စစ်အာဏာသိမ်းခြင်း ၇ ရက်မြောက်နေ့
စစ်အာဏာရှင် မကျရှုံးမခြင်း သည်ပိုစ်မျိုး
ကို နေ့စဥ်တင်သွားပါမယ်။ နှောင်တချိန်
မိမိ၏ မျိုးဆက်များ သိရှိစေရန် မှတ်တမ်း
တင်ထားတဲ့သဘောဖြစ်ပါတယ်။
မနေ့ည ၁၀ နာရီဝန်းကျင်လောက်မှာတော့
အမေစု လွတ်လာပြီဆိုပြီး သတင်းတုတွေ
ထွက်လာပါတယ်။ အင်တာနက် လိုင်းဖြက်
တောက်ထားသောကြောင့် ဘာမှမသိရပေ။
သည်ကနေ့ ညနေ ၂ နာရီကျော်မှ အင်တာနက်
လိုင်းပြန်ရခဲ့ပါ။ FB ပေါ်မှာ တက်လာတဲ့
သတင်းတွေကတော့ ရန်ကုန်နဲ့ မန္တလေး
မြို့ကြီးတွေမှ စစ်အာဏာရှင်ကို ကန့်ကွက်
ဆန္ဒပြပွဲကို လူပေါင်းရာကျော်လောက်က
လမ်းမများပေါ်မှာ ကျင်းပနေကြကြောင်း
LIVE များကို ကြည့်ရှုပြီး သိခဲ့ရပါတယ်။
နိုင်ငံအနှံ့ပြားမှာ ဆန္ဒပြပွဲများ ကျင်းပလျှက်
ရှိကြောင်းလည်း သိရှိခဲ့ရပါတယ်။
စစ်အာဏာရှင် အမြန်ကျရှုံးပါစေ...
အမစေု ပြန်လွတ်ပေးရေး...
CDM ကိုထောက်ခံပါတယ်...
ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko
7.Feb.21