သတိထား ကပါ

သတိထား ကပါ ဘာလုပ်ကမှာလဲဆိုတာ သိတယ်နော်။ ဒါကို ဒီလို စားကမှာ။ ကိုယ်လုပ်ကမှာကို ပြီးအေ...

5 years ago, comments: 5, votes: 15, reward: $0.58

သတိထား ကပါ

IMG_20200610_095759.jpg

ဘာလုပ်ကမှာလဲဆိုတာ သိတယ်နော်။
ဒါကို ဒီလို စားကမှာ။
ကိုယ်လုပ်ကမှာကို ပြီးအောင် လုပ်။
မင်းတို့ ဒီနေ့ညနေ ဘောလုံးကန်ဖို့ သွားကမှာလား။

ဘယ်လို က မျိုးကြီးလဲ။ ကျွန်တော်ဖတ်ပြီး နားမရှင်းပေ။
သေသေချာချာ ပြန်ဖတ်ကြည့်ပြီးမှ နားလည်သွားသည်။
သည်အရေးအသားမျိုးကို ဒေသိယဝေါဟာရ ဟုခေါ်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံရှိ၍ မြန်မာစာ သုံးနှုန်း
ပုံခြင်းလည်း အမျိုးမျိုးကွဲပြားကြသည်။ အထက်မြန်မာနှင့်
အောက်မြန်မာ(အညာဒေသတို့ စကားပြော လေယူလေသိမ်းပင်
မတူကြပါ) စကားပြောပုံခြင်း မတူညီကြပါ။

ဤစာအုပ်ထဲမှ စာရေးသူ ပြောသည်က။
စာရေးဆရာကြီး တော်တော်များများပင် ဤကဲ့သို့ ဒေသိယဝေါရ
ကိုလိုက်ပြီး ရေးသားတက်ကြသည်ကို တွေ့ရ၍ များစွာ စိတ်မကောင်း ဖြစ်ရကြောင်း ဆိုထားသည်။ သည်လို ဒေသအလိုက်
အသုံးကွဲပြားပုံကိုလိုက်ပြီး ရေးသားကြမည်ဆိုလျှင် မြန်မာ စာလုံး
ပေါင်းများ ဖောင်းပွကာ စာပေပျောက်သွားနိုင်ကြောင်း စေတနာ
ရှေ့ထားကာ ပြောပြထားပါသည်။ ရှေးခေတ် ထွန်းကားခဲ့သော
ပျူစာပေကို ကြည့်ပြီး အတုယူရမည်ဟုဆိုသည်။ ပျူစာပေသည်
ရာဇကုမာရ် ကျောက်စာတွင် ရေးထိုးထားခဲ့သောကြောင့်သာ
ရှိခဲ့ဖူးသည်ဟု သိရပြီး ယခုအခါ အစပင် ရှာဖွေလို့မရတော့ကြောင်း
ပြောပြထားသည်။

ကျွန်တော်တစ်ခု မှတ်သားလိုက်ရသည်။
စာမရေးတတ် နှင့် စာမရေးတက် ဘယ်ဟာမှန်သည် ကျွန်တော်မသိပေ။ ရမ်းသုံးပါသည်။ တကယ်တော့ စာမရေးတတ်
ဟု ရေးမှသာ အမှန်ဖြစ်ကြောင်း သိခဲ့ရသည်။

က အကြောင်းဆက်ကြပါစို့။
မြန်မာ့ အဘိဓာန်တွင် က ကို အဓိပ္ပါယ် ၉ မျိုးထိ ဖွင့်ဆိုထားသည်။
ထိုထဲတွင် က ကို ပစ္စည်းအဖြင့် အသုံးပြုရကြောင်းမပါပေ။ စာရှည်သွားမည်စိုး၍ က ၏အဓိပ္ပါယ် ၄ မျိုးလောက်ကိုသာ
ဖော်ပြပေးလိုက်ပါရစေ။

က(၁) ဗျည်း သုံးဆယ့်သုံးလုံးတွင် အစဗျည်း(ကကြီး)။

က(၂) ခေါင်း၊ ခါး၊ ခြေ၊ လက် စသည်တို့ကို ရှူချင်စဖွယ် ကွေးညွတ်လှုပ်ရှားပြသည်။

က(၃) ပြုရာ၊ ဖြစ်ရာ၊ ရှိရာ အရပ်၊ အချိန်တို့ကို ပြသောစကားလုံး။
စားပွဲပေါ်က စာအုပ်။ မနေ့က မိုးရွာသည်။

က(၄) (အပြော) ထွက်ခွာရာအရပ်ကို ပြသောစကားလုံး။မှ။
မန္တလေးက ပြန်လာတယ်။

ပစ္စည်း။ နာမ်၊ နာမ်စား၊ ကြိယာ၊ ကြိယာဝိ​သေသန တို့၏ အဓိပ္ပါယ်
ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံပေးသော စကားဖြစ်သည်။

ထို့ကြောင့် က သည် ပစ္စည်း ဟု မဖော်ပြထားပေ။ ရ နှင့် ကြ သည်သာ ပစ္စည်းများ ဖြစ်ကြသည်။

ဘာလုပ်ကမှာလဲဆိုတာ သိတယ်နော်။
ဒါကို ဒီလို စားကမှာ။
ကိုယ်လုပ်ကမှာကို ပြီးအောင် လုပ်။
မင်းတို့ ဒီနေ့ညနေ ဘောလုံးကန်ဖို့ သွားကမှာလား။
သည်လိုရေးလျှင် မှားပါသည်ဟု စာရေးသူက အတိအလင်း ပြောပြထားပါသည်။ ဒေသိယဝေါဟာရ ကြောင့် ရေးမည်ဆိုလျှင်
လည်း ထူးခြားချက်ဟု ဖော်ပြကာ ရံဖန်ရံခါ သုံးနိုင်သည်ဟု
ဆိုထားသည်။

ဘာလုပ်ရမှာလဲဆိုတာ သိတယ်နော်။
ဒါကို ဒီလို စားရမှာ။
ကိုယ်လုပ်ရမှာကို ပြီးအောင် လုပ်။
မင်းတို့ ဒီနေ့ညနေ ဘောလုံးကန်ဖို့ သွားကြမှာလား။
သည်လို ရေးမှသာ မှန်ပေလိမ့်မည်။

IMG_20200607_103457_651.jpg

စာလည်း အတော်ရှည်သွားပြီဖြစ်၍ သည်မျှသာ ဖော်ပြပေးလိုက်ရပါ
သည်။ နောက်ပိုင်းများတွင်လည်း ကျွန်တော်တို့ သတိမမူ မိသော
စလုံးပေါင်းများကို မျှဝေသွားပါဦးမည်။

စာဖတ်သူများ သတိထား က နိုင်ကြပါစေ...

ကိုးကား။ အလေးထားစရာမြန်မာစာ။
ရေးသားသူ။ အေးကျော်မင်း။

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko