သူမအကြောင်း တစေ့တစောင်း-၄

ညသည် ဘာကြောင့် အိပ်စက်ဖို့ ခက်နေပါသနည်း။ ဘယ်လောက် အူကြောင်ကြောင်နိုင်သော မေးခွန်းပါနည်း။ ​ကော်ဖီသောက်လို့များ အိပ်မပျော်တာလား ။ မဖြစ်နိုင်ချေ ညတိုင်း ကော်ဖီသောက်သော အကျင့်ကား မွေးရာပါ ဗီဇလိုပင်ဖြစ်နေသည်။ သို့သော် အိပ...

5 years ago, comments: 6, votes: 12, reward: $0.11

ညသည် ဘာကြောင့် အိပ်စက်ဖို့ ခက်နေပါသနည်း။
ဘယ်လောက် အူကြောင်ကြောင်နိုင်သော မေးခွန်းပါနည်း။
​ကော်ဖီသောက်လို့များ အိပ်မပျော်တာလား ။
မဖြစ်နိုင်ချေ ညတိုင်း ကော်ဖီသောက်သော အကျင့်ကား
မွေးရာပါ ဗီဇလိုပင်ဖြစ်နေသည်။ သို့သော် အိပ်မရသော ညဟူ၍
မရှိခဲ့။ ဒါဆို ဘာကြောင့် အိပ်မရပါသနည်း။ တစ်ခုပဲရှိသည်။
ယနေ့ နေ့လည်က ဖြစ်ပျက်သွားခဲ့သော အဖြစ်ပျက်များက
ရုပ်ရှင်ကြည့်နေရသလို ခနခန အမြင်အာရုံတွင် ပေါ်ပေါ်လာခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

1585822129417.jpg
Image Credit

အမှားဆိုသော ခေါင်းစဥ်တစ်ခုကလည်း မိမိအား ခြောက်လှန့်နေသလို-

မင်းမှားတယ်၊ မင်းသိပ်မှားတယ်။ မှားမှန်းသိရက်နဲ့
ကိုယ့်အမှားကိုဝင်မခံရဲရင် မင်းလူမဟုတ်ဘူး။

ယနေ့ နေ့လည်က staff cantin တွင် စားလက်စကိုရပ်ကာ
ထပြန်ခဲ့ခြင်းသည် အတော်လူမှုရေးခေါင်းပါးသော လုပ်ရပ်ဖြစ်ကြောင်း ယခုမှ မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ရင်း သိလာခဲ့သည်။ ထို့ကြောင့် မနက်ဖြန်တွေ့လျှင်တော့ ဒီကိစ္စကို ပြန်တောင်းပန်ရမည်။ ထိုကဲ့သို့ ဆုံးဖြတ်လိုက်မှ အိပ်စက်ဖို့ အားထုတ်စရာမလိုပဲ ပေါ့ပေါ့ပါးပါး အိပ်ပျော်သွားလေသည်။

ဒီနေ့ ညနေခင်းဂျူတီ ဖြစ်သည်။ အလုပ်ဝင်ကတည်းက လည်ပင်းမှာ ​ကျောက်ခဲတုန်းကြီး ဆွဲထားသလို
စိတ်ထဲတွင် လေးလေးပင်ပင်ကြီးခံစားနေရသည်။ တောင်းပန်ဖို့ ကိစ္စပင်ဖြစ်သည်။ သူမနှင့်တွေ့လျှင် မနေ့က မိမိမှားသွားကြောင်းဝန်ခံတောင်းပန်မည်။ ဘာ့ကြောင့်လဲလို့ မေးရင်
ဘယ်လိုဖြေရမည်နည်း။ ဒီ့အတွက်ဘယ်လိုအကြောင်းပြချက် ပေးရမလဲ။ ထမင်း စားရတာ မကောင်းလို့ ပြောလိုက်ရမလား။ မဖြစ်သေးပါဘူး ။ ဒါဆိုဘယ်လို ပြောရမလဲ။ အင်းသိပြီ။ အလုပ် ကိစ္စ အရေးကြီးတာ လုပ်ဖို့မေ့နေလို့ သတိရလို့ ကမန်းကတန်းထသွားရတာပါ။ လူမှုရေးခေါင်းပါးသလိုဖြစ်သွားရင် တောင်းပန်ပါတယ် ။ ဟုတ်ပြီ ဒီလိုပဲ တောင်းပန်လိုက်မယ်။

ကံကောင်းသည်က သူမသည်လည်း ညနေခင်းဂျူတီ ဖြစ်သည်။
ကိုသီဟ နှင့်အတူ ဂျူတီကျသည်။ သွား၍တောင်းပန်သော အချိန်တွင် ကိုသီဟ မရှိမှ သင့်တော်လိမ့်မည်။ ထို့ကြောင့် ကောင်တာရှေ့တွင် အကြောင်းမရှိ အကြောင်းရှာရင်း ဖြတ်သွားဖြတ်လာလုပ်နေမိသည်။

ည​နေခင်း ၇နာရီခွဲလောက်တွင် Room Report ကိုကိုင်ရင်း ကောင်တာနားသို့ ဖြတ်လျောက်သောအခါ ကိုသီဟ မရှိကြောင်းသိ၍
အချိန်ကောင်းဟု တွေးလိုက်ပြီး ကောင်တာသို့ ဦးတည်လျောက်သွားလိုက်သည်။

1585822447319.jpg
Image Credit

Good evening...

Good evening ပါရှင်...

Room report လာပို့တာပါ...

ဟုတ်ကဲ့ ရှင့်...

ကျွန်တော့်ဆီက Room report ကိုသူမက ယဥ်ကျေးစွာဖြင့်လှမ်းယူသည်။ ရုတ်တရက် သူမ၏ လက်နှင့် ကျွန်တော်၏လက် ရှက်ထိမိသွားသည်။ ဘယ်လိုဖြစ်သွားသည်မသိ။
ကျွန်တော့်မှာ လေဟာနယ်ထဲ လွင့်မျှောသွားသလို ခံစားလိုက်ရသည်။
ထူးဆန်းလိုက်တာ...

သူမကိုလှမ်းကြည့်တော့ မျက်နှာမှာ တည်နေသည်။ သေချာပါသည်။
မနေ့က ကိစ္စကြောင့် စိတ်ဆိုးနေခြင်းဖြစ်မည်။

ဟိုလေ ...

တောင်းပန်ဖို့ စကားစလိုက်သည်။ သူမက Report ကိုစစ်နေရင်း
ကျွန်တော့်အားလှမ်းကြည့်သည်။ ဟာ သိပ်လှတဲ့မျက်ဝန်း...

မနေ့က ကိစ္စတွက် တောင်းပန်ပါတယ်...

ဘာကိစ္စလဲရှင့်....

သူမက နားမလည်သော အကြည့်ဖြင့် မေးသည်။ ကြည့်စမ်း
မိန်း​ခ​လေးတွေများသိပ်ဟန်ဆောင်ကောင်းတာပဲ။ ဒါကြောင့် ရှေးလူကြီးတွေက မိန်းမ မာယာ သဲကိုးဖြာ လို့ပြောခဲ့ခြင်းဖြစ်မည်။

ဒီလိုလေ မနေ့က ထမင်းစားနေရင်း ကျွန်တော်ရုတ်တရက်ထသွားတာ
ရိုင်းတဲ့ အပြုမူမျိုးဖြစ်သွားတယ်။ တကယ်တော့ အရေးကြီးတဲ့ အလုပ်ကိစ္စ လုပ်ဖို့မေ့နေတာကို သတိရသွားလို့ ချက်ချင်းအရေးတကြီး ထသွားမိတာပါ...

အော် ဟုတ် ရပါတယ် ၊ ကျွန်မစိတ်ထဲမထားပါဘူး...

စိတ်မဆိုးဘူးမို့လား...

မဆိုးပါဘူးရှင်...

ဟုတ်ကဲ့ ကျေးဇူးပါ...

သူမက ပြုံးပြရင်း စိတ်မဆိုးကြောင်းပြန်ပြောမှ ကျွန်တော်၏ ရင်ဘက်တွင် စို့နေသော အလုံးကြီးကျသွားတော့သည်။ ထိုစဥွ်
ကိုသီဟ ပြန်ရောက်လာသည်မို့ နှုတ်ဆက်လိုက်သည်။

ထို့နောက် သူမမှာ Report အား သေသေချာချာ စစ်ဆေးပြီး
ကျွန်တော့်အား မိတ်တူတစ်ရွက်ပြန်ပေးသည်။ ကျွန်တော်လည်း ပြီးတာနှင့် ကောင်တာမှထွက်လာခဲ့သည်။

ဒီနေ့ညသည် မနေ့ညကနှင့်မတူ လွပ်လပ်ခြင်းဆိုသော အရသာကို
ပိုမိုခံစားရ၏ ။ မဝိုင်းမစက် လမင်းသည်လည်း အဆောင်ခေါင်မိုး ထိပ်မှာ သာနေ၏။ ဆောင်းဝင်တော့မည်ဖြစ်သောကြောင့် ခပ်အေးအေးလေးဖြစ်နေသည်။

ဂစ်တာကို တီးခေါက်ရင်း ဆိုညဥ်းနေမိသော သီချင်းစသားက
အောင်လ ရဲ့ တောင်းပန်တယ်။

ငါမှားတာရှိရင်.....တောင်းပန်ပါတယ်...

1585822656812.jpg
Image Credit

ဆက်ပါဦးမည်

အရင်အခန်းဆက်ကိုဖတ်ရန်>>>၁

အရင်အခန်းဆက်ကိုဖတ်ရန်>>>၂

အရင်အခန်းဆက်ကိုဖတ်ရန်>>>၃

@myanmarkoko