တဖြေးဖြေးတက်နေသော စတင်းဈေးလို(Change your life)

မြန်မာစတီးမစ်မိသားစုဝင်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ… စတင်းဈေး အတော်အတန်လှုပ်ခက်လာပြီဖြစ်သောကြောင့် စာများများရေးကြဖို့ ပထမဦးစွာ တိုက်တွန်းလိုက်ရပါတယ်ခဗျာ။ အခုဆောင်းပါးမှာ ရေးသားဖော်ပြချင်တဲ့အကြောင်းရာကတော့ `` ဒ...

6 years ago, comments: 6, votes: 161, reward: $0.98

မြန်မာစတီးမစ်မိသားစုဝင်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ…

စတင်းဈေး အတော်အတန်လှုပ်ခက်လာပြီဖြစ်သောကြောင့် စာများများရေးကြဖို့ ပထမဦးစွာ တိုက်တွန်းလိုက်ရပါတယ်ခဗျာ။

အခုဆောင်းပါးမှာ ရေးသားဖော်ပြချင်တဲ့အကြောင်းရာကတော့ `` ဒီကမ္ဘာပေါ်မှာ ဘယ်အရာတွေက ကြာရှည်အသက်ရှင် နေထိုင်နိုင်ကြပါသလဲ? ´´ ဆိုတဲ့ မေးခွန်းနဲ့ပတ်သတ်ပြီး သိရှိမှတ်သားထားသည်များကို ပြန်လည်ဝေမျှလိုခြင်းဖြစ်ပါတယ်။ (သိရှိပြီးသူများလည်း ပိုသိသွားအောင်သည်းခံဖတ်ရှုပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။)

ကျွန်တော့်အလုပ် ဟိုတယ်မှ တက်ရောက်ခဲ့ရတဲ့သင်တန်းမှ သင်တန်းဆရာမှဗဟုသုတ အကြောင်းအရာများကို ကြားညပ်ပြောကြားပေးပါတယ်။ ထို့ကြောင့် ကျွန်တော်သိရှိခဲ့ရသည့် ဗဟုသုတအနည်းငယ်ကို သိရှိနားလည်သလောက် ပြန်လည်ဝေမျှလိုက်ရပါတယ်။

ဒီကမ္ဘာပေါ်မှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကြာရှင်စွာအသက်ရှင်နေထိုင်နိုင်ဖို့ -

(1) ခွန်အားကြီးဖို့လိုပါသလား?
(2) ဥာဏ်ကောင်းဖို့လိုပါသလား?

ဒီမေးခွန်းတွေကို မဖြေကြားခင်မှာ “လူတွေဟာမျောက်ကဆင်းသက်လာတယ်" လို့ပြောပြီး လူသားတွေအားလုံးကို ကမောက်ကမ ဖြစ်စေခဲ့တဲ့ ချားစ်ဒါဝင်၏ အဆိုအမိန့်ကို ပြောပြချင်ပါတယ်။

hqdefault.jpg
Credit image >>> https://goo.gl/images/yZvFXz

" IT IS NOT THE STRONGEST OF THE SPECIES THAT SURVIVES, NOR THE MOST INTELLIGENT THAT SURVIVES. IT IS THE ONE THAT IS MOST ADAPTABLE TO CHANGE. "

CHARLES DARWIN (1809-1882)

scaletowidth.png
Credit image >>> https://goo.gl/images/ebkU9n

``မျိုးစိတ်တွေ အသက်ရှင်နေထိုင်ဖို့ ဥာဏ်ကောင်းဖို့နဲ့ ခွန်အားကြီးပြီးသန်မာဖို့ မလိုပါဘူး ၊ အလိုက်သင့် ပြောင်းလဲနိုင်ဖို့ပဲလိုပါတယ် ´´
ချားစ်ဒါဝင် ။

သူ့ရဲ့ သိပံ္ပရှာဖွေတွေ့ရှိချက်အရ ဒိုင်နိုဆော တွေဟာ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ သန်းပေါင်း ၆၀ ကျော်ဝန်းကျင်က ပေါ်ပေါက်ခဲ့ပါတယ်။ ဒိုင်နိုဆောတွေဟာ ခန္ဓာကိုယ်ကြီးထွားသန်မာပြီး ခွန်အားကြီးကြပါတယ်။ ပြီးတော့ သူတို့တွေဟာ အမဲလိုက်တက်ပြီး ဥာဏ်လည်းကောင်းကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ အခုချိန်မှာ ကမ္ဘာပေါ်မှာ မျိုးသုန်းပျောက်ကွယ်သွားခဲ့ကြပါပြီ။

images.jpg
Credit image>>> https://goo.gl/images/grY6Vw

ဒါပေမဲ့ ကျနော်တို့ တွေ သတိမမူ လျစ်လျှူရှူ တက်တဲ့ အကောင်သေးသေး ဟိုနားဒီနားမှာ မြင်တွေ့ရတက်တဲ့ ပုရွတ်စိတ်လေးတွေက ထူးဆန်းစွာပဲ ဒီကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁၁၀ ၀န်းကျင်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်တဲ့။

ခုချိန်ထိလည်း ပုရွတ်စိတ်မျိုးစိတ်တွေဟာ ကမ္ဘာပေါ်မှာရှင်သန်နေကြတုန်းပါပဲ။ ဆိုတော့ ပုရွတ်စိတ်တွေဟာ အကောင်အားဖြင့်လည်း အရွယ်အစား သေးကြပါတယ်။ ဥာဏ်လည်း မကောင်းကြပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ အလိုက်သင့် ပြောင်းလဲရှင်သန်နိုင်ကြပါတယ်။ ဒါကြောင့် ပုရွတ်စိတ်တွေဟာ ယနေ့ချိန်ထိ ကမ္ဘာပေါ်မှာ ရှင်သန်နေကြရခြင်းဖြစ်ပါတယ်။

images.png
Credit image >>> https://goo.gl/images/Zx3fBb

ဒါကြောင့် ခေတ်မီတိုးတက်ပြောင်းလဲနေသော ယနေ့ခတ်ကြီးတွင် ကျွန်တော်တို့သည်လည်း လိုက်ပါပြောင်းလဲနိုင်ဖို့လိုအပ်ပါတယ်။ အသစ်အသစ်ပေါ်နေသော နည်းပညာများ နှင့် ပြောင်းလဲနေသော စီးပွားရေးများကို မျက်ခြေမပျက် စောင့်ကြည့်ရင်း ကိုယ်တိုင်လိုက်ပါပြောင်းလဲနိုင်ဖို့လိုအပ်ပါတယ်။ ယခင်ကဆိုလျှင် မိမိ၏ကုန်ပစည်းများကို ကြောငြာရောင်းချဖို့ သတင်းစာ ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်မြင်သံကြားများကို အခကြေးငွေပေးပြီး ကြေညာရသည်။ ယခုဆိုလျှင် စက္ကန့်ပိုင်းအတွင်း မိမိရောင်းချင်တဲ့ ကုန်ပစည်းများကို ဖေ့စ်ဘွတ်ပေါ်တွင်ကြေညာနိုင်ပေပြီ။

ဒါကြောင့် မြန်မာစတီးမစ်မိသားစုဝင်များလည်း အလိုက်သင့်လိုက်ပါပြောင်းလဲပြီး တရိပ်ရိပ်တက်နေသော စတင်းဈေးနဲ့အတူ စာများများရေးကြကာ စတီးမစ်ပလက်ဖောင်းပေါ်တွင် အောင်မြင်သောမြန်မာများဖြစ်ကြစေဖို့ ရည်ရွယ်ကာ ဗဟုသုတအနည်းငယ်ကို ဝေမျှလိုက်ရပါတယ်ခဗျာ။

ကိုကိုမိုးဟိန်း
သစ်အယ်သီး
KOKOMOEHEIN
@myanmarkoko
MSC no.118