ဖြစ်မလာခဲ့သော ဆုံးဖြတ်ချက်ပေါင်းများစွာ

ဖြစ်မလာခဲ့သော ဆုံးဖြတ်ချက်ပေါင်းများစွာ ဆုံးဖြတ်ချက်ဆိုတာချရုံပဲလား ? Successful people make right decisions early and manage those decisions daily. ( John C.Maxwell ) အောင်မြင်နေတဲ့သူတွေဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ...

5 years ago, comments: 4, votes: 15, reward: $0.23

ဖြစ်မလာခဲ့သော ဆုံးဖြတ်ချက်ပေါင်းများစွာ

ဆုံးဖြတ်ချက်ဆိုတာချရုံပဲလား ?
Successful people make right decisions early and manage those decisions daily.
( John C.Maxwell )

အောင်မြင်နေတဲ့သူတွေဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို စောစောစီးစီးချလေ့ရှိပြီး အဲ့ဒီဆုံးဖြတ်ချက်တွေကို
နေ့စဉ်စီမှန်ခန့်ခွဲလေ့ရှိပါတယ်
( ဂျွန်စီမက်စ်၀ဲလ် )

ကျွန်တော်တို့တွေ နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်တွေချကြရပါသည်။ မနက်ခင်း မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့
မျက်နှာသစ်မယ်၊ အ၀တ်စားလှဲမယ်၊ မနက်စာစားမယ်၊ အလုပ်သွားမယ် စသဖြင့် ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး
လုပ်ဆောင်ကြရပါသည်။ ဒီအတိုင်းပဲ ဆုံးဖြတ်ချက်တွေချမှတ်ပြီး မလုပ်ဆောင်ဖြစ်ခဲ့သော ဆုံးဖြတ်ချက်ပေါင်း
မြောက်များစွာရှိပါလိမ့်မည်။ ဥပမာ -
*ကိုယ်မှားမှန်းသိလျက်နဲ့ တောင်းပန်မည်ဟု ဆုံးဖြတ်ပြီး
မတောင်းပန်ဖြစ်ခဲ့တာ ။
မိသားစုအတွက် အချိန်ပေးမယ်လို့ ဆုံးဖြတ်ပြီးမှ
အချိန်မပေးနိုင်ခဲ့တာ ။
မိမိ အနာဂတ်အတွက် အောင်မြင်အောင် ကြိုးစားအားထုတ်ဖို့ Plan အစီစဉ်ချမှတ်ပြီးမှ မလုပ်ဆောင်ဖြစ်ခဲ့သောဆုံးဖြတ်ချက်များ ။

စသဖြင့် ကျွန်တော်တို့ မလုပ်ဆောင်ဖြစ်ခဲ့သော ဆုံးဖြတ်ချက်များစွာရှိခဲ့ပါလိမ့်မည်။ လူသားအချင်းချင်း
ဘာကြောင့် ကွာခြားနေကြတာလဲ၊ ကမ္ဘာ
ကျော်ပုဂ္ဂိုလ်ကြီးတွေကနေ အောက်ခြေလူတန်းစားထိ အဆင့်ဆင့် ကွဲပြားခြားနားစေတာကတော့ ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လောက်ထိ လိုက်လုပ်ဖြစ်လဲ ဆိုတဲ့
အချက်ပေါ်မှာ မူတည်နေပါသည်။အရေးကြီးတာက ဆုံးဖြတ်ချက်တွေကို ချမှတ်ရုံသာမကပဲ ထိုချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို စီမံခန့်ခွဲဖို့လည်း လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ချမှက်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက ကိုယ်နဲ့ကိုက်ညီရဲ့လား ကိုယ်လိုက်လုပ်နိင်ရဲ့လား စသဖြင့် ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို လက်တွေ့လုပ်ဆောင်ပြီး ပြန်လည်စမ်းစစ်ဖို့လည်းလိုအပ်ပါသည်။
ကိုယ်မလုပ်နိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး လုပ်ဆောင်နေမယ်ဆိုရင်လည်း အချိန်ကုန်လူပမ်းတာပဲ အဖက်တင်ပါမည်။
ဘာမှဖြစ်ထွန်းအောင်မြင်လာမှာ မဟုတ်ပါဘူး။

ယေဘုယျ အားဖြင့် ကျွန်တော်တို့ တွေဟာ ဆုံးဖြတ်ချက်ချမှု အပေါ်မှာသာ အလွန်အကြူး အလေးနက်ထားကြပြီး ထိုဆုံးဖြတ်ချက်
အတိုင်းလက်တွေ့ ထိထိရောက်ရောက် လုပ်ဆောင်ရာမှာတော့
မေ့လျော့နေကြပါသည်။အပြောသာ လွယ်ကြပြီး လက်တွေ့ မှာတော့ ဘာမှမလုပ်ဆောင်ပဲ အချိန်လွန်မှ နောင်တ ရတက်ကြပါသည်။
ဒါကို ငါ လုပ်ခဲ့သင့်တာ၊ ငါဒီလိုလုပ်ခဲ့ရင် ကောင်းမှာ ဆိုပြီး လွန်ခဲ့ပြီးသော အကြောင်းအရာများအတွက်
စိတ်မချမ်းမသာဖြစ်ကြရပါသည်။

ဒီနေရာမှာ အလျင်းသင့်လို့ ဆရာတင်လှိုင်ဦး သင်တန်းမှာ သင်ကြားပေးထားတာလေးတစ်ခုကို ပြန်လည်ဝေမျှပါရစေ
ဆရာပြောတာက အထက်တန်းကျတဲ့နေရာကို ဘယ်တော့မှ
မရောက်နိုင်တဲ့ လူတန်းစားနှစ်ရပ်ရှိပါသတဲ့
အဲ့တာကတော့
ပြောထားတဲ့အတိုင်း ဖြစ်အောင်မလုပ်နိုင်တဲ့သူ
ပြောထားတဲ့အတိုင်း ပိုပြီးမလုပ်နိုင်တဲ့သူ

ဖြစ်ပါသည်တဲ့ ၊ပြောထားတဲ့အတိုင်း ဆုံးဖြတ်ထားတဲ့အတိုင်း
မလုပ်ဆောင်နိုင်တဲ့သူ၊ ထိုဆုံးဖြတ်ထားတဲ့အတိုင်း
ပိုပြီးမလုပ်ဆောင်နိုင်တဲ့သူများဟာ အမြင့်ကို ဘယ်တော့မှမရောက်နိုင်ကြောင်း ၊ အောင်မြင်မှူနှင့်အလှမ်းဝေး
နေဦးမည်သာဖြစ်ကြောင်း ဆရာကသင်ကြားခဲ့ပါသည်။
ထို့ကြောင့်စာဖတ်သူ စတီးမစ် မိသားစု၀င်များလည်း ချမှတ်ထားသော ဆုံးဖြတ်ချက်များ ကို
လက်တွေ့အကောင်ထည်ဖော်ကာ စတီးမစ်မှာ အောင်မြင်မှူတွေ ရရှိကြပါစေလို့ ဆန္ဒပြုလိုက်ရပါသည်။
ဆရာ့သင်ခန်းစာတိုင်းဟာအရမ်းကိုတန်ဖိုးရှိတဲ့ ဘ၀အတွက် လိုက်နာရမယ့် သင်ခန်းစာတွေ
ဆုံးမစာတွေပဲဖြစ်ပါသည်။ ဆရာ့ကိုလည်း ကျေးဇူးတင်လို့မဆုံးဖြစ်မိပါသည်။ စတီးမစ်မှ ညီအကို မောင်နှမ
များအားလုံးကိုလည်း ဆရာ့သင်တန်းမှာ တက်ရောက်သင်ကြားဖို့ တိုက်တွန်းလိုက်ရပါသည်။

Ref : အနုပညာမြောက်စြာအောင်မြင်ခြင်း( လင်းသိုက်ညွန့် မြန်မာ့မြေ )

IMG20200513132311.jpg

ကိုကိုမိုးဟိန်း

ဤပိုစ့်အား စတီးမစ်တွင် တင်ခဲ့ခြင်းဖြစ်ပါသည်။

KoKoMoeHein
@myanmarkoko