စကားများတာ ကောင်းသလား?

စကားပြောကောင်းတာ၊ စကားတက်လိုက်တာ စသဖြင့် ပြောဆိုချီးမွှမ်းသံကို ရိုးနေအောင်ကြားဖူးပါလိမ့်မည်။ လုပ်ငန်းခွင် သို့မဟုတ် အဖွဲ့စည်းတစ်ခုတွင် စကားများသော သို့မဟုတ် စကားပြောကောင်းသော လူများကြောင့် စိတ်အနှောက်ယှက်ဖြစ်တက်ကြပါသည်။ ထိုစကားပြောကောင်းသော...

7 years ago, comments: 14, votes: 120, reward: $1.10

စကားပြောကောင်းတာ၊ စကားတက်လိုက်တာ စသဖြင့် ပြောဆိုချီးမွှမ်းသံကို ရိုးနေအောင်ကြားဖူးပါလိမ့်မည်။ လုပ်ငန်းခွင် သို့မဟုတ် အဖွဲ့စည်းတစ်ခုတွင် စကားများသော သို့မဟုတ် စကားပြောကောင်းသော လူများကြောင့် စိတ်အနှောက်ယှက်ဖြစ်တက်ကြပါသည်။ ထိုစကားပြောကောင်းသော သူများသည် သူတို့၏စကားပြောစွမ်းရည်ကို အကျိုးရှိသော နေရာတွင် အသုံးချလျှင် လုပ်ငန်း( သို့ ) အဖွဲ့စည်းအတွက် ကောင်းကျိုးများစွာ ဖြစ်ထွန်းစေပါသည်။ သို့သော် ထိုစကားပြောစွမ်းရည်ကို မကောင်းသောဘက် သို့မဟုတ် အကျိုးမရှိသော ကိစ္စများတွင် အသုံးချမည်ဆိုလျှင် ဆိုးယုတ်မှုများစွာဖြစ်ထွန်းစေတက်သည်ကိုလည်း သတိချပ်သင့်ပါသည်။

တစ်နေ့က လုပ်ငန်းခွင်ထဲတွင် ဖြစ်သွားခဲ့ပါသည်။ တစ်ဦးကပြောသော စကားကို နောက်တစ်ဦးက စကားပြောကောင်းသူပီပီ မလိုတာရော လိုတာရော ချဲ့ကားပြီး ပြောဆိုလိုက်သောခါ လုပ်ငန်းခွင်တွင် အဆင်မပြေဖြစ်သွားခဲ့ရသည်။ ထိုအခါ ပထမပြောသူက ဒီလိုမဟုတ်ဘူး။ သူကရိုးရိုးရှင်းရှင်း တာ ပြောလိုက်ကြောင်း၊ စသဖြင့် ပြန်လည်ဖြေရှင်းကြတဲ့အခါမှသာ လုပ်ငန်းခွင်ထဲတွင် ပြန်လည်အဆင်ပြေသွားခဲ့သည်။ သေနက်နဲ့ သတ်မှ လူသေတာမဟုတ်ပါဘူး ၊ စကားနဲ့သတ်ရင်လည်း လူသေပါတယ်။ ထို့ကဲ့သို့ပင် ကျွန်တော်တို့သည် စကားဖြစ်ပြီးရောဆိုပြီး နေ့စဉ်ပြောဆိုနေကြသည်။ ကိုယ့်စကား ဘယ်အဓိပ္ပာယ်ရောက်သွားသလဲ ဆိုတာ သိပ်ပြီးမစဉ်းစားမိကြပေ။ ကိုယ့်စကားကြောင့် သူတစ်ဖက်သား စိတ်ထဲတွင် အနာတရဖြစ်သွားတက်ပါသည်။ စကားပြောတက်ဖို့လိုပါသည်။ ဘယ်လိုစကားပြောတက်ဖို့လိုသလဲ? စကားပြောတာများလွယ်လွယ်လေးလို့ ထင်ကောင်းထင်ကြပါလိမ့်မည်။ ကိုယ်ပြောတဲ့စကားက သူ့အတွက်ကိုယ့်အတွက် အကျိုးရှိရဲ့လား ? ။ ကိုယ်ပြောလိုက်တဲ့စကားက ပြောရမဲ့ အချိန်ဟုတ်ရဲ့လား?။ ကိုယ်ပြောလိုက်တဲ့စကားက ဒီနေရာမှာရော ပြောသင့်သလား? ဆိုပြီး ဤအချက် ၃ ချက်နဲ့ ကိုက်ညီအောင်ပြောဆိုတက်မှတာလျှင် တကယ်စစ်မှန်သောစကားပြောကောင်းသူတစ်ယောက် ဖြစ်လာပါလိမ့်မည်လို့ မြင်မိပါသည်။

ဆက်လက်ပြီး စကား၏အကျိုးအပြစ်များကို လိုက်လံရှာဖွေဖတ်ရှူမိသောအခါ စကားများသောသူသည် အကျိုးအပြစ် (၅) မျိုးရှိကြောင်း မှတ်သားခဲ့ရပါသည်။
စကားများသောသူသည် အပြစ် (၅)မျိုးရှိသည် ယင်းသို့မှာ-
(၁) မဟုတ်မမှန် ပြောမိတက်၏။
(၂) အခင်မင်ပျက်အောင် ပြောမိတက်၏။
(၃) ကြမ်းတမ်းစွာ ဆိုမိတက်၏။
(၄) အကျိုးမဲ့စကားကို ဆိုမိတက်၏။
(၅) သေသည့်အခါ ငရဲသို့ ကျရောက်ရတက်၏။

စကားကို ပညာဖြင့် ချင့်ချိန်ပြောဆိုတက်သောသူသည် အကျိုး(၅)မျိုး ရရှိသည် ယင်းသို့မှာ-
(၁) မဟုတ်မမှန် မပြောမိတက်။
(၂) အခင်မင်ပျက်အောင် မပြောမိတက်။
(၃) ကြမ်းတမ်းသော စကားကို မဆိုမိတက်။
(၄) အကျိုးမဲ့စကားကို မဆိုမိတက်။
(၅) သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏ တို့ဖြစ်ပါသည်။

မြန်မာစတီးမစ်မိသားစုဝင်များအားလုံး စကားပြောကောင်းကြသူများဖြစ်ကြပါစေဟု ဆန္ဒပြုရင်း ….

Image Credit >>> https://www.pexels.com

Screenshot_2018_1128_224916.png
ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein
@myanmarkoko

MSC NO.118