Hive Myanmar Community မိသားစုဝင်များအားလုံး
မင်္ဂလာရှိသော နေ့လေဖြစ်ပါစေ...
အခုချိန်မှာ အားလုံးအတွက် မင်္ဂလာရှိသော နေ့တစ်နေ့
မဖြစ်နိုင်ဟု မှန်းသိပါသည်။ အခက်ခဲများ နေ့စဥ်နဲ့အမျှ
ကြုံတွေ့ကြရမှာပင်။ အဲ့ဒီအခက်ခဲများတွင် Internet
လိုင်းမကောင်းခြင်း၊ အသုံးပြု၍ မရခြင်းကလည်း
တစ်ခုအပါအဝင်ဖြစ်ပါလိမ့်မည်။ ကိုယ်ပိုင်အိမ်တွင် Wifi
တပ်ဆင်ထားနိုင်သူများအတွက်တော့ ဒီပိုစ်က အကျိုးရှိမည်
မဟုတ်ပါ။
ဒီနေ့ကတော့ Oredoo ကဒ်နဲ့ 1111 VPN အသုံးပြု၍ internet လိုင်းကောင်းစွာနဲ့ အသုံးပြု၍ ရကြောင်း
ဖော်ပြပေးသွားပါမည်။
ရှေးဦးစွာ Oredoo ကဒ်ထဲ့ပါ။ ပြီးလျှင် 1111 VPN
ကို အောက်ပါလင့်ကနေ Download လုပ်နိုင်ပါသည်။
1111 VPN
အောက်ပုံပါပြ ထားသည့်အတိုင်း အလည်က အဖွင့်အပိတ်
ကို ဖွင့်လိုက်လျှင်အလိုလို ချိတ်သွားပြီး Connected
ဟု စာသားပေါ်လာလျှင် Internet ကို စတင်
အသုံးပြု၍ ရနိုင်ပါပြီ။ လိုင်းလည်း ကြာလျှင်
ကောင်းလာပါသည်။ အခုကျွန်တော် ဒီပိုစ်ကို Ecency app
ကနေ တင်လိုက်ခြင်းဖြစ်ပါသည်။
မိတ်ဆွေများ သည်ပိုစ်ကို ဖတ်မိပြီး အင်တာနက် အခက်ခဲ
ဖြေရှင်းသွားနိုင်လျှင် ကျွန်တော် ပိုစ်တင်ရကျိုး နပ်ပေပြီ။
အားလုံးကို ကျေးဇူးတင်ပါသည်။
ကိုကိုမိုးဟိန်း
Remember!
We are meeting here by one comment.
I am very active in
comment section. Leave a comment and get some PIZZA!
Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein