သို့ မန္တလေး...

သို့ မန္တလေး ။ သူမက သံစဉ်တွေကို မြတ်နိုးသူ ၊ ကိုယ်ကတေးသွားတွေကို တီးခက်သူ၊ နှစ်ယောက်ပေါင်းတော့ တစ်အိမ်မက်၊ ကိုယ့်ဂစ်တာလေးနဲ့ သူမရဲ့ သံစဉ်တွေပေါင်းစပ်လိုက်တဲ့အခါ နှင်းတွေ​ဝေတဲ့ မန္တလာမြေရဲ့ ဆောင်းညဟာ အေးမလိုလိုန...

5 years ago, comments: 5, votes: 10, reward: $0.48

သို့ မန္တလေး ။
သူမက သံစဉ်တွေကို မြတ်နိုးသူ ၊
ကိုယ်ကတေးသွားတွေကို တီးခက်သူ၊
နှစ်ယောက်ပေါင်းတော့ တစ်အိမ်မက်၊ ကိုယ့်ဂစ်တာလေးနဲ့
သူမရဲ့ သံစဉ်တွေပေါင်းစပ်လိုက်တဲ့အခါ
နှင်းတွေ​ဝေတဲ့ မန္တလာမြေရဲ့ ဆောင်းညဟာ အေးမလိုလိုနဲ့ နွေးနေခဲ့တယ် ။

သို့ မန္တလး ။
သူမက ၀င်တော့မဲ့ နေမင်းကြီးကို ပန်းသီးလို့ မြင်တဲ့အခါ ၊
မည့်၀င်းနေတဲ့ ကိုယ့်ရင်ဘတ်ထဲက ချစ်ပန်းသီးလေး သူမရဲ့ လက်ဖဝါးပေါ် ခုန်ဆင်းခဲ့တယ် ။
သူမတစ်ယောက် ပျော်လွန်းလို့ သူ့ကိုယ်လေးမြုပ်နေအောင် ကိုယ့်ရင်ခွင်ထဲ တိုး၀င်နေလိုက်တာ
နှင်းစက်တွေတောင် မနာလို လို့ .။ အဲ့ဒီညဟာ မန္တလာမြေမှာ
အအေးဆုံး ဆောင်းညတစ်ညဖြစ်ခဲ့တယ် ။

သို့ မန္တလး ။
ဆောင်းနှင်းလက်ကျန်တွေဟာ သူတို့ချစ်တဲ့မန္တလာမြေကို နှုတ်ဆက်ရတော့မှာမို့
အအေးဓာတ်ထဲမှာ အလွမ်းငွေ့တွေပျော်၀င်နေစေခဲ့တယ်။
သူမသည်လည်း နောက်ဆုံးလက်ကျန်အချစ်အတွက် နှုတ်ဆက်စကားခြွေကာ
နွေလိုပူမဲ့ အလွမ်းမျိုး ကိုယ့်ရင်ဘတ်ထဲကို ထည့်ပေးသွားခဲ့တယ်။

သို့ မန္တလး ။
နွေနဲ့မိုးမှာ ရရှိခဲ့တဲ့မုန်းတိုင်းဒဏ်တွေကို ကုစားဖို့ ဆောင်းရာသီဟာ နှင်းစက်တွေကို
ခေါ်ဆောင်လာခဲ့ပြီ ၊ သို့ပေမဲ့ ကိုယ်ချစ်တဲ့ မင်းရဲ့သခင်မလေးကတော့ ရောက်မလာခဲ့ဘူး။ ကိုယ့်ရင်ထဲက
အလွမ်းဒဏ်ရာတွေကို
ကုစားဖို့ မင်းရဲ့သခင်မလေး ဘယ်ဆီဘယ်၀ယ်များမှာလည်း
မန္တလာမြေရယ် .. ။

temp_profile_image5862865305249374318.jpg

စတီးမစ်တွင် တင်ခဲ့သော ကဗျာအတိုစလေးဖြစ်ပါတယ်။

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko