မင်္ဂလာရှိသောနံနက်ခင်းလေးပါမြန်မာစတီးမစ်မိသားစုဝင်များခဗျာ...
တစ်နေ့သာလုံး စိတ်၏ ချမ်းသာခြင်း...
ကိုယ်၏ကျန်းမာခြင်းများနှင့်
ပြည့်စုံနိုင်ကြပါစေဗျာ...
Steem ဈေးမှာ တအိအိနှင့် တက်လာပြီဖြစ်၍ စာရေးကြဖို့
အာရုံစိုက်လာကြပြီဟုလည်းထင်မိပါသည်။ ဈေးကျနေချိန်တုန်းကတော့ စာရေးဖို့ မပြောနဲ့ သူများရေးထားသောစာကို ဖတ်ဖို့ပင် အားမရှိပေ။
သို့သော်လည်း ယခုလို ဈေးတက်လာချိန်ကျမှ စာထရေးမည်ဆိုလျှင်ဘာကြောင်းတွေဘယ်လိုရေးရမှန်းမသိဖြစ်နေပါလိမ့်မည်။ကျွန်တော်ကိုယ်တိုင်လည်း ထိုကဲ့သို့ပင် မျောက် အုန်းသီး ရသလို ဟိုဟာရေးရမလို ဒီဟာ ရေးရမလို နဲ့ ဗျာများလျှက်ရှိပါသည်။အမှန်တကယ်ဆိုလျှင် စာပုံမှန်ရေးနေသူအတွက် စာတစ်ပုဒ် ရေးဖို့အတွက် မခက်ခဲသော်လည်း ဈေးတက်မှ စာရေးချင်ကြသူများအတွက် ခက်ခဲနေပေလိမ့်မည်။ စာရေးတာများ ဘာခက်လို့လဲ သူငယ်တန်းကလေးတောင် ရေးတက်တယ် ဆိုပြီး ရေးချင်ရာ လျောက်ရေးမည်ဆိုပါက အရေမရအဖတ်မရ တောင်ရေးမြောက်ရေး စာသာဖြစ်ပေလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်တွက်မှလည်း အကျိုးမရှိသလို မိမိအတွက်လည်း အကျိုးမရှိပေ။ စာဖြစ်ပြီးရော ဆိုပြီး ဖြစ်သလို ရေးတင်ပါက မိမိတို့ စတီးမစ်အသုံးပြုသူ မြန်မာများအား နိုင်ငံခြားသား စတီးမစ်အသုံးပြုသူများက ကဲ့ရဲ့ရှုံ့ချကြပါလိမ့်မည်။
ထိုသို့ဆိုသော် ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ကြရပါလိမ့်မည်။ ထို့ကြောင့် ကျယ်ပြောလှသော
စတီးမစ်ပင်လယ်ပြင်ကြီးထဲတွင် တစ်လှေတည်းစီးနေကြသော
မြန်မာလူမျိုးအချင်းချင်း မပုပ်ကြရလေအောင် တန်ဖိုးမရှိရင်တောင် ဖတ်သူအတွက် အကျိုးတစ်စုံတစ်ရာ ရသွားစေမဲ့ စာပေများရေးသား နိုင်ကြစေဖို့ ...
ဘာမှမဟုတ်သေးသော အညတရ ငါးပေါက်စလေးကျွန်တော် မောင်ကိုကိုမိုဟိန်းမှ တောင်းဆုပြုလိုက်ရပါသည်။
ဒီနေ့တော့ ရိုက်မိရိုက်ရာ ဓာတ်ဖမ်းထားသော ပုံလေးဖြင့်သာ
ကျွန်တော်၏ ရေးသားမှု ကိုအဆုံးသတ်လိုက်ရပါသည်။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko