စွန့်ဝံ့သူ

စွန့်ဝံ့သူ ယခုတလော အချိန်များအားလပ်နေ၍ Hive Platform ပေါ်တွင် ခြေဆန့်နေမိပါသည်။ ထို့အတူပင် အချိန...

5 years ago, comments: 4, votes: 18, reward: $0.13

စွန့်ဝံ့သူ

IMG_20201206_165217.jpg

ယခုတလော အချိန်များအားလပ်နေ၍ Hive Platform ပေါ်တွင် ခြေဆန့်နေမိပါသည်။ ထို့အတူပင် အချိန်ရလျှင်ရသလို စာဖတ်ခြင်းဘက်
ကိုလည်း အားထုတ်နိုင်ခဲ့ပါသည်။ ကျွန်တော်ဖတ်
ဖြစ်ခဲ့သော စာအုပ်များမှာ သိန်းထိုက်၊ ချစ်သူ သုန္နရီ
၊ စွန့်ဝံသူ တို့ဖြစ်ပါသည်။ ယဖုဖော်ပြပေးမည့် စာအုပ်မှာ စွန့်ဝံသူ ဝတ္ထုအကြောင်းဖြစ်ပါသည်။
စာရေးဆရာကြီး ရွှေဥုဒေါင်းက ရေးခဲ့ပါသည်။

စွန့်ဝံသူ ဝတ္ထုအမည်ကို ဖတ်၍ စွန့်လွတ်စွန့်စား
သည်းထိတ်ရင်ဖို အကြောင်းရာများ ပါဝင်လိမ့်မည်
ဟု စာဖတ်သူများ အတက်သိပေလိမ့်မည်။

ဤဝတ္ထုထဲတွင် ထိုမျှမက နက်နဲသောအကြောင်းရာ
ဇာတ်လမ်းများ ပါဝင်ပါသည်။ ယောက်ျားကောင်း
တစ်ယောက်၏ မြင့်မြတ်သော စိတ်နေစိတ်ထား။
သဘောထားပြည့်ဝမှု။ လက်ရုံးရည်၊ နှလုံးရည်နှင့်
ပြည့်စုံခြင်း။ အချစ်တွက် ယောက်ျားကောင်းတို့၏
ပေးဆပ်အနှစ်နာခံနိုင်မှု စသည့် အတုယူစရာကောင်း
သော သံမဏိစိတ်ဓာတ်များကိုလည်းကောင်း၊
အချစ်တွက် အသက်နှင့်ရင်းပြီး ဓားပင်လယ်ခင်းထား
သော စွန့်စားခရီးကို ဖြတ်သန်းကြပုံကိုလည်းကောင်း၊
ထိုခေတ်ထိုအခါက တစ်ဦး၏ ကျေးဇူးတရားကို တစ်ဦးက မိမိအသက်ကိုပင် ပဓာနမထားပဲ ပြန်လည်
ပေးဆပ်ဝံ့ကြပုံကိုလည်းကောင်း စာဖတ်သူ ကျွန်တော် တစိမ့်စိမ့်တွေးရင်း ရင်ထဲတွင် ခွန်အား
သတ္တိများ တမြေ့မြေ့ တိုးပွားလာသည်ဟု ခံစားရမိ
ပါသည်။

ကိုကိုမိုးဟိန်း

This post is about book review in
Myanmar language.

Original content creator >>> @myanmarkoko

logo10_26_13933.png