သူမအကြောင်း တစေ့တစောင်း-၂

ဖြစ်ပုံကား ဒီလိုပင် - ၂၀၁၃ ခုနှစ် အောက်တိုဘာလ ခန့်ကဖြစ်မည်။ ဝန်ထမ်း အဆောင်သို့ ကောင်မလေးတစ်ယောက် ပြောင်းရွေ့လာခဲ့သည်။ ကျနော်သည် ​အလုပ်ပြီးသွားပြီဖြစ်၍ အဆောင်ဝန်ရံတာထွက် အနားယူနေချိန် ထိုကောင်မလေး ပစ္စည်းများသယ်လာတာကို မြင်...

5 years ago, comments: 4, votes: 9, reward: $0.19

ဖြစ်ပုံကား ဒီလိုပင် -

၂၀၁၃ ခုနှစ် အောက်တိုဘာလ ခန့်ကဖြစ်မည်။ ဝန်ထမ်း အဆောင်သို့ ကောင်မလေးတစ်ယောက် ပြောင်းရွေ့လာခဲ့သည်။ ကျနော်သည်
​အလုပ်ပြီးသွားပြီဖြစ်၍ အဆောင်ဝန်ရံတာထွက် အနားယူနေချိန်
ထိုကောင်မလေး ပစ္စည်းများသယ်လာတာကို မြင်၍ ဝန်ထမ်းကောင်မလေး အသစ်တစ်ယောက် ရောက်လာပြန်ပြီဟု အတပ်တွေးမိလိုက်သည်။

ဟိုတယ် အလုပ်ကိုင်တွင် ဝန်ထမ်းဟောင်းများထွက်သွားလိုက် ၊ နောက်ထပ်အသစ်များ ဝင်လာလိုက်ဖြစ်ခြင်းမှာ အဆန်းမဟုတ်ပေ။
ကျနော်သည် ဤ Ruparmandalar ဟိုတယ်မှ အိပ်ခန်းဆောင်ဌာန (Housekeeping Department) တွင် လုပ်ကိုင်လျှက်ရှိသည်မှာ တစ်နှစ်နီးပါးမျှ ကြာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် မန်းလေးမြို့နှင့် အသားကျနေသလို၊ အလုပ်ထဲတွင်လည်း
အတော်ကျွမ်းကျင်လျှက်ရှိလေပြီ။ တစ်ဟိုတယ်လုံး ဝန်ထမ်းအယောက်ပေါင်း တစ်ရာကျော်ရှိရာ အားလုံးနှင့်လည်း သိကျွမ်းပြီးဖြစ်သည်။

IMG_20190823_155131.jpg

ယခုတလောတွင် Reception counter မှ မအိမျိုးသွယ်
ထွက်သွားခြင်းကြောင့် သူမ၏ နေရာအစားခန့်အပ်ဖို့ ဝန်ထမ်းသစ်တစ်ယောက် ရောက်လာခြင်းဖြစ်ပေလိမ့်မည်။
ကျနော်သည် သူမကို ဝရန်တာမှ လှမ်းကြည့်
နေလိုက်သည်။ ကူညီရန်လည်း မလိုပေ။ သူမရောက်လာသည်နှင့် အဆောင်မူးမှ
မိန်းခလေးဆောင်ဘက်သို့သူမအား နေထိုင်ရမည့်အခန်းအား လိုက်ပြပေးသည်။ ထို့နောက် သူမ၏ဆိုင်ကယ်ပေါ်မှ ပစ္စည်းများအား
အခန်းဖော်ဟု ထင်ရသော မအိဆွေမှ ကူသယ်ပေးလျက်ရှိသည်။
ကျနော်သည်လည်း အဆောင်တွင်းသို့ ပြန်ဝင်ကာ သောက်လက်စကော်ဖီကို ပြန်သောက်နေလိုက်သည်။

ဤသို့ဖြင့် အလုပ်ထဲ ညနေ Evening Shift ဂျူတီကျသော
အခါ Reception counter သို့ Rooms Report တင်ရန်
လာခဲ့သည်။ Counter တွင် ဟိုနေ့က အဆောင်တွင် တွေ့ခဲ့ရသော
ဝန်ထမ်းသစ် ကောင်မလေးနှင့် ကိုသီဟ Supervisor တို့ တာဝန်ကျနေကြောင်း လှမ်းမြင်၍ သိလိုက်ရသည်။

Counter သို့ရောက်သောအခါ ဟိုတယ်ဝန်ထမ်းများ၏ တစ်ယောက်နှင့်တစ်ယောက် တွေ့လျှင် နှုတ်ဆက်ရမည် ဝတ်တရား အတိုင်း နှုတ်ဆက်လိုက်သည်။

Good Evening ကိုသီဟ

Good Evening ညီ
Report လာတင်တာလား ညီ

ဟုတ်ကဲ့

ဝန်ထမ်းအသစ်ကောင်မလေးကိုတော့ နာမည်မသိသေးတာက တစ်ကြောင်း မရင်းနှီးသေးတာက တစ်ကြောင်းမို့ ပြုံးရုံသာ ပြုံးပြလိုက်သည်။

သူမကလည်း ပြန်လည်ပြုံးပြသည်။ သွားကလေးနဲနဲခေါသည်ဟု ထင်ရပေမဲ့ ထိုအပြစ်နာကလေးသည် သူမ၏အပြုံးအောက်တွင် ပျောက်ကွယ်သွားသည်။ သူမသည် ခပ်တည်တည်နေလျှင်
မာနကြီးသလိုလို၊ ဟိတ်ကြီးဟန်ကြီးနိင်သလိုလိုထင်ရပေမဲ့
ပြုံးလိုက်သောအခါ ထိုအရာများ ခဝါချသလို ပျောက်ကွယ်သွားပြီး
ခင်မင်ရင်းနှီး ပွင့်လင်းရိုးသားမှုများဖြင့် သူမ၏မျက်နှာသည်
ရွှင်လန်းသွား၏။

ကိုသီဟမှ သူမအား မည်သို့မည်ပုံ Report အားလက်ခံရကြောင်း၊
မည်ကဲ့သို့ စစ်ဆေးယူရကြောင်းပြေပြနေသည်။ သူမကလည်း စိတ်ဝင်တစား လေ့လာသင်ယူနေလေသည်။ ကျနော်၏ အကြည့်သည်လည်း သူမကို အကဲဖတ်လျှက်ရှိသည်။ သူမ၏ အသားရေသည် ဖြူဝင်းပြီး ညှပ်ညှပ်ကလေးဖြစ်သည်။

1585641713846.jpg
Image Credit>>>
မျက်ခုံးမွှေးမှာ ထူကာနက်၏ မျက်ခုံးမွှေးနှစ်ခုမှာ စပ်တော့မလိုမျိုးဖြစ်နေ၏ နှာတံလေးမှာ ဖြောင့်စင်းသည်။ မေးရိုးမှာ လေးထောင့်ကျကာ မေးစေ့မှာ ချွန်ချွန်ကလေးဖြစ်သည်။
ဆံပင်ကားမည်မျှရှည်ကြောင်း မသိပေ။
အကြောင်းမှာ ဟိုတယ်ဝန်ထမ်းမိန်းခလေးတိုင်း အတိုညှပ်လျှင် ဂုတ်အထက်တာခွင့်ပြုပြီး ဂုတ်နှင့်မထိရပေ။ အရှည်ဆိုလျှင်ကား မည်သည့်​​နေရာမှ မကျအောင် ဆံထုံး ထုံးကာ ဆံအုပ်နှင့် ​သေသေချာချာ သပ်သပ်ရပ်ရပ် စုစည်းကာအုပ်ထားရသည်။ သူမ၏
ဆံပင်များသည် ဆံထုံးထုံးထားသည့်ကြားက နားထင်မွှေးအနည်းငယ်ကျနေသည်ကို ထောက်လျှင် ဆံပင်ရှည်ပုံတော့မရပါ။

ကိုသီဟမှ Report ကို မူရင်းအားယူထားပြီး
မိတ်တူ အားပြန်ပေးပြီး အကုန်မှန်ကြောင်းပြောသည်။
ဒီလိုနှင့် ကျနော်၏ သူမအားအကဲဖြတ်ခြင်းကိုရပ်ကာ နှုတ်ဆက်ပြီး
Counter မှပြန်လာခဲ့လေသည်။

ဆက်ပါဦးမည်...
အခန်းဆက်အားစောင့်မျှော်ဖတ်ရှူပါရန်>>>

အရင် အခန်းဆက်ကိုဖတ်ရန်>>>

myanmarkoko✍