Covid -19 အလွန် မိမိ၏ လုပ်ဆောင်စရာ ရည်မှန်းချက်များကို
အောက်ပါအတိုင်း ချမှတ်ထားလေသည်။ ပန်းတိုင်၊ ရည်မှန်းချက်ရှိ
လျှင် လမ်းမပျောက်တော့ပါ။ အောင်မြင်ရေး စာရေးဆရာများက
လည်း ပန်းတိုင်အရေးကြီးကြောင်းသာ ဆော်သြော်လေ့ရှိကြသည်
မဟုတ်လား။
2020 Goal
To study Japanese language
To study English language
To Read book and write book review
To study HK job procedures
To make and save money
မိတ်ဆွေတို့လည်း ပန်းတိုင်ကိုယ်စီချမှတ်ကြပြီး၊ Covid - 19
အလွန် ၂၀၂၀ ခုနှစ်ကို အောင်မြင်သော နှစ်တစ်နှစ်ဖြစ်အောင်
ကြိုးစားကြပါလို့ ဦးစွာပထမ တိုက်တွန်းလိုက်ရပါသည်။
ယနေ့ဟာ အလုပ်နားရက်ဖြစ်သောကြောင့် အဆောင်တွင် နားနားနေ
နေ စာဖတ်ဖို့ အချိန်ပိုရလေသည်။ မည်သည့်စာအုပ် ဖတ်ရကောင်း
နိုးနိုးဖြင့် သိမ်းဆည်းထားသော စာအုပ်ပုံကို လှန်လောကာ ရှာဖွေမိခဲ့
ပါသည်။ တမင်တကာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။
စာအုပ်နာမည်က
စာရိတ္တမာန
ရေးသူ ဆရာကြီးအောင်သင်း
ဤစာအုပ်က ဖတ်လက်စဖြစ်သည် မပြီးပျက်သေး။ သည်စာအုပ်
မှာ သင်တန်းဆရာလုပ်ခဲ့စဥ်က သင်တန်းသားတစ်ယောက်မှ
ကျွန်တော်စာဖတ် ဝါသနာပါသည်ကို သိရှိသောကြောင့် စာအုပ်
လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဆရာကြီး အောင်းသင်း၏ စာအုပ်
အနည်းငယ်ဖတ်ဖူးပြီး။ ဆရာကြီးကို လေးစားသူမို့ စာအုပ်ဒီဇိုင်းနှင့်
စာအုပ်နာမည်ကိုရော မြင်မြင်ချင်းပင် သဘောကျမိခဲ့သည်။
စာရှည်နေမည်စိုးသောကြောင့် လိုရင်းကိုသာ ဖော်ပြပေးပါရစေ
တော့။
စာအုပ်ကို ခေါင်းစဥ် ၁၉ခုဖြင့် ဆောင်းပါးတိုများထဲ့သွင်းထားသည်။
ဆောင်းပါးအားလုံးဟာ အနှစ်သာရနဲ့ ပြည့်ဝပြီး မရိုးနိုင်သော
ရသများကို ပေးစွမ်းကြသည်။ စာရိတ္တ၊ ပညာရေးနှင့် ဆရာကြီး၏
အတွေ့ကြုံများကို ဖတ်ရှုရသောအခါ စိတ်ဓာတ်များတက်ကြွကာ
စိတ်အဟာရ ပြည့်ဝလာသည်ဟု ခံစားရပါသည်။ မိတ်ဆွေများ
စိတ်ဓာတ် အဟာရပြည့်ဝလာစေရန် အနည်းငယ် မျှဝေပေးပါရစေ။
စာသင်တယ်ဆိုတာ စိတ်တက်ဖို့ အရေးကြီးတယ်။ စာသာတက်ပြီး
စိတ်မတက်ရင် ပညာတက် လူပေါကြီးတွေပဲ ဖြစ်နေမှာပေါ့။
တစ်ခါသော် ရှင်သာရိပုတ္တာမထေရ်ကြီးသည် အခြားရဟန်းတစ်ပါး
နှင့်အတူ သီတင်းသုံး နေရသည်။ တစ်နေ့သော် ထိုအတူနေရဟန်းကြီး
၏ မုန့်ချိုထုပ်ကို တွေ့မိရာ ရဟန်းကြီးကလည်း အချိန်မီပြန်မရောက်
လာသောကြောင့် မုန့်ချို အချိန်လွန်ကာ အလဟဿ ပျက်စီးမည်ကို
အောက်မေ့ကာ မုန့်ချိုကိုယူ၍ ဘုန်းပေးလိုက်မိသည်။ ရဟန်းကြီး
ပြန်ရောက်လာသောအခါ အခါလွန်ပြီး မုန့်ချိုပျက်စီးအံစိုးသော
ကြောင့် ဘုန်းပေးလိုက်ကြောင်းပြောပြသည်။ ရဟန်းကြီးက
ချိုသောအရသာကို မမက်မောသူ အဘယ်မှာရှိအံနည်းဟုဆိုသည်။
အရှင်သာရိပုတ္တာမထေရ်ကြီးသည် ဤယနေ့မှစ၍ ငါ၏
အအူအခွေတို့သည် မွတ်သိပ်သည်ဖြစ်၍ ပြင်ပသို့ထွက်ပြီး ကျက်စား
လိုက ကျက်စားစေတော့ ငါမူကား မသင့် မအပ်သော အစာတို့ကို
မစားတော့ပြီ။
(၁) မင်းရဲ့စူးစမ်းမှုကြောင့် ဘယ်လိုပညာတွေကို တိုးတက်တွေ့ရှိထား
သလဲ။
(၂) ဘယ်လိုအကျိုးကျေးဇူးရရှိနိုင်သလဲ။
(၃) မင်းကိုယ်တိုင် ဘယ်လို အသုံးချနေသလဲ။
(၄) မင်းလိုလုပ်ဆောင်နိုင်အောင် ဘာတွေ ဘယ်လိုလုပ်ရမလဲ။
(၅) မင်းရဲ့ အကူညီကိုတောင်းခံရင် ကူညီနိုင်မလား။
အဲ့ဒီအချက်တွေကို စဥ်းစားပြီး တစ်ယောက်နဲ့တစ်ယောက် အသိပညာ၊ အတက်ပညာတွေကို ဝေမျှကူညီနိုင်တယ်မဟုတ်လား။
လူငယ်အချင်းချင်း ရိုင်းပင်းကြ။
ရွက်နုတွေဝေအောင် စွမ်းဆောင်ကြ။
ငါချမ်းသာရမည်ဟူသော စိတ်နှင့် မကြိုးစားပါနှင့်
ငါဟာ မုချ စီးပွားရေးခေါင်းဆောင်ဖြစ်ရမည်ဟူသော စိတ်နှင့်
ကြိုးစားကြပါ။ လူလည်း ချမ်းသာပါလိမ့်မည်။ အများလည်း
ဝပါလိမ့်မည်။ သမိုင်းလည်းလှပါလိမ့်မည်။
ရိုးသားမှုဆိုတာ ကိုယ့်ရပိုင်ခွင့် မဟုတ်တာကို မယူခြင်းပါပဲ...
ဒီခေတ်ကြီးမှာ ရိုးရိုးသားသား လုပ်နေရင် ထမင်းငှက်သွားမှာပေါ့
ဟုပြောတက်သော လူမျိုးကို ဘယ်တော့မှ အထင်မကြီးပါလေနှင့်။
ကလိန်ကျတက်သော စရိုက်ကို အဖက်ဆယ်သော စကားဖြစ်သည်။
မိမိ မဟုတ်တမ်းတရား လုပ်နေသည်ကို ကိုယ့်ဘာသာ လိပ်ပြာသန့်
အောင် ပြောသည့်စကားဖြစ်သည်။ လူကောင်းသူကောင်းတို့မည်
သည် မဟုတ်တာတစ်ခုလုပ်လိုက်မိလျှင် ကိုယ့်ဘာသာ လိပ်ပြာမသန့်
နိုင်အောင် ဖြစ်တက်သည်မှာ သဘာဝဖြစ်သည်။ မဟုတ်တမ်းတရား
လုပ်နေသည်ကို လိပ်ပြာသန့်နေသော သူမျိုးကို ဘယ်လိုလူမျိုးက
ယုံကြည် စိတ်ချနိုင်ပါမည်နည်း။
မိတ်ဆွေများ ဆရာကြီး၏ မှတ်သားစရာ စာအတိုထွာများကို
ဖတ်ပြီး စိတ်ဓာတ်ခွန်အားများ ပြည့်ဝကြပါစေ...
ကိုကိုမိုးဟိန်း