ပုဂံ ၊ မင်းဘူး​ ​​ရွှေစက်​​တော် ဘုရားဖူးခရီးစဉ်​မှတ်​တမ်း

ဒီတစ်ပက်တော့ ဘုရားဖူးခရီးထွက်ရင်း စာရေးသူ ကြုံတွေ့ခဲ့ရတဲ့ အတွေ့ကြုံတွေကို ပြန်လည်ဝေမျှရင်း ခရီးသွားပို့စ်လေးတစ်ခုတင်လိုက်ရပါသည်။ တကယ်တော့ စာရေးသူမှာ ဘုရားဖူးခရီးထွက်ဖို့ ကြိုတင်အစီစဉ်မရှိပေ။ ပြင်ဦးလွင်မှာ အေးအေးဆေးဆေး အနားယူရင် စာရေး...

7 years ago, comments: 37, votes: 57, reward: $3.24

ဒီတစ်ပက်တော့ ဘုရားဖူးခရီးထွက်ရင်း စာရေးသူ ကြုံတွေ့ခဲ့ရတဲ့ အတွေ့ကြုံတွေကို ပြန်လည်ဝေမျှရင်း ခရီးသွားပို့စ်လေးတစ်ခုတင်လိုက်ရပါသည်။

တကယ်တော့ စာရေးသူမှာ ဘုရားဖူးခရီးထွက်ဖို့ ကြိုတင်အစီစဉ်မရှိပေ။ ပြင်ဦးလွင်မှာ အေးအေးဆေးဆေး အနားယူရင် စာရေးဖို့လောက်သာ တွေးထားမိသည်။ ထိုကဲ့သို့ အလုပ်မှ ခွင့်ရက်ရှည်ယူပြီး ပြင်ဦးလွင် ဇာတိမြို့လေးတွင် အပန်းဖြေနေခိုက် အမဖြစ်သူမှ သူအလုပ်လုပ်တဲ့ ရေသန့်စက်ရုံမှ ဘုရားဖူးခရီးလိုက်ပို့ပေးမည်ဖြစ်ကြောင်း လိုက်ချင်က လိုက်ပါဘုရားဖူးနိုင်ကြောင်း ပြောသဖြင့် ကျွန်တော်လည်း ခရီးလည်း ထွက်ရ တဲ့အပြင် Steemit တွင် ခရီးသွားပို့စ်လည်းတင်ပြီး ပြန်လည်ဝေမျှခွင့်ရမည်ဟု တွေးမိသဖြင့် ဘုရားဖူးခရီးလိုက်ပါရန် စရင်းပေးလိုက်လေသည်။

ဘုရားဖူးခရီးစဉ်မှာ ပုဂံ ၊ မင်းဘူး ရွှေစက်တော် သို့သွားရောက်လည်ပက်ကာ ဘုရားအစုံဖူးမည်ဖြစ်သည်။ မက်လ ၂ရက်နေ့ ၊ မနက်ခင်း ၉နာရီတွင် စာရေးသူတို့ ဘုရားဖူးခရီးစတင်ခဲ့ကြပါသည်။ ဘုရားဖူးခရီးတွင် လိုက်ပါလာကြသူများမှာ လူကြီး ၁၅ယောက်၊ ခလေး ၇ယောက်ဖြစ်သည်။ ကျွန်တော်မှအပ ကျန်သော လူများမှာ ရေသန့်စက်ရုံမှ အလုပ်သမားဖြစ်ကြသည်။ ယခုကဲ့သို့ ရေသန့်စက်ရုံမှ ဘုရားဖူးခရီးလိုက်ပို့ပေးခြင်းမှာ ပထမဆုံးဖြစ်ကြောင်းသိရသည်။ ထို့ကြောင့်လည်း အလုပ်သမားများမှာ အတောက်ပြောင်ဆုံးဝတ်ဆင်ထားကြပြီး၊ အားလုံးရဲ့မျက်နှာမှာလည်း အပြုံးများဝေေ၀ဆာဆာနှင့် အားကြိုးမာန်တက် စိတ်ဓာတ်များတက်ကြွနေကြပေသည်။ ဘုရားဖူးကား Light truck လေးမှာလည်းတအိအိမောင်းနှင်ကာ ကားဆရာရဲ့အလိုကျ သူ့ရဲ့တာဝန်ကိုထမ်းဆောင်လေတော့သည်

IMG_20180303_175347.jpg

ပုဂံ…..

ပြည်တကာတို့ထက်မြတ်သော၊ နှလုံးမွေ့လျော်ဖွယ် ရှိသော အကြင်ပြည်သည်ရှိ၏။
ထိုပြည်သည် ၀တ္ထုကာမတို့နှင့် ပြည့်စုံသည်ဖြစ်၍ ပုဏ္ဏကာမ(ပုဂံ)ဟူရလည်း
ထင်ရှားကျော်စော၏။ ထိုမှတပါး ရန်သူတို့ကို ချေမှုန်းလေ့ရှိသော၊
ရဲရင့်စွမ်းပကားရှိသော သူတို့၏ နေရာဌာနဖြစ်ခြင်းကြောင့် အရိမဋန(အရိမဒ္ဒန)
ဟူရလည်း ထင်ရှားကျော်စော၏။
( ပင်းယဆင်ဖြူ ငါးစီးရှင်မယ်တော်၏ ပုဂံကျောက်စာ )

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံစေတီပုထိုးများ ။ ဦးမောင်မောင် (ဘီအေ)သမိုင်း ရန်ကုန်တက္ကသိုလ် စာအုပ်မှ ကူးယူဖော်ပြသည်။

IMG_20180310_131817.jpg

၅နာရီကြာ ခရီးမောင်းနှင်းပြီး ပုံဂံသို့ရှောက်ရှိလာခဲ့သည်။ ပုဂံသို့ ရောက်ပြီဆိုတဲ့အသံကြားလိုက်သည်နှင့် ကားထဲမှ အိပ်နေသော၊ ကားမူးနေသော၊ လူတွေအားလုံး ရုတ်တရက်ခေါင်းထောင်လာကာ ဘေးသီဝဲယာကို ကြည့်ရှူကြသည်။ အားလုံးပါးစပ်အဟောင်းသားနှင့် ပုဂံရဲ့ အလှအပများကိုခံစားကြသည်။ထိုးထိုးထောင်ထောင်နှင့် မညီမညာတည်ရှိနေသော ရှေးဟောင်းစေတီ ပုထိုးများကတော့ ကျွန်တော်တို့ အားလုံးရဲ့ နှလုံးသားကို သိမ်းကြုံးယူလိုက်ပါတော့သည်။ အံ့သြမှု၊ ကြည်ညိုမှု၊ ပျော်ရွှင်မှု၊ မြတ်နိုးမှု တို့ဖြင့် ရင်ထဲတွင် ရသပေါင်းစုံကိုခံစားလိုက်ရလေသည်။ ပုဂံမြေ၏ ကြီးကျယ်မြင့်မြတ်မှုကို ယခုလို မျက်မြင်ကိုယ်တွေ့ တွေ့မြင်လိုက်ရချိန်တွင် မြန်မာနိုင်ငံသားဖြစ်ခွင့်ရသည်ကို ဂုဏ်ယူမဆုံးဖြစ်မိပါသည်။ "ဒါမြန်မာကွ" ဟု စိတ်ထဲတွင် ကြိတ်ပြီးအော်ဟစ်မိလိုက်လေသည်။ ထို့ကြောင့်လည်း " မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်" လို့ ပြောကြခြင်းဖြစ်ပေလိမ့်မည်။

အရင်ဆုံးဘုရားမဖူးသေးပဲ တည်းခိုဖို့ အရင်ရှာကြရလေသည်။ အားလုံးဟာ ရိုးရိုးသာမန်ဝန်ထမ်းများဖြစ်သောကြောင့် တည်းခိုခန်းတော့ မတက်နိုင်ပေ။နီးစက်ရာ ဘုန်းကြီးကျောင်းများကိုသာ အပြေးရှာလေတော့သည်။ ဘုရားဖူးရာသီဖြစ်သောကြောင့် ဘုန်းကြီးကျောင်းတိုင်းလိုလိုတွင် တည်းခိုသူများနှင့် ပြည်နပ်နေလေသည်။ နောက်ဆုံး အာနန္ဒာ ဘုရားနားတစ်ဝိုက်မှ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တည်းခိုခွင့် ရခဲ့လေသည်။ အားလုံး ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကို ရှစ်ခိုးကန်တော့ပြီး နေစရာဖို့သတ်မှတ်ပေးထားသော ကျောင်းပေါ်တွင် ပစ္စည်းများချပြီး အနားယူကြလေသည်။ အနားယူပြီး နောက်တွင်တော့ပထမဆုံး အာနန္ဒာဘုရားအား ဖူးမြော်ဖို့ တစ်စုတစ်စည်းတည်း သွားရောက်ကြပါသည်။

IMG_20180302_192117.jpg

IMG_20180302_193112.jpg

IMG_20180302_201413.jpg

အာနန္ဒာဘုရားဖူးပြီး ဘုရားနားတစ်ဝိုက်မှ ဈေးဆိုင်တန်းများအားလယ်ပတ်ကြပြီး တည်းခိုအနားယူဖို့ ဘုန်းကြီးကျောင်းသို့ပြန်ခဲ့ကြလေသည်။ တည်းခိုစရာကျောင်းမှာ တောင်မြောက် အလျားလိုက် ဟောခန်းဖြစ်ပြီး မြောက်ဘက်ခြမ်းတွင် ဘုရားစင်ရှိလေသည်။ ကျွန်တော်တို့ ဘုရားဖူးမိသားစုများမှာ ကိုယ့်တစ်နေရာစာ နေရာထိုင်ခင်းများ ခင်းကျင်းပြီး ၀ိုင်းဖွဲ့ကာ စကားစမြည်ပြောကြသည်။ တခြားထွေထွေထူးထူး ပြောသည်မဟုတ် စားသောက်ရသည်မှာ ဈေးကြီးကြောင်း၊ ပိုက်ဆံမည်မျှကုန်သွားကြောင်း တွက်ချက်ပြောဆိုနေကြခြင်းပင်ဖြစ်သည်။ အားလုံးဟာ ငွေရေးကြေးရေး အဆင်ပြေလို့ လာကြခြင်းမဟုတ်ပဲ စုဆောင်းထားသမျှလေးနှင့် လာကြခြင်းဖြစ်ရာ သူတို့၏ငွေကို အလဟသ မသုံးစွဲကြပေ။ ထို့ရာတွင်လည်း ဘုရားတွင် အလှူငွေထဲ့ဝင်ခဲ့ကြောင်းကိုတော့ အားရပါးရ ၀မ်းမြောက်ဝမ်းသာ ပြောကြားကြသည်ကို တွေ့ရရ ရင်ထဲတွင် ကြည်နူးပီတိဖြစ်ရသည်။ မြန်မာဆိုတာ ဆင်းရဲချမ်းသာမရွေး အလှူရေစက်လက်နဲ့မကွာ ဆိုသလို စေတနာ ထက်သန်စွာ တက်နိုင်သလောက် လှူကြတန်းကြသည်။ တကယ့်ကိုချစ်စရာကောင်းသော အမူကျင့်များပင်ဖြစ်သည်။ခရီးလည်းပန်းလာကြ၍ သိပ်ပြီးကြာကြာ စကားများမပြောနိုင်ကြပဲ နှစ်နှစ်ခြိုက်ခြိုက် အနားယူကာအိပ်စက်ကြလေတော့သည်။

ဆက်ရန် >>

စာဖတ်​သူ မိတ်​​ဆွေအ​ပေါင်းအားအထူး​ကျေးဇူးတင်​လျက်

ဓာတ်ပုံ >> ကိုယ်တိုင်ရိုက်ယူဖော်ပြသည်။

Written by @myanmarkoko
ကိုကိုမိုးဟိန်း
သစ်အယ်သီး

MSC no. 118