ပန်းပွင့်ကလေး...
နှင်းဆီပန်းပွင့်ဝါကလေးသည် ဘုန်းကြီးကျောင်းရှေ့ ကြာကန်နှဘေး
တွင် တသီးတခြား တစ်ကိုယ်တည်း ပွင့်လန်းနေသဖြင့် ပန်းရောင်စုံ
များကြားတွင် ထူးထူးခြားခြား ဖြစ်နေသည်။
ပန်းပေါင်းမျိုးစုံတို့သည် ဤကမ္ဘာမြေကြီးတွင် ရှင်သန်ပွင့်လန်းကြ
သည်။ တစ်ချို့ ပန်းများက အစွမ်းကုန် ပွင့်လန်းကြပေမဲ့ အရေးတယူ
တန်ဖိုးထားခူးယူမဲ့သူမရှိပဲ ပင်ယံပေါ်မှာသာ သူတို့ရဲ့အဖိုးတန်အလှ
တရားတို့ကို ပြသကြကာ နောက်ဆုံး မြေပေါ်သို့ ကြွေကျ ကြရသည်။
တစ်ချို့ပန်းများကတော့ လူတိုင်းက တယုတယနှင့် တန်ဖိုးထားကြ
သည်။ ဘုရားစင်ပေါ်၊ တရားပွဲ၊ မင်္ဂလာဧည့်ခံပွဲ၊ အိမ်၊ ကျောင်း၊ ရုံးခန်း စသဖြင့် အသီးသီးသူ့နေရာနှင့် သူ ၊ သူ့အလှနှင့်သူ၊
သူ့တန်ဖိုးနှင့်သူ၊ သူ့ရည်ရွယ်ချက်နှင့်သူ ထိုပန်းပွင့်ကလေးများသည်
အစွမ်းကုန်ပွင့်လန်းကာ နောက်ဆုံး သူတို့ပန်းဘဝကို တာဝန်ဆိုတဲ့
ပန်းဘဝဇာတ်ခုံမှာ နိဂုံးချုပ်ကြရတယ်။
စာရေးသူသည် နှင်းဆီပန်းပွင့်ဝါကလေးတစ်ပွင့်ကို ငေးကြည့်ရင်း
အတွေးနယ်ကျွံကာဖြင့် မေးခွန်းနှစ်ခုကလည်း အဖြေမရှိပဲ အထပ်
ထပ်အကာကာ မေးနေမိ၏။
ပန်းကလေးရေ... ပင်ယံပေါ်မှာပဲ သဘာဝကျကျ
လွပ်လပ်စွာ ပွင့်လန်းပြီး လွပ်လပ်စွာ ကြွေကျမလား။
ပန်းကလေးရေ... တာဝန်၊ ကန့်သက်ချက်တွေနဲ့ပဲ
ပွင့်လန်းပြီး ကြွေကျမလား။
တစ်ခုတော့ရှိတာပေါ့လေ တာဝန်ကန့်သက်ချက်တွေကို ရွေးချယ်မယ်
ဆိုရင်တော့ တန်ဖိုးတစ်ခုတော့ သတ်မှက်ခံရမယ်။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
KoKoMoeHein
@myanmarkoko✍