တစ်နေ့သော နေ့လည်ခင်းတွင်ဖြစ်သည်။ ကျွန်တော်၏ အလုပ်များပြီးစီးပြီမို့ နေ့လည်စာ စားရန် ဝန်ထမ်းထမင်းစားဆောင် Staff cantin သို့လာခဲ့သည်။ ဒီနေ့အတွက် menus မှာ
ဝက်သားမျစ်ချဥ် ချက်နှင့် ကန်ဇွန်းရွက် ကြော်ဖြစ်သည်။
မဆိုးပေ အကြိုက်တော့ မဟုတ်ပေမဲ့ စားကောင်းပေသည်။
ကျွန်တော် လာစားသည့် အချိန်ကပဲ စောနေ၍လားမသိ လူရှင်းနေသည်။ ထမင်း သုံးလေးလုပ်လောက် စားအပြီးတွင်
"ထိုင်လို့ရမလားရှင်" ဟု မေးလိုက်သံကြောင့် အသံရှင်ကိုမော့ကြည့်မိလိုက်သည်။ ယခုတလောမှ ဝင်ရောက်လာသော ဝန်ထမ်းကောင်မလေးသစ် တစ်ယောက်ဖြစ်နေသည်။
အော်.... ဟုတ်ရပါတယ်
ကျေးဇူးပါ ရှင်...
ရပါတယ်ဟုတာ အားနာလို့ပြောလိုက်ခြင်းဖြစ်ည်။ တကယ်တမ်းဆိုလျှင် မိမိမှာ မည်သည့် ကောင်မလေးသူစိမ်းနှင့်မှ အတူတူ ထမင်း စားဖူးသူမဟုတ်၊ မိန်းခလေးများ၏ အပြစ်ကြောင့် မဟုတ် မိမိဘာသာ ရှက်သောကြောင့်ဖြစ်သည်။ ငယ်ငယ်တည်းက ခုချိန်ထိ မိန်းခလေး သူငယ်ချင်းများ မထားခဲ့ဖူးပေ။ မိန်းမဆိုလို့ ယင်မတောင်သန်းခဲ့ဖူးသည်မဟုတ်။
နာမည်ဘယ်လိုခေါ်လဲ ရှင့်...
သူမက စပြီးမိတ်ဆက်လာသောကြောင့် စားလက်စကို ခနရပ်ကာ
ပြန်မိတ်ဆက်လိုက်ရသည်။
ကိုကိုမိုးဟိန်း ပါ...
ကျွန်မနာမည်က ခင်ချောစုပါ...
ကျွန်တော်လည်း မမေးပဲနှင့် သူ့အလိုလို လာမိတ်ဆက်နေသည်။
မကောင်းတက်သောကြောင့် ဟုတ်ကဲ့ ဟု ပြန်ဖြေလိုက်ရသည်။
ဒါနဲ့ အသက်ကဘယ်လောက်လဲ...
ထပ်ပြီးအတွန့်တက်ကာ မေးပြန်သည်။ မိမိမှာ နဂိုတည်းကမှ စိတ်ကျင်းကျပ်ရသည့် အထဲ တိုတိုတုတ်တုတ်သာ ဖြေလိုက်သည်။
လေသံကတော့ နဲနဲမာသွားမည်ထင်သည်။
၂၁ ...
အော်... ကျွန်မနဲ့တူတူပဲ၊ ကျွန်မက လာမဲ့ နိုဝင်ဘာဆို ၂၁ ပြည့်ပြီ။
အော်ဟုတ်....
ကျွန်တော်မှာ တော်တော် အနေရကျပ်လာသည်။ ယခုလိုမျိုး မိန်းခလေးရှေ့တွင် ဘာတုန်းကမှ ထမင်းထိုင်စားဖူးသည်မဟုတ်။
ဟိုနားက ယားသလိုလို၊ ဒီနားကယားသလိုလိုဖြစ်လာသည်။
ခုနတုန်းကထက် ပို၍နေရခက်လာသည်။ သူမမှာလည်း အသံတိတ်ဆိတ်နေသည်။ ကျွန်တော် မကြိုက်မှန်းသိလို့ ဆက်မပြောတော့တာလည်း ဖြစ်နိုင်သည်။ ဒီလိုနှင့် ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်သည်။
ဆက်ပြီး ထမင်းထိုင်စားနေဖို့ မဖြစ်နိုင်တော့တာကြောင့် ချက်ချင်း စားလက်စကိုရပ်ကာ ထပြန်လာခဲ့သည်။ သူမ မည်သို့ထင်မည်နည်း။
ဂရုမစိုက်ပေ။ စိတ်ကျင်းကျပ်နေတာမို့ ထပ်ပြီး ဟန်ဆောင်ပန်ဆောင် မစားနိုင်တော့ပေ။
ပြန်လာခဲ့သည့် လမ်းတစ်လျောက်လုံး နောက်သို့ပြန်လှည့်မကြည့်မိခဲ့ပေ။ သူမကရော ကျွန်တော့်ရဲ့ ပုံစံကိုကြည့်ပြီး အံသြနေမလား။ တော်တော် လူမှုရေးခေါင်းပါးတာပဲ ဟု ထင်သွားမလား၊ သူမကိုယ်သူမ ရှက်၍သွားမလား။ မပြောတက်ပေ။ ဌာနထဲသို့ ပြန်ရောက်သောအခါ သေသေချာချာ
ပြန်စဥ်းစားကြည့်မိသည်။
ငါ့လုပ်ရက် မှားများ မှားသွားပြီလား?
ဆက်ပါဦးမည်...
myanmarkoko✍