သူမအကြောင်း တစေ့တစောင်း-သိမ်း

သူမ၏ day off နားရက်နှင့် ကျွန်တော်၏ နားရက်မှာ Thursday အတူတူပင်ဖြစ်သည်။ အစကတော့မတူပေ။ ဂစ်တာတီးသင်ရတာ ပိုအဆင်ပြေအောင် နားရက်ကို သူမက ရွေ့ပြောင်းလိုက်ခြင်းဖြစ်သည်။ နွေပူပူ၏ နေ့လယ်ခင်းတွင် နားရက်မို့ သူမအား အဆောင်တွင်ဂစ်တာတီး ...

5 years ago, comments: 4, votes: 17, reward: $0.19

သူမ၏ day off နားရက်နှင့် ကျွန်တော်၏ နားရက်မှာ Thursday အတူတူပင်ဖြစ်သည်။ အစကတော့မတူပေ။
ဂစ်တာတီးသင်ရတာ ပိုအဆင်ပြေအောင် နားရက်ကို
သူမက ရွေ့ပြောင်းလိုက်ခြင်းဖြစ်သည်။ နွေပူပူ၏ နေ့လယ်ခင်းတွင်
နားရက်မို့ သူမအား အဆောင်တွင်ဂစ်တာတီး သင်ပေးနေသည်။

1586328806916.jpg
Image credit

ကီးကိုင်တဲ့အခါ နဲနဲအားစိုက်ပြီးဖိဖို့လိုတယ် အဲ့ဒါမှ အသံကောင်းကောင်းထွက်ပြီး နားထောင်လို့ကောင်းမှာ။

ဖိတာပဲ လက်တွေလဲ နာလှပြီ။ ကြည့်တော့ လွယ်မလိုနဲ့
တကယ်တီးကြည့်တော့ အရမ်းခက်တာပဲနော်။

ဘယ်ပညာမဆို ခက်တာကြီးပါပဲ ။ လွယ်လွယ်နဲ့တော့ ဘယ်တက်မလဲ။

အင်းပါဆရာရယ် ကျမကြိုးစားပါ့မယ်။(စပ်ဖြဲဖြဲလေးနှင့် ပြောသည်)

သူမလေ့ကျင့်နေတာ တော်တော်ကြာနေပြီမို့ ခန နားကာ ထွေရာလေးပါးစကားပြောကြရင်း

အစ်ကို ညီမတို့ အခေါ်ဝေါ်တွေပြောင်းကြရအောင် ခုလိုကြီး
အစ်ကို၊ ညီမ ခေါ်နေကြတော့စိမ်းနေသလိုကြီး။

အင်း ညီမက ဘယ်လိုခေါ်ဖို့စဥ်းစားထားလို့လဲ။

ဟိုတစ်နေ့က အလုပ်ထဲက အမကစနေတာ။ နင်တဲ့ ကျော်မင်းလှိုင်နဲ့ဖြစ်နေတာမလားတဲ့။ မဖြစ်ပါဘူး ရိုးရိုးသားသား ခင်တာပါလို့ပြောတာ။ မယုံကြဘူး။ အေးပေါ့အေတဲ့ ငါတို့ရှေ့တော့
အစ်ကိုလို့ ခေါ်တာပဲ ကွာရာမှ ကိုကျော်ပေါ့အေတဲ့ အဲ့လိုလာစနေကြတာ။ အဲ့တာနဲ့ ညီမလည်းရွဲ့ပြီး ကိုကျော်လို့ မခေါ်ဘူး မောင်ကျော်လို့ ခေါ်တာလို့ ပြောပစ်လိုက်တာ အဲ့ဒါမှ သူတို့လည်း ဘာမှပြန်မပြောနိုင်တော့ပဲ ပါးစပ် ပိတ်သွားကြတာ။

ကြည့် သူမသည်၊ ကလေးကဲ့သို့ တခါတလေ အရွဲ့တိုက်တက်သေးသည်။ မိမိမှန်တယ်ထင်လျှင်လည်း ဘယ်သူ့ကိုမှ အားမနက်တက်သူမျိုးဖြစ်သည်။

အဲ့လိုပြောပစ်မှ တော်ရာကျမှာ မဟုတ်ရင် သူတို့က လိုက်စနေကြမှာ။
ဒါနဲ့ အဲ့လိုခေါ်လို့ရတယ်မလား မောင်ကျော်လို့။

ရပါတယ် ၊ ခေါ်လို့ရပါ်တယ်။ ကျွန်တော်ကရော ဘယ်လိုခေါ်ရမလဲ။

အင်းကြိုက်သလိုခေါ်လေ။

အချောလို့ ခေါ်ရမလား။ အင်းမဖြစ်သေးပါဘူး။ ဒေါ်ချောဆိုရင်ရော။

ဟာ ဒေါ်တက်ခေါ်တော့ အသက်ကြီးသလိုဖြစ်သွားမှာပေါ့ ။ အဆောင်က ကလေးတွေဆို မုန့်ကျွေးပြီး မမလို့ ခေါ်ခိုင်းတာ။

အော် ဒေါ်ချောလို့ခေါ်တာက ညီမက စာတွေဖတ်တယ် ဗဟုသုတရှိတယ်။ အဲ့ဒီဂုဏ်တွေကို လေးစားတမှုနဲ့ ခေါ်တာပါ။

အင်းပါ မောင်ကျော်ကြိုက်သလိုတာခေါ်တော့။

1586329232390.jpg
Image credit

ဒီလိုနှင့် သူမကဒေါ်ချော၊ ကျွန်တော်ကမောင်ကျော်ဖြစ်လေတော့သည်။ သူမက ကျွန်တော့အား
စာဖတ်ဖို့ အမြဲတိုက်တွန်းတက်ပြီး စာအုပ်တွေလည်းယူလာ ပေးတက်သည်။ သူမအကြိုက်ဆုံးစာရေးဆရာမ မှာ ဆရာမဂျူး ဖြစ်သည်။ ကျွန်တော်ကတော့ သူမက စာအုပ်ယူလာပေးပြီးဖတ်ခိုင်းမှသာ ဆရာဂျူး၏ စာအုပ်များနှင့် ရင်းနှီးခွင့်ရခဲ့သည်။

သူမကရည်မှန်းချက်ကြီးသူပီပီ ကျွန်တော့်အား ရည်မှန်းချက်ထားဖို့
အမြဲပြောသည်။

မောင်ကျော်က ဘာဖြစ်ချင်တာလဲ။

အင်း ဘာဖြစ်ခြင်းမှန်းကိုမသိပါဘူး။ အဆင်ပြေသာတစ်ခုခုတော့ လုပ်မှာပေါ့ဟု ပေါ့ပျက်ပျက်ဖြေလျှင် ဒေါ်ချောကမကြိုက်ပေ။

အဲ့လိုပြောလို့မရဘူးလေ မောင်ကျော်ကလဲ။ စကားတောင်ရှိသေးတာပဲ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာတဲ့။ ငါးတွေက ရေကူးရင်းရှင်သန်ကြတယ်။ ငှက်တွေက ပျံသန်းရင်းနဲ့ရှင်သန်​ကြတယ်။ လူတွေကလည်း မျှော်လင့်ရင်းနဲ့ အသက်ရှင်ရတယ် တဲ့။

အင်း ဒေါ်ချောကတော့ စာအုပ်ကြီးလို့မပြောရဘူး။ တော်တော် အပြောကောင်းတယ်။

ဟာ မောင်ကျော်နော် စာအုပ်ကြီးလို့ မ​ခေါ်နဲ့လို့ ဘယ်နှစ်ခါပြောရမလဲ။ မကြိုက်ပါဘူးဆို။ ဒေါ်ချောက စာအုပ်ကြီးပဲဖတ်ပြီးပြောတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ နှိုင်းစပြီး ယုံသင့်မှ ယုံတာ။ ရေးသမျှစာ ပြောသမျှစကားတွေကိုလဲ
အဟုတ်ကြီးဆိုပြီး မယုံတက်ဘူး။ မောင်ကျော်လည်း စဥ်းစားပေါ့
ဒေါ်ချောပြောတာ ယုံသင့်မယုံသင့်။

စိတ်ဆိုးလို့လဲမဟုတ်၊ စေတနာဒေါသောနှင့် ပြောနေခြင်းဖြစ်ကြောင်း
ကျွန်တော်နားလည်လိုက်သည်။ ထို့ကြောင့် မိမိစကားကို ပြန်တောင်းပန်လိုက်ရသည်။

သူမနှင့်တွေ့ပြီးနောက်ပိုင်း၊ ကျွန်တော့်တွင်ရည်မှန်းချက်များရှိလာပြီ။
ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေ၊ စသဖြင့် စဥ်းစားတွေးခေါ်တက်လာသည်။

ဒေါ်ချောနှင့်မောင်ကျော်တို့နှစ်ယောက်၏ ရင်းနှီးခင်မင်မှုထက် နဲနဲကလေးပိုသော မေတ္တာသည် ။ အဘယ်သို့ခေါ်ရမည်နည်း။
သူငယ်ချင်းလည်းမဟုတ် ရည်းစားလည်း မဟုတ်။ သို့သော် ပတ်ဝန်းကျင်ကား သမီးရည်းစားဟု သိမှက်ပြုထားကြသည်။

ကျွန်တော်သည် သူမအပေါ် မရိုးသားသော မေတ္တာစိတ်များရှိနေသည်ကို ဖွင့်ပြောဖို့ ခက်နေသည်။ ဖွင့်ပြောလိုက်လျှင် သူမစိတ်ဆိုးသွားပြီး မိမိအား ရွံမုန်းသွားမည်ကိုလည်း စိုးရိမ်မိသည်။ ဒီလိုနှင့် ချစ်တယ်ဆိုသော စကားကို သူမအားမပြောဖြစ်ခဲ့ပေ။ အခွင့်ရေးတွေရခဲ့ပေမဲ့ မပြောထွက်ခဲ့သောစကားများသည် နောင်တအဖြစ်သို့ပြောင်းသွားဖို့
အချိန်သည် ကုန်လွန်တာမြန်သထက်မြန်လာတော့သည်။(နောင်တချိန်မှာ မတော်တဆ ဤစာကိုသူမှ ဖတ်မိလျှင်မည်သို့ အဖြေပေးမည်ကိုကား မသိပေ။ အဲ့ခါမှသာ သူမအားမေးကြည့်ကြပါလော့)

အချိန်သည် ကုန်မှန်းမသိကုန်သွား၏ စက်တင်ဘာလကုန်လောက်တွင်ဖြစ်မည်ထင်၏။ အသေချာတော့မမှတ်မိတော့ပေ။ Reception ကောင်တာတွင်
ပြသနာဖြစ်ပြီး သူမသည်အလုပ်ထွက်သွားသည်။ မည်သည့်ပြသနာကိုတော့ မဖော်ပြတော့ပေ။ သူမအလုပ်ထွက်သွားပြီးနောက်ပိုင်း အဆက်သွယ်မပျက်ခဲ့ပါ။

သို့သော်ငြားလည်း အချိန်ကြာသည်နှင့်အမျှ ကျွန်​တော်တို့နှစ်ယောက်၏​ဆက်ဆံရေးသည်အေးခဲသွားသလို၊ ပတ်ဝန်းကျင်သစ်၊ နေရာသစ်တစ်ခုတွင် သူမတစ်ယောက် နေသားကျသွားသလို ကျွန်တော်သည်လည်း သူမထားခဲ့သော အမှတ်တရများနှင့်အတူ ယခုတိုင် Ruparmandalar Hotel
တွင် ကျန်ရစ်ခဲ့ပြီးနေသားကျနေလေပြီ။ နှစ်အားဖြင့်ဆိုလျှင် ၆နှစ်ရှိပြီ။ သို့သော် သိပ်မကြာသော ကာလတစ်တွင် ဤအမှတ်တရ
အသိုက်မြုံလေးကို ခွဲခွာရတော့မည်ထင်ပါသည်။

မှက်ချက် ။
သူမတစ်ယောက် နောင်တချိန်တွင် Hive platfrom ပေါ်သို့ရောက်လာပြီး ဤဆောင်းပါးအားဖတ်မိချိန်တွင် ကျွန်တော်တို့နှစ်ယောက်လုံး အိမ်ထောင်ကိုယ်စီနှင့် သားတွေသမီးတွေ နဲ့ ပျော်နေကြပြီထင်ပါရဲ့...

Screenshot_2020_0408_133212.jpg

လက်ရှိကျွန်တော်သည် ဆရာမဂျူး၏ အမာခံပရိတ်သတ် ဖြစ်နေလေပြီ။

အရင်အပိုင်းဆက်များဖတ်လိုလျှင်>>>

myanmarkoko✍