စိတ်ထဲ ပါလာသောအလုပ်

စိတ်ထဲ ပါလာသောအလုပ် ဒီနေ့မနက် ကျွန်တော့်အတွက် အထူးဆန်းကြီးဖြစ်နေခဲ့တယ်။ တခြားသူတွေအတွက် မနက်အစောကြီး အိပ်ယာထတာ အဆန်းကြီးမဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ကျွန်တော့်မှာတော့ တစ်ခုခုဖြစ်နေတယ်။ ကျွန်တော်ဟာ အအိပ်...

5 years ago, comments: 4, votes: 9, reward: $0.31

စိတ်ထဲ ပါလာသောအလုပ်

ဒီနေ့မနက် ကျွန်တော့်အတွက် အထူးဆန်းကြီးဖြစ်နေခဲ့တယ်။
တခြားသူတွေအတွက် မနက်အစောကြီး အိပ်ယာထတာ
အဆန်းကြီးမဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။
ကျွန်တော့်မှာတော့ တစ်ခုခုဖြစ်နေတယ်။ ကျွန်တော်ဟာ
အအိပ်မတ်သူပါ။ ညအိပ်ယာဝင်ရင် ခေါင်းအုံးကလေးပေါ်
ခေါင်းချတယ်ဆိုရင်ပဲ မှေးခနအိပ်ပျော်တက်သလို မနက်ဆိုရင်
လည်း နေမြှင့်မှ အိပ်ယာထတက်တယ်။ အလုပ်ကိစ္စကြောင့်
မနက်စောစော မဖြစ်မနေထရရင်လည်း အိပ်ယာထဲ အကြာကြီး
မှိန်းနေတက်တယ်။ ဒါကြောင့် ဒီနေ့ မနက်အစောကြီး နိုးပြီး
ဆက်အိပ်မရတာက ထူးဆန်းနေတယ်လို့ထင်မိတာ။

မျက်လုံးကမှိတ်နေပေမဲ့ စိတ်ကလှုပ်ရှားနေတယ်။ အလုပ်ကြောင်း
တွေ စိတ်ထဲရောက်လာတယ်။ ဆရာကြီးအောင်းသင် စာအုပ်ထဲက
ဖတ်ရသလိုဆိုရင် မှန်နေပြီပေါ့။ ဒီစာသားလေးက နာရီပြင်သမား
ကလေး တစ်ယောက်က ပြောတဲ့စကားပါ။

စိတ်ပါလက်ပါ အလုပ်လုပ်ပါတဲ့။
တကယ်တော့ အလုပ်ထဲကို စိတ်ကပါတာ မဟုတ်ဘူး။
အလုပ်ကိုက စိတ်ထဲပါလာတာ။ တစ်ချို့ ဓာတ်ခဲနာရီလေးတွေ
ပြင်ရတဲ့အခါ ကိုယ်က အတွေ့ကြုံမရှိသေးတော့ အတော့်ကို
ဒုက္ခရောက်တာ။ ဆိုင်ပိတ်ချိန်ကျလို့ အိမ်ပြန်ရင် ဒီပြဿနာက
အိမ်ကိုပါလာတာ။အိပ်ယာဝင်ရင်း ဟိုစဥ်းစား၊ ဒီစားရင်း တော်
တော်နဲ့အိပ်မပျော်ဘူး။ မနက်ရောက်လို့ ဆိုင်ဖွင့်တော့ အဲ့ဒီနာရီကို
ညကစဥ်းစားသလို ပြင်ကြည့်လိုက်တော့ ကွက်တိဖြစ်သွားတယ်။
ဒါကြောင့် အလုပ်ထဲ စိတ်ပါတာ မဟုတ်ဘူး။ အလုပ်ကိုက
စိတ်ထဲပါလာတာ။

အခုတလော အလုပ်မှာ ကိုယ်က ဦးစီးဦးဆောင်ပြုရတော့
တစ်စုံတစ်ခုမှားယွင်းပြီး ပြဿနာဖြစ်မှာ စိုးနေရတယ်။
ပြဿနာဆိုတာ ဘယ်ဝန်ထမ်းက ဖြစ်ချင်မှာလည်း
ကျွန်တော်လည်း မဖြစ်ချင်ဘူး။ သူတို့လည်း ဖြစ်ချင်ကြမှာ
မဟုတ်ပါဘူးလေ ဆိုပြီး စိတ်ကို ပြန်ဖြေရပါတယ်။ ဒါကြောင့်
ပြဿနာ တစ်ခုခုဖြစ်ရင် အောက်က အငယ်ဝန်ထမ်းတွေကို
ဖိပြီး မဆူစေချင်ဘူး။ အမှားကိုမြင်အောင် ပြောပြပြီး အမှန်ပြင်
ပေးလိုက်ရင် နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိတယ်မှုတ်လား။

အမှားကို မြင်အောင် ပြောပြရာမှာလည်း နှဘဲငဆ(ရေးထုံးအမှန်မသိပါ။ လေယူလေသိမ်းအတိုင်းရေးသားသည်) မတူရာ
မတန်ရာ အထက်စီးကြီး၊ ငါပြောသမျှ နာခံရမယ် ဆိုတာမျိုး
တော့ မဟုတ်ဘူးပေါ့။ အိုးကောင်းလိုချင်ချင်ရင် နာနာရိုက်ရတယ်။
ဆိုတဲ့စကားကို ​စေတနာအမှားနဲ့ တလွဲအဓိပ္ပါယ်ကောက်နေသလား
မသိပါ။ ပြဿနာဖြစ်ရင် နာနာဆော်ကြပါတယ်။ စေတနာကနေ
တခါတလေကျ ငါဟဲ့ ဆိုတာတွေ ပါလာရင် တစ်ဖက်လူမှာ
အတော်ကလေး စိတ်ဒဏ်ရာ ရနိုင်ပါတယ်။ နာနာဆော်ရအောင်
လည်း အလုပ်လုပ်နေတဲ့သူတွေက အသက်၁၈နှစ် ပြည့်ပြီးပြီလေ။

ပြောနေရင်းနဲ့ အကြောင်းရာက တခြား ရောက်သွားတယ်။
စိတ်ထဲကို အလုပ်ပါလာတာ။ ဟုတ်ပါတယ် အလုပ်က စိတ်ထဲကို
ရော အိမ်မက်ထဲထိပါ ပါလာတက်ပါတယ်။
(နာနာဆော်ခံရမှာ စိုးသည်ကိုး) စဥ်းစားရင်း ရေးရင်း ဘယ်လို
ရေးရမှန်းမသိတော့။ ဆက်ရေးရင်လည်း နားပိုရှုပ်သွားနိုင်ပါတယ်။

ပေးချင်တဲ့ မက်ဆေ့ဂျ်ကတော့ အခုရက်ပိုင်း အိပ်ယာစောစော
နိုးနေတက်ပြီး အလုပ်က စိတ်ထဲ ပါပါလာလို့ ရေးသားရခြင်း
ဖြစ်ပါတယ်။
ကဲ... မကောင်းဘူးလား။

dj3njk.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko