စာနာမှုရှိရဲ့လား? မှန်ကန်မှု ရှိရဲ့လား?

Hive Myanmar အဖွဲ့ဝင်များအားမင်္ဂလာပါ။ Covid-19 ကပ်ဆိုးကြီးကို ကြံကြံခံ ရင်ဆိုင်ကြချိန်မှာ အန္တရယ်က...

5 years ago, comments: 2, votes: 11, reward: $0.48

IMG_20200414_141710.jpg

Hive Myanmar အဖွဲ့ဝင်များအားမင်္ဂလာပါ။ Covid-19
ကပ်ဆိုးကြီးကို ကြံကြံခံ ရင်ဆိုင်ကြချိန်မှာ အန္တရယ်ကင်း ဘေးရှင်း
ကြပါစေလို့ ပထမဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါရစေဗျာ...

ယခုချိန်သည် Facebook တစ်ခွင်တွင် Covid - 19
နှင့်ပတ်သတ်ပြီး သတင်းတုတွေရော အစစ်တွေရော ၊ ဆူပူစေမဲ့
သတင်းမျိုးတွေရော ပလုံဆီလို့ နေပါသည်။ Comments များ
ဝင်ဖတ်ကြည့်လျှင်လည်း အကောင်းမြင်သူတွေက အကောင်းဘက်
ကပြောကြသလို၊ အဆိုးမြင်သူများကလည်း လက်ကစည်းမစောင့်
ပဲ ထင်တိုင်းကမြင်းကြလေသည်။

ယခု ကျွန်တော် ကိုရင်ဝတ်နေချိန်တွင်လည်း ထိုကဲ့သို့ သတင်းမှား
အမြင်မှား လက်ဆော့ပြီး Facebook ပေါ်တွင် ဖြန့်ဝေခြင်း ကိစ္စ
မျိုးနှင့် ကြုံတွေ့ရလေသည်။

ဖြစ်ပုံမှာ ဤသို့ပင်။ ညနေခင်းတိုင်း 5နာရီတွင် သံဃာတော်များ
အားလုံး ဘုရားဝတ်ပြုဖို့ ခေါင်းလောင်းတီးကာ အချက်ပေးလေ့
ရှိသည်။ ထိုနေ့ကား ခေါင်းလောင်းသံမှာ 4နာရီခွဲကတည်း မြည်သည်
မို့ ကျွန်တော်တို့ ကိုရင်တစ်စုလည်း ကြောင်တောင်တောင်နှင့် ဘုရား
ဝတ်ပြုဖို့ ကျောင်းကြီးပေါ်သို့ တက်ကြလေသည်။ ကျောင်းပေါ်ရောက်လို့ သံဃာတော်များ၊ ကိုရင်လေးများနှင့် ဆရာလေးများ အားလုံးစုံနေကြပြီ။ သို့ပေမဲ့ ဘုရားဝတ်ပြုက မစကြ
သေးပေ။

1587801223866.jpg
Image credit

တအောင့်ကြာတော့ တာဝန်ရှိ ကိုယ်တော်တပါးမှာ ရှေ့ဆုံးမှ ထိုင်ကာ
အရေးကြီး ကိစ္စပြောစရာရှိလို့ ယခုလို နာရီဝက်စောပြီး ဘုရားရှစ်ခိုး
ဖို့ခေါ်လိုက်ရတာဖြစ်ကြောင်း ပြောပြလေသည်။

မနေ့က ဒီရွှေကျောင်းနဲ့ပတ်သက်ပြီး သိက္ခာကျစရာ ကိစ္စတစ်ခု
ဖြစ်သွားတယ်။

ကိုယ်တော်၏အသံမှာ ဒေါသသံပါနေပြီး၊ မာနေသောကြောင့်
အားလုံး နောက်ဆက်ပြောမည့် အကြောင်းရာကို စိတ်ငြိမ်စွာ
နားထောင်နေကြသည်။

ထို့နောက် ကိုယ်တော်ကဆက်ပြောသည်။

ကိစ္စက သည်လို။ မနေ့က အာသုဘ ချဖို့ ရွှေကျောင်းက ကိုယ်တော်
၅ပါးလိုက်ပါကြွသွားတယ်။ အာသုဘချဖို့ အိမ်သူအိမ်သားတွေက
များတော့ လူကနဲနဲများသွားတယ်။ အဲ့ဒါကို ဓာတ်ပုံရိုက်ပြီး ဒီကိစ္စ အတွက် ဘယ်သူ့မှာ တာဝန်​ရှိသလဲဆို​ပြီးတစ်ယောက်က Facebook ပေါ် စာရေးပြီးတင်လိုက်တယ်။ အဲ့ဒီပို့စ်က အားလုံး
ဝိုင်း share ကြတော့ မေမြို့ဟစ်တိုင်ဆိုတဲ့ သတင်း page ထဲ
ကိုရောက်သွားတယ်။ အဲ့ဒီမှာ ပြင်ဦးလွင် မြို့ပေါ်က တာဝန်ရှိသူတွေ
ကျောင်းကိုရောက်လာပြီး ဘယ်လိုဖြစ်တာလဲ ၊ ဘာလဲ မေးကြတော့
ဦးဇင်းတို့က ရှင်းပြရတယ်။ အဲ့သိလို မဟုတ်ပါဘူး လူတွေများတယ်
ဆိုတာကလည်း သူ့မိသားစုဝင်တွေပါပဲ။ ဒီဒကာကြီးကလည်း ၉၆ပါး
သော ရောဂါနဲ့သေဆုံးတာပါ။ရပ်ရွာက ရပ်မိရပ်ဖတွေနဲ့ ခွင့်ပြုချက်ယူပြီး ဒီလိုလုပ်ဆောင်ကြတာပါ။ အဲ့သလို အကြောင်းစုံရှင်းပြလိုက်မှ တာဝန်ရှိသူတွေလည်း နားလည်သွားကြ
ပြီး ပြန်သွားကြတယ်။

နောက်ဒီတသင်းကို ဘယ်သူတင်တာလဲဆိုပြီး စုံစမ်းလိုက်တော့
ကိုယ့်ကျောင်းက ကိုယ်တော်တစ်ပါးက တင်လိုက်တာ။ အဲ့ဒီကိုယ်တော်ကို သွားမေးတော့ ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းလျောက်တင်ကြည့်တာပါတဲ့။ အခုအဲ့ဒီ ပို့စ်ကိုလည်း ပြန်ဖျက်
လိုက်ပါပြီတဲ့။ သူကသာ လွယ်လွယ်တင် လွယ်လွယ်ဖျက်လိုက်ပေမဲ့။
နောက်ကလိုက်ရှင်းရတဲ့သူတွေက ဒီပြဿနာကြီးတွက် အလုပ်တွေ
ရှုပ်ကုန်တယ်။ အဲ့တော့ ဦးဇင်း ကျောင်းထိုင်ဘုန်းကြီးနဲ့တိုင်ပင်ပြီး
အခု စည်းမျဥ်းစည်းတွေချမှက်ပြီး ရေးထားတဲ့ စာရွက်ကိုဝေပေးလိုက်မယ်။ မိမိဘာသာတင်လိုက်တဲ့ ပိုစ့်တစ်ခုကြောင့် အင်တာနက် ဥပဒေနဲ့ ညိစွန်းခဲ့ပါက မိမိဘာသာ
ဖြေရှင်းရမည်ဖြစ်ပြီး။ ရွှေကျာင်းနှင့် လုံးဝမသတ်ဆိုင်ပါ။ ဒီ့ကိစ္စ
အတွက်လည်း တာဝန်ယူ​ဖြေရှင်းပေးမည်မဟုတ်ပါဆိုပြီး။

စည်းမျဥ်းစည်းကမ်း ချမှက်ရေးထားတဲ့ စာရွက်အားလိုက်ဝေပေး လေသည်။

ပြဿာနာကား ထို့သို့ဖြစ်သည်။ တိုးတက်ထွန်းကားနေသော
ခေတ်ကြီးတွင် သတင်းတုတွေ၊ စီးပွားရေးသမားများ၏ လုပ်ကြံ
သတင်းတွေ ၊ မသိနားမလည်သူတွေ၏ သတင်းတွေကြောင့်
ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့နေကြရသည်။ ထို့ကြောင့် မိမိသည်
ပို့စ်တစ်ခုခု၊ သတင်းတစ်ခုခုကို Share တော့မည်ဆိုလျှင်၊

စာနာမှုရှိရဲ့လား?
မှန်ကန်မှု ရှိရဲ့လား?

ဆိုတာကို အရင်ဆုံးစဥ်းစားကြပြီးမှ မျှဝေကြပါလို့ ဤဆောင်းပါးနှင့်
တိုက်တွန်းလိုက်ရပါသည်။

IMG_20200321_074947.JPG

ကိုကိုမိုးဟိန်း✍
သစ်အယ်သီး

KoKoMoeHein✍
@myanmarkoko