ပုရွက်စိပ်လေးတွေရဲ့ ပြဿနာ

ပုရွက်စိပ်လေးတွေရဲ့ ပြဿနာ လူသားတွေဟာ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း ကြားမှာ ရှင်သန်ရုန်းကန်နေကြရတယ်။ ဆင်းရဲလို့ပဲဖြစ်ဖြစ် ချမ်းသာလို့ပဲဖြစ်ဖြစ် လူတိုင်းမှာတော့ ပူပင်ကြောင့် ကြမှုဆိုတာ ရှိကြမှာချည်းပဲ။ ဆင်အထွာနဲ့ ကြည့်...

5 years ago, comments: 7, votes: 10, reward: $0.21

ပုရွက်စိပ်လေးတွေရဲ့ ပြဿနာ

လူသားတွေဟာ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း ကြားမှာ
ရှင်သန်ရုန်းကန်နေကြရတယ်။ ဆင်းရဲလို့ပဲဖြစ်ဖြစ်
ချမ်းသာလို့ပဲဖြစ်ဖြစ် လူတိုင်းမှာတော့ ပူပင်ကြောင့်
ကြမှုဆိုတာ ရှိကြမှာချည်းပဲ။ ဆင်အထွာနဲ့ ကြည့်ရင်
ပုရွက်စိတ်အထွာက သေးကောင်းသေးပေလိမ့်မယ်။
ချောင်းငယ်လေးက ဆင်တစ်ကောင်အတွက် ဘာမှ မပြောပလောက်ပေမဲ့ ပုရွက်စိပ်လေးအတွက်တော့
ပင်လယ်ကြီးဖြစ်နေမှာပဲ။

mqe58q.jpg
Image credit

တစ်နေ့သော နေ့လည်ခင်းမှာ ပုရွက်စိပ်လေး ကျွန်တော် နေ့လည်စာစားဖို့ ရွာထဲက အသုပ်ဆိုင်
လေးသို့ ခြေဦးလှည့်ခဲ့ပါတယ်။
နေကပူပူ။ ထီးလေးမိုးထားပေမဲ့ ခေါင်းလုံရုံမျှသာ။
ထိုင်လိုက်လျှင် ကျောကို နေမင်းက စောင့်ထိုးနေရော။ အဲ့ဒီလို အသုပ်ဆိုင်မျိုး။

အမိုးမလှုံတာက ပုရွက်စိပ်လေးအတွက် အဓိကမဟုတ် ဒိုးပြားကသာ အဓိက။ ငွေ ငါးရာကျပ်
နဲ့ ဗိုက်ပြည့်အောင် စားလို့ရသော အသုပ်ဆိုင်လေး
ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုပ်ဆိုင်လေးက
ပုရွက်စိပ်လေး ကျွန်တော့်တွက်တော့ ဘုရားပေးတဲ့
ဆုလာဘ်လို့ တင်စားလိုက်ချင်ပါတယ်။

ကျွန်တော့်လိုပဲ ဒီအသုပ်ဆိုင်လေးကို တခြားပုရွက်စိပ်လေးတွေလည်းလာရောက်
အားပေးကြပါတယ်။ ပုရွက်စိပ်ပေါင်းစုံ စုဝေးရာလို့
လည်း နောက်တစ်မျိုး ခေါ်နိုင်သေးတာပေါ့။

ကျွန်တော့်ဘေးက ဒေါ်ကြီးက ခေါက်ဆွဲသုပ်ကို စားရင်း ရင်ဖွင့်ပါတော့တယ်။

ကျွန်မ ယောကျာ်းလေ ညက အရက်သောက်ပြီး
ပြန်လာတော့ ပန်ကာလေဖွင့်ပြီး မူးမူးနဲ့ အိပ်တာ
မနက်ရက်တော့ ခြေတွေလက်တွေယောင်ပြီ
မထနိုင်လို့ တိုင်းရင်းဆေးသွားပို့ပေးရသေးတယ်။

ဘေးနာက အမယ်အိုက သနားဟန်ဖြင့်။
ဟယ်ဖြစ်ရလေအေ... ပန်ကာလေက မကောင်းဘူး
လေဖြတ်တာတွေ ဖြစ်နိုင်တယ်။

ခုထိကို မသက်သာသေးဘူး။ ဆေးခန်းသွားပြီးမှ
ခြေသလုံးတွေ နဲတာကြီး မဟုတ်ဘူး ယောင်လာတာ။

နောက်တစ်ယောက်ဒေါ်ကြီးက
ဟယ် ဟုတ်လား အဲ့ဒါဆို စုန်းတိုက်တာများလား။

အင်း အယ့်လိုလားမသိဘူး။

စုန်းက ချစ်လို့လည်းလုပ်တယ်။
မုန်းရင်လည်း လုပ်တယ်အေ့။

မုန်းလို့လုပ်ရအောင်လား ဘာမှကြီးကြီးတက် ချမ်းသာနေတာလည်း မဟုတ်ပါဘူးတော်။

ကျွန်တော်လည်း စဥ်းစားမိတယ်။ မူးမူးနဲ့ချော်လှဲ
လာပြီး မနက်ကျမှ နာမှန်းသိတာရော မဖြစ်နိုင်ဘူးလား။ အားလုံးကတော့ ကိုယ့်အတွေးနဲ့
ကိုယ်တော့ ဟုတ်နေကြတာပဲ။

ကဲ ကျွန်တော်တို့ ပုရွက်စိပ်လေးတွေရဲ့ ပြဿနာကို
အဖြေရှာပေးကြပါဦး။ ဘာကြောင့်ဖြစ်နိုင်မလဲ။

dj3njk.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko