သို့... ဆရာ(နေတိုး)
တို့ဆရာက နေတိုးဆိုတော့ လူရှေ့သူရှေ့ သိပ်မထွက်ဖြစ်ခဲ့ဘူး...😁
အဲ့တော့ ဆရာနဲ့အတူ ဓာတ်ပုံလည်း သိပ်မရိုက်ဖြစ်ခဲ့ဘူး။
ခရီးထွက်ရပြန်ရင်လည်း ညာလက်ရုံးကြီးမို့ လုပ်ငန်းကိစ္စတွေတွက်
စိတ်မချဖြစ်နေရလို့ အတူတူ ခရီးမထွက်ခိုင်းပြန်ဘူး😔။
၇နှစ်နီးပါး ကုန်ဆုံးခဲ့တဲ့အချိန်တွေအားလုံးကိုပြန်တွက်ကြည့်မယ်ဆိုရင်
ဆရာ့ရဲ့အချိန် အားလုံးနီးပါးက ကျွန်တော်တို့နဲ့ ကုန်ဆုံးခဲ့ရတာပါ။
ဆရာ့မိန်းမကြားရင် မနာလိုနေအူးမယ်😁...
ဘဝဆိုတာ တိုတိုလေးတဲ့ အစကတော့ သိပ်မယုံချင်ခဲ့ဘူး။
အခုတော့... တစ်ကိုယ်ရေ တစ်ယောက်တည်း အမှတ်တရတွေ
ပုံအောနေတဲ့ ရူပါမှာကျန်နေခဲ့ရတာလည်း
အသက်ရှူမလွယ်လှပါဘူး ဆရာရေ...တစ်မျိုးတော့မထင်ပါနဲ့
ဘယ်နေရာကြည့်ကြည့် ဆရာတို့ ကျွန်တော်တို့ ရူပါမိသားစုတွေ
ပျော်ခဲ့ပါးခဲ့ကြပုံပဲ ပြန်ပြန်မြင်နေမိတယ်။ ပိုတယ်လို့မထင်စေချင်ပါဘူး။
လိုတောင်လိုနေသေးတာပါ😁။
အယ်ပြောရင်း အကြောင်းရာကလွဲတော့မယ်။ ဘဝကတိုတိုလေးတဲ့
ဟုတ်ပါတယ် ၇ နှစ်ဆိုတာ မနေ့တစ်နေ့ကလိုပါပဲ အရမ်းတိုလွန်းတယ်။
မှားခဲ့ မိုက်ခဲ့တာတွေကိုလည်း ကိုယ့်သားသမီးနဲ့မခြား ဆိုဆုံးမခဲ့တာတွေ။
ဘဝတက်လမ်းတွက် ရည်မှန်းချက်တွေ လမ်းညွန်ချက်တွေ နဲ့
လမ်းမှားမရောက်အောင် တည့်မက်ပေးခဲ့တာတွေ။
တစ်ခုခုများ အမှားလုပ်လိုက်မိရင်လည်း ရှေ့ကနေ
ခေါင်းခံဖြေရှင်းပေးခဲ့တာတွေ။ စတဲ့စတဲ့ ဖော်ပြမကုန်လို့
မကုန်နိုင်တဲ့ ဆရာ့ရဲ့ကျေးဇူးတရားတွေ။
ကြားဖြတ်ကြော်ငြာ...
အခု ကျွန်တော် ကကွက်ဆန်းဆန်းလေးတွေ ကပြချင်ပါသေးတယ်😁
ဝိုင်ပုလင်းတွေ ခွဲချင်ပါသေးတယ်😁
ဧည့်သည်ပစ္စည်းတွေလည်း ခွဲပစ်ချင်ပါသေးတယ်😁
ဧည်ံ့သည် complain ဖြစ်အောင် လုပ်ချင်ပါသေးတယ်😁
Late comer လည်း ထိချင်ပါသေးတယ်...
မကြောက်ပါဘူး....
ဆရာက ငါ့တပည့်တော်တယ်လို့ ပြောမြဲအတိုင်း ပြောနေအုန်းမှာပဲ😘
သိလို့ဖြစ်စေ.....
မသိလို့ဖြစ်စေ....
ဆရာ့ပေါ်မှာ ဝစီကံ မနော်ကံနဲ့ ပြစ်မှားမိခဲ့သည်ရှိသော်
ခွင့်လွတ်ပါဆရာ။
ကာယကံ တမင်ချန်ထားခဲ့တာဆရာ။ ဘယ်တော့မှ ကာယကံနဲ့
မပြစ်မှားခဲ့ဘူးဆိုတာ ရဲရဲကြီး အာမခံရဲလို့ပါ😁။
တစ်ချိန်ချိန်မှာ မတော်တဆ တမင်တကာများ ဆုံတွေ့ခဲ့ကြရင်
တစ်ချိန်က ဒုက္ခတွေကို ဟာသအဖြစ်နဲ့
ပြန်ပြောင်း ပြောပြကြရင်း အတူတူ ရယ်ကြမောကြချင်ပါသေးတယ်
မြတ်သောဆရာ.....
တပည့် ငမိုက်လေး
ကိုကိုမိုးဟိန်း