သူမအကြောင်း တစေ့တစောင်း

ကမ္ဘာတဝန်းတွင်ဖြစ်ပေါ်နေသာ Covid-19ရောဂါကြောင့် အလုပ်မှ ခွင့်ရက်ရှည်ယူကာ အနားယူနေရပါသည်။ လူတိုင်းနီးပါး အလုပ်လက်မဲ့ များဖြစ်ကြရပြီး အခက်ခဲအကြပ်တည်းများနှင့် ရင်ဆိုင်နေရချိန်လည်းဖြစ်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကတော့ ကြုံတွေ့နေရ...

5 years ago, comments: 4, votes: 9, reward: $0.18

ကမ္ဘာတဝန်းတွင်ဖြစ်ပေါ်နေသာ Covid-19ရောဂါကြောင့်
အလုပ်မှ ခွင့်ရက်ရှည်ယူကာ အနားယူနေရပါသည်။ လူတိုင်းနီးပါး အလုပ်လက်မဲ့ များဖြစ်ကြရပြီး အခက်ခဲအကြပ်တည်းများနှင့် ရင်ဆိုင်နေရချိန်လည်းဖြစ်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကတော့ ကြုံတွေ့နေရသော အခက်ခဲ
များကို အခွင့်အလမ်းအဖြစ်ပြောင်းလဲဖို့ရန် အစီစဥ်များဆွဲရပါသည်။
ကျနော်၏ အစီစဥ်မှာ ရိုးရှင်းပါသည်။
၁။ စာဖတ်မည်။
၂။ စာရေးမည်။
၃။ ဂျပန်စာလေ့လာမည်။
၄။ အိမ်မှာနေရင်း တက်စွမ်းသလောက်အိမ်အလုပ်လုပ်ကူမည်။

ကျနော်၏ အစီစဥ်အတိုင်း ယနေ့တွင် စာကြည့်တိုက်သွား၍ စာအုပ်များငှားခဲ့ပါသည်။ အမှန်တိုင်းဝန်ခံရလျှင် ကျနော်သည် စာဖတ်အားကောင်းခဲ့သော လူငယ်တစ်ယောက်မဟုတ်ခဲ့ပါ။ မရှက်တမ်းဝန်ခံရလျှင် စာပေများကို အသက် ၂၀ ကျော်လောက်မှသာ စ၍ဖတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အစဥ်တစိုက်ဖတ်ရှူနေခဲ့ခြင်းမျိုး မဟုတ်ပေ။ စိတ်ပါမှသာ ဖတ်ရှူခဲ့သည်။ ထို့ကြောင့် စာပေနယ်ပယ်၌ နံ့စပ်ခြင်းမျိုးမရှိပေ။ ဖတ်ခဲ့သော စာပေများမှာ အောင်မြင်ရေးစာပေ(တက်ကြမ်း)များသာဖြစ်သည်။ ရသ စာပေထဲတွင်တော့ ဆရာမဂျူး၏ စာများနှင့်သာ ရင်းနှီးခဲ့ရသည်။

IMG_20200330_175126.jpg

ဆရာမဂျူး၏ စာပေးများနှင့် စတင်မိတ်ဆက်ပေးခဲ့သူကား တစ်ခြားမဟုတ် ကျနော်၏ ဘဝကိုပြောင်းလဲ​​စေခဲ့သူ
သို့မဟုတ် အတွေးခေါ်များကို ပြောင်းလဲပေးခဲ့သူ မိန်းခလေးတစ်ဦးပင်ဖြစ်သည်။ သူမသည် ရုပ်ရည်ချောမောလှပသူ မဟုတ်ပေမဲ့ ချစ်ခင်ဖွယ်ဖြစ်ပြီး လူချစ်လူခင်ပေါများလှသည်။
ထက်မြတ်သူတစ်ဦးဖြစ်ပြီး သွက်သွက်လပ်လပ် ပေါ့ပေါ့ပါးပါးဖြစ်သည်။ ပေါ့ပေါ့ပါးပါး ဆို၍ ပေါ့ပေါ့နေ ပေါ့ပေါ့စားခြင်းကိုဆိုခြင်းမဟုတ်၊ အရာရာကိုစူးစမ်းလိုစိတ်ရှိပြီး အစဥ်​မြဲလန်းဆန်း တက်ကြွနေတက်သော သူမဖြစ်သည်။

ခတ်နှင့်အညီ လိုက်လျောညီထွေစွာ ဝတ်ဆင်တက်ပြီး ဂီတကို စိတ်ဝင်စားသူတစ်ဦးလည်းဖြစ်သည်။ မိန်းကလေးပေမဲ့ အရှက်ကြောက်ကြီးသူမျိုးမဟုတ်ပဲ အပေါင်းသင်းဝင်ဆံ့သူဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စာပေများကို လေ့လာလိုက်စားပြီး အောင်မြင်မှုများကို ရရှိရန် ရည်မှန်းချက်ကြီးသော သူမဖြစ်လေသည်။

သူမအကြောင်းနှင့် စာဖတ်ဝါသနာ ပါလာပုံများကို နောက်အပိုင်းတွင်
ဆက်လက်ဖော်ပြပါဦးမည်>>>

@myanmarkoko