ပျော်စရာ နေ့တစ်နေ့
ဒီနေ့ စာရေးဖို့ အချိန်မရပေမဲ့ ပိုစ့်တင်ချင်နေလို့
တင်လိုက်ပါဦးမယ်။ ဘာအကြောင်းလဲဆိုတော့
ကျွန်တော်ရဲ့ အပျော်လေးတွေ မျှဝေမဲ့ အကြောင်း
လေးပဲဖြစ်ပါတယ်။
ဘယ်လိုအပျော်မျိုးလည်းဆိုတော့ ဒီလိုပါ။ ပြီးခဲ့တဲ့
လတုန်းက ကိုဟိန်း@golden.future မှ
အွန်လိုင်းမန်းနီးလေးလုပ်ဖို့ အကြံကောင်း၊ ဉာဏ်
ကောင်းတွေပေးပါတယ်။ Refer ရှာရတာတွေရော၊
တစ်နာရီတစ်ခါ claim ရတာတွေရော၊ ခွေးမွေးရ၊
ကြောင်မွေးရ၊ Application wallet တွေရော
စုံစီလို့ပါပဲဗျာ။ ကျွန်တော်ကလည်း ဘာလာလာ ဆိုတဲ့ ကင်းပွန်းပြောင်းတပ်ရမလိုပဲ အကုန်လုပ်တာ။
ရချင်လည်းရ မရချင်လည်းနေ ကိုယ်မသိသေးတဲ့
နည်းပညာသစ်တွေနဲ့ ထိတွေ့ရတာကအမြတ်ပဲလို့
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုသလို
မှန်တယ် မှားတယ် မသိဘူး အကုန်လုပ်တော့တာပဲ။
ကိုယ်လုပ်လို့မရတော့ဘူးဆိုရင် ကိုဟိန်းဆီပြေးပြီး
နားပူရပါတော့တယ်။ ကိုဟိန်းကလည်း ဘယ်ကစမ်း
စမ်း ညာကစမ်းစမ်း လာထားဆိုပြီး အိပ်သွန်ဖာ
မှောက် အကုန်ပြောပြစမြဲပါပဲ။ အဲ့ဒါကြောင့်လည်း
ကိုဟိန်းကို ပိုခင်မိရပါတယ်။ ဒီလို အကိုမျိုးရထား
ခြင်းကလည်း MSC ရဲ့ကျေးဇူးကြောင့်ပါပဲ။
MSC ဆိုတာ မရှိခဲ့ရင် ကျွန်တော်တို့တွေလည်း
ခုလိုမျိုး ခင်မင်ရင်းနှီးမှုတွေ ဘယ်ရနိုင်လိမ့်မတုန်း။
အဲ ပြောရင်းနဲ့ စာက ဘေးချော်ထွက်နေပြီ။
ဆရာကြီး ဦးအောင်းသင်းရဲ့ စကားနဲ့ပြောရရင်
ကျွန်တော့်စာက ဝလုံးမဖြစ်ပဲ ဘေးချော်ပြီး တဝေထိုး ဖြစ်သွားခဲ့တယ်။ သည်းခံဖတ်ပေးလို့
ကျေးဇူးတင်ပါတယ်။
အဲဘယ်ရောက်သွားပါလိမ့်။ အပျော်တွေကို မျှဝေ
ချင်တာ။ အွန်းလိုင်းမန်းနီး ကနေ မရစဖူး ရရှိခဲ့လို့
အဲ့ဒီအပျော်လေးကို မျှဝေချင်တာပါ။ ကျွန်တော်ရရှိ
ခဲ့တာကတော့ AWC =10(Automatic Wallet Token) တန်ဖိုးကတော့ $8 လောက်
ပေါက်ပါတယ်။
နောက်တစ်ခုက Sox=1500 (SonicXWallet) ပဲဖြစ်ပါတယ်။ တန်ဖိုးကတော့
$2 နီးပါးရှိပါတယ်။ မမြင်ဖူး မူးမြစ်ထင်တယ်ပဲ
ပြောပြော ကျွန်တော့်အတွက် မရစဖူး ရရှိခဲ့တာမို့
အရမ်းကို ပျော်ရပါတယ်။ ဒီနေ့ကိုလည်း ပျော်စရာ
နေ့တစ်နေ့အဖြစ် သတ်မှက်လိုက်ပါတော့တယ်။
ခုလိုတွေ ရရှိအောင် ကူညီပေးခဲ့တဲ့ ကိုဟိန်းကိုလည်း
ကျေးဇူးအထူးတင်ကြောင်း ထပ်လောင်းပြောလိုက်ပါရစေဗျာ။
ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko