စစ်အာဏာသိမ်းခြင်း ၈ ရက်မြောက်နေ့

စစ်အာဏာသိမ်းခြင်း ၈ ရက်မြောက်နေ့ စစ်အာဏာရှင် မကျရှုံးမခြင်း သည်ပိုစ်မျိုး ကို နေ့စဥ်တင်သွားပါမယ်။ နှောင်တချိန် မိမိ၏ မျိုးဆက်များ သိရှိစေရန် မှတ်တမ်း တင်ထားတဲ့သဘောဖြစ်ပါတယ်။ ...

5 years ago, comments: 0, votes: 11, reward: $0.11

စစ်အာဏာသိမ်းခြင်း ၈ ရက်မြောက်နေ့

စစ်အာဏာရှင် မကျရှုံးမခြင်း သည်ပိုစ်မျိုး
ကို နေ့စဥ်တင်သွားပါမယ်။ နှောင်တချိန်
မိမိ၏ မျိုးဆက်များ သိရှိစေရန် မှတ်တမ်း
တင်ထားတဲ့သဘောဖြစ်ပါတယ်။

img_0.3501178699808132.jpg
Photo credit

သည်နေ့မှာတော့ မနက် ၈ နာရီမှစတင်၍
တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး
ဆန္ဒပြသွားမည်ဟု ကြားသိရသည်။

ထူးထူးခြားခြား သတင်းအနေနဲ့ကတော့
သတင်း ၂ ပုဒ်ရှိပါတယ်။ ပထမတစ်ပုဒ်က
မြဝတီတွင် ရဲများက သေနက်ပစ်ဖောက်ကာ
ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့သည်ဟုသိရသည်။

ဒုတိယ သတင်းတစ်ပုဒ်ကတော့ စစ်တပ်မြို့တော်
ဟု အားလုံးသိထားကြသည့် ပြင်ဦးလွင်မြို့တွင်
ထောင်ချီတဲ့ လူထုတွေဟာ စုစည်းပြီး မြို့တွင်း
မှာ ဆန္ဒထုတ်ဖော်ပြသကြခြင်းဖြစ်သည်။

img_0.7795528237994864.jpg

img_0.347868744512132.jpg

ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက် အတူတူ
နေ့ခင်းပိုင်းတွင် ဆန္ဒပြသွားကြဖို့ စီစဥ်ထား
ခဲ့ပါသည်။ သို့သော် နေ့ခင်း ၁ နာရီမှ စတင်ပြီး
မိုးများရွာသွန်းကာ မိုးသီးများပါ ကြွေခဲ့ခြင်း
ကြောင့် ဆန္ဒထုတ်ဖော်ဖို့သွားခြင်း အစီစဥ်ပျက်
ခဲ့ရပါသည်။ ထို့ကြောင့် လိုင်းပေါ်က သတင်းများ
သာဖတ်ပြီး သွေးစူနေသော ဆန္ဒများကို
နှစ်သိမ့်ခဲ့ရပါသည်။

ည ၈ နာရီတွင်တော့ သံပုံးတီးပြီး အာဏာရှင်

ဆန့်ကျင့်ရေး လုပ်ရှားမှုကို မိမိ၏ နေအိမ်အတွင်း

မှာ လုပ်ဆောင်သွားပါမည်။

img_0.6153923942570014.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko