စာဖတ်​ခြင်း

စာဖတ်​​ခြင်းက လူတစ်​​ယောက်​ရဲ့ ဘဝကို မယုံနိုင်​​လောက်​​အောင်​ ​ပြောင်းလဲသွား​စေနိုင်​ပါသလား? စာဖတ်​​ခြင်း​ကြောင့်​ဘယ်​လိုအကျိုး​ကျေးဇူ​တွေ ရရှိနိုင်​ပါသလဲ? ​ လူ​တွေအားလုံးက​တော့ ​သူတို့ ရဲ့ဘဝမှာ​အောင်​မြင်​ချင်​ကြပါတယ်​ ။ ကျ​...

8 years ago, comments: 8, votes: 16, reward: $2.57

စာဖတ်​​ခြင်းက လူတစ်​​ယောက်​ရဲ့ ဘဝကို မယုံနိုင်​​လောက်​​အောင်​ ​ပြောင်းလဲသွား​စေနိုင်​ပါသလား?
စာဖတ်​​ခြင်း​ကြောင့်​ဘယ်​လိုအကျိုး​ကျေးဇူ​တွေ ရရှိနိုင်​ပါသလဲ?

 လူ​တွေအားလုံးက​တော့ ​သူတို့ ရဲ့ဘဝမှာ​အောင်​မြင်​ချင်​ကြပါတယ်​ ။ ကျ​နော့​ကို​မေးရင်​လည်း​အောင်​မြင်​ချင်​တယ်​လို့ပဲ ​ဖြေရမှာပါ။အောင်​မြင်​ချင်​တယ်​ဆိုတာဘာကို​ပြောတာလဲ ? လူ​တွေဟာသူတို့တို့ရဲ့စိတ်​ကူး​တွေထဲမှာ သူတို့ဖြစ်​ချင်​တဲ့ အရာအားလုံး တကယ့်​လက်​​တွေ့ဖြစ်​လာတယ်​ဆိုရင်​အဲ့ဒီလူ​တွေဟာ သူတို့ကိုယ်​သူတို့​အောင်​မြင်​တယ်​လို့သက်​မှက်​ကြပါတယ်​။ ဒီလို​အောင်​မြင်​​နေတဲ့လူ​တွေကို​ကြည့်​လိုက်​ရင်​ အ​ယောက်​တစ်​ရာမှာကိုးဆယ်​​ယောက်​​လောက်​ကစာဖတ်​​ကြပါတယ်​။ တစ်​ချို့သူ​တွေက​ပြောတယ်​စာမဖတ်​လည်း​အောင်​မြင်တာပဲ၊ဒါ​ပေမဲ့ ရှားပါတယ်​ တစ်​ရာမှာတစ်​​ယောက်​ပါ၊ စာဖတ်​​တဲ့သူ​တွေတိုင်းက​တော့​အောင်​မြင်​ကြပါတယ်​။ ကမ္ဘာ​ကျော်​ ပုဂ္ဂိုလ်​​တွေ အ​မေရိကန်​ လူငယ်​မြှင့်​တင်​​ရေးသမားကြီး ရပ်​ဆယ်​ကွန်းဝဲလ်​( Russell Herman Conwell )၊ လင်​ကွန်း ၊ ဘားနပ်​​ရှော စတဲ့ ပုဂ္ဂို​တွေဟာ စာအလွန်​ဖတ်​တဲ့ သူ​တွေဖြစ်​ကြပါတယ်​။ အ​နောက်​နိုင်​ငံ သား​တွေဟာအရမ်းစာဖတ်​​ကြပါတယ်​။ ဘာလို့အဲ့လို​ပြောနိုင်​တာလဲဆိုရင်​ ကျ​နော်​ကဟိုတယ်​ဝန်​ထမ်းပါ နိုင်​ငံခြားသား​တွေဟိုတယ်​မှာလာတည်းရင်​သတိထားမိတယ်​၊ ​ရေကူးကန်​မှာ ​အေး​ဆေးအနားယူရင်း စာအုပ်​အထူကြီး​တွေဖ​​တ်​​​နေ​​ကြတာ​တွေ့ရတယ်​။ ဒီလိုမျိုးခရီးသွားရင်းနဲ့​တောင်​ အ​နောက်​နိုင်​ငံသား​တွေဟာ စာကိုအလုအယက်​အားတဲ့ချိန်​​လေးဖတ်​​ကြတယ်​၊ ဒါ​ကြောင့်​မို့လို့ အ​နောက်​နိုင်​ငံသား​တွေဟာ ချမ်းသားပြီး ​အောင်​မြင်​ကြတယ်​လို့ ကျ​နော်​မြင်​မိပါတယ်​။

reading.jpg
Photo credit >> Google

စာဖတ်​​ခြင်းဟာ လူတစ်​​ယောက်​ရဲ့ အ​တွေးအ​ခေါ်​တွေကို မြှင့်​မား​စေပါတယ်​၊ စာဖတ်​​ခြင်းဟာ ရုပ်​ရှင်​ဗီဒီယိုကြည့်​သလို အဆင့်​သင့်​ခံစားလို့မရပါဘူး။ ဥပမာ စာအုပ်​တစ်​အုပ်​ဖတ်​​တယ်​ဆိုပါစို့ စာဖတ်​​သူဟာ သူ့ရဲ့ကိုယ်​ပိုင်​စိတ်​ကူးနဲ့ မြင်​​ယောင်​ပုံ​ဖော်​ရပါတယ်​။ သဘာဝရှူခင်းအလှပ​ကြောင်း​တွေဖက်​မယ်​ဆိုရင်​ စိမ်းလမ်းတဲ့​တော​တောင်​​တွေ၊ မြစ်​​ချောင်း​​တွေ၊ ထင်​ရှူးပင်​အုံ့ဆိုင်း​နေတာ​တွေ စာတာ​တွေကို စာဖတ်​​သူဟာ သူကြိုက်​သလိုစိတ်​ကူးပုံ​ဖော်​လို့ရပါတယ်​။ ဒါ​ပေမဲ့ ရုပ်​ရှင်​( Movie )ကြည့်​မယ်​ဆိုရင်​​တော့ TV ဖန်းသားပြင်​မှကြိုတင်​စီစဉ်​ပြီးသား ဒါရိုက်​တာရဲ့ အ​တွေးအ​ခေါ်​တွေ ဇတ်​လမ်းဇာတ်​ကွက်​​တွေကိုကြည့်​ရှူသူ​တွေက အသင့်​ခံစားရုံပဲ အချိန်​ကုန်​ခံပြီးဦး​နှောက်​စားစရာမလိုပါဘူး။ ဒါဟာ စာ​ပေ၊ သတင်းစာ ၊မဂ္ဂဇင်း (Cold media) နှင့်​ ရုပ်​ရှင်​ ၊ channel သတင်းမီဒီယာ (Hot media) ​တွေရဲ့ ခြားနားမှူ ပဲဖြစ်​ပါတယ်​။ ![2017-11-05-17-17-38--897026172.jpeg]

() hqdefault-1.jpg

Photo credit. >> google

လူတိုင်းဟာ သူ့ဘဝနဲ့သူ၊ သူ့ခံစားချက်​၊ သူ့ပတ်​ဝန်းကျင်​၊ သူ့ရဲ့အကျင့်​၊ သူတို့ရဲ့မတူညီတဲ့ ဘဝ​တွေကို ကိုယ်​စီကိုယ်​စီနဲ့ ဖြစ်​တည်​ရှင်​သန်​​နေထိုင်ကြရပါတယ်​။ ရုပ်​ရှင်​မင်းသား၊ မင်းသမီး ​တွေရဲ့ဘဝ​တွေကို ကျ​နော်​တို့လိုက်​တုပြီး​နေထိုင်​လို့မရသလို သူတို့ဟာလည်း ကျ​နော်​တို့ရဲ့ဘဝပုံစံမျိုး ​နေထိုင်​လို့မရဘူး။ ကိုယ့်​ရဲ့ဘဝကို ကိုယ်​တိုင်​​ကျေနပ်​ပြီး ကိုယ်​ဖြစ်​ချင်​တဲ့အရာ​တွေ၊ပိုင်​ဆိုင်​နိုင်​ဖို့ဆိုရင်​ စာဖတ်​​ခြင်းဖြင့်​ ပုံ​ဖော်​ဖန်​တီးနိင်​ကြလိမ့်​မယ်​လို့ ကျ​နော်​ယုံကြည်​ပါတယ်​။ စာဖတ်​​ခြင်းဖြင့်​ကျ​နော်​တို့သင်​ခန်းစာယူကြရပါ့မယ်​ ကျ​နော်​တို့မ​တွေ့ကြုံဖူးတဲ့အ​တွေ့အကြုံ ​တွေကို တခြားသူ​တွေက​တွေ့ကြုံဖူးပြီး စာအုပ်​​တွေထဲမှာ ​ရေသား​ပြောပြထားကြလို့ပါပဲ။ ဒါ​ကြောင့်​မို့ စာဖတ်​​ခြင်းဟာ အကျိုးယုတ်​ခြင်းမရှိဘဲ စာဖတ်​​သူ​တွေရဲ့ဦး​နှောက်​ အ​တွေးအ​ခေါ် ဖွင့်​ဖြိုးဖို့ အ​ထောက်​အကူပြုနိုင်​တယ်​ဆိုတာကို ကျ​နော်​စာဖက်​ရင်းနဲ့ ခံစားရတာ​တွေ၊ ကျ​နော်​ကိုယ်​တိုင်​အကျိုး​ကျေးဇူး​တွေခံစား​နေရတာမို့ စာဖတ်​​ခြင်းဖြင့်​ Steemit User များ Steemit platform မှာ​အောင်​မြင်​မှူ​တွေကိုယ်​စီ ရရှိနိုင်​ကြပါ​စေလို့ ​တောင်းဆုပြုရင်း ဒီမှာပဲ နိဂုံး ချုပ်​လိုက်​ပါတယ်​။ ဖတ်​​ရှူသူအားလုံးကို​ကျေးဇူးတင်​ပါတယ်​ခဗျား....FB_IMG_1509794127214.jpg

Photo credit >> google

@ KoKoMoeHein ကိုကိုမိုးဟိန်း

Ref : : အနုပညာ​မြောက်​စွာ​အောင်​ခြင်း
: : လင်းသိုက်​ညွန့်​ ( မြန်​​မာ့​မြေ )