လူမသိသူမသိ
သမန်းနွားပေါ့ကွာ ဟား..... ဟား....ဟား....

ဟား..ဟာ.းးး သမန်းနွား...

အားလုံးဝိုင်းရယ်ကြတော့သည်။ တကယ်လည်းပေါက်ပေါက်ရှာရှာပြောတက်ကြသည့်ကောင်တွေ။

တော်ပြီကွာ မင်းတို့ ရှင်းပြနေလည်းအပိုပဲ...ငါသွားတော့မယ်။
ရှက်ရှက်နဲ့ကျွန်တော်လည်း လက်ဖက်ရည်ဆိုင်ထဲက ထထွက်လာတော့။

မောင်ကျော်... ဒေါ်ချောကိုစောင့်ပါဦး...

ကျွန်တော်လည်း ဒေါသဖြစ်ဖြစ်နဲ့ နောက်ပြန်လှည့်ကြည့်ကာလက်သီးဆုပ်ပြလိုက်လေသည်။
ဒင်းတို့ကလည်း လက်ဝါးပြန်ပြကာ ဟားကြလေတော့သတည်း။

နောက်ပိုင်းတွင် မောင်ကျော်နဲ့ ဒေါ်ချော ဇတ်လမ်းကိုဆက်ပါဦးမည်။

အရင်အပိုင်းဆက်များကို ဖတ်ချင်လျှင်>>>

IMG_20200331_213705.JPG

@myanmarkoko