ခဏတာဆိုတဲ့ ဆုံဆည်းခြင်းကျောင်းပေါ်မှာ၊
ခင်မင်လာခဲ့ တို့တတွေ။
ကျောက်ခဲခင်းထားတဲ့ လမ်းကြမ်းပေါ်၊
ဖဝါးနုနုကို ညီညီညာချရရင်း။
ဘိုးဘိုး ဖွားဖွား ဦးဦး ဒေါ်ဒေါ်၊
ကုသိုလ်ရဖို့ သပိတ်ကိုပိုက်၊
တူတူဆွမ်းခံကြွခဲ့တယ်။
ညနေဆည်းဆာ နေဝင်သရော၊
ကျောင်းကြီးပေါ်က ခေါင်းလောင်းသံ၊
ဘုရားဝတ်ပြုဖို့ အချက်ပေး။
ကိုယ်တို့ပြုသည့် ကုသိုလ်တွေ၊
သတ္တဝါအားလုံး ရဖို့ရန်၊
အမျှပေးဝေ သာဓုခေါ်၊
စိတ်တွေကြူဖြူ အေးစေသလေး။
ခဏတာဆိုတာ မကြာခင်ခွဲရဖို့၊
သုံးနှုန်းတဲ့စကား။
မဆုံးတဲ့ သံသရာဝယ်၊
ကိုယ့်လမ်း၊ ကိုယ့်ခရီး ကိုယ့်ဖာသာ၊
ဆက်လျှောက်ကြရသမို့။
နှုတ်ဆက်ပြုံးပြ မင်းတို့တွေ၊
ခွဲခွာသွားတော့၊
မမြဲခြင်းတရားကို နှလုံးသွင်းရင်းနဲ့ပဲ
ပြုံးပြုံးလေး နှုတ်ဆက်လိုက်ပါတယ်။
19.04.20
ကိုရင်ဝတ်အမှတ်တရ
ကိုကိုမိုးဟိန်း
သစ်အယ်သီး
@myanmarkoko