မြန်မာစတီးမစ် မိသားစုဝင်များအားလုံး မင်္ဂလာပါ …
ကျန်းခန်းသာလို့ မာကြပါစဗျာ…
ဧပရယ်လမှ စတင်ခဲ့သော ဟိုတယ်သင်တန်းသည် အောက်တိုဘာလမှသာ ပြီးမည်ဖြစ်ပါသည်။ ထို့ကြောင့် သင်တန်းတစ်ဖက်နှင့်မို့ ကျွန်တော်တစ်ယောက် စတီးမစ်ပေါ်တွင် စာများမရေးနိုင်ဖြစ်နေခဲ့ပါသည်။ ဓာတ်ပုံနှင့် ကဗျာတိုလေးများတော့တင်ဖြစ်ခဲ့ပါသည်။
စတီးမစ်ကို ကျွန်တော်ချစ်ပါသည်။ စတီးမစ်ကြောင့် မိတ်ဆွေပေါင်းသင်းများ ရရှိခဲ့သလို မမေ့နိုင်သော အမှတ်တရများလည်း ရရှိခဲ့ပါသည်။ ထို့ကြောင့် စတီးမစ်ကို ကျေးဇူးတင်မိပါသည်။ ထို့အတူ MSC မိသားစု ၀င်များကို ကျေးဇူးတင်ပါသည်။
တကယ်ဆိုလျှင် ကျွန်တော့်မှာ အတွေ့ကြုံများနှင့် ပေါင်းစပ်ကာ ၀တ္တုရှည်များ ရေးသားဖို့ စိတ်ပြင်းပြလှပါသည်။ သို့သော်လည်း ဘ၀သမားမို့ ၀မ်းရေးအတွက်ကြိုးစားနေရသောကြောင့် စိတ်ကူးနှင့် ဆန္ဒ တစ်ထပ်တည်းမကျနိုင် ဖြစ်နေပါသည်။
သို့သော် လာမဲ့၆လပိုင်းတွင် အလုပ်မှ ခွင့်ရက်ရှည်ရမည်ဖြစ်သောကြောင့် ထိုဆန္ဒပြည့်ဝလိမ့်မည်ထင်ပါသည်။ ထို့အတူ မဝေးတော့သော MSC gathering ကလည်း တောင်ကြီးမြို့မှာ စောင့်ကြိုနေပေတော့မည်။ ထို့အတွက်လည်း ကြိုတင်ရင်ခုန်နေရပါသည်။
ယခုလောလောဆယ်တွင်တော့ ဓာတ်ဖမ်းထားသောပုံလေးများကို တင်ရင် စတီးမစ်ကို အလယ်ဝင်လိုက်ရပါသည်။
( ဦးပိန်တံတားပေါ်မှ မြင်ကွင်း)
( ဦးပိန်တံတား )
( မဟာမုနိ ဘုရားကြီး )
ကိုကိုမိုးဟိန်း
သစ်အယ်သီး
@myanmarkoko
KoKoMoeHein
MSC no.118