Noti နှင့် အတွေး

သည်မနက် အိပ်ယာထတော့ စာရေးဖို့ စဥ်းစားမိသည်။ မနက်အိပ်ယာထမှ စဥ်းစားတာလား မဟုတ်ပါ။ အလုပ်လုပ်နေရင်း၊ ကောဖီသော...

5 years ago, comments: 2, votes: 14, reward: $0.26

IMG_20200513_131548.jpg

သည်မနက် အိပ်ယာထတော့ စာရေးဖို့ စဥ်းစားမိသည်။ မနက်အိပ်ယာထမှ စဥ်းစားတာလား မဟုတ်ပါ။ အလုပ်လုပ်နေရင်း၊ ကောဖီသောက် နေရင်း၊ ထမင်းစားနေရင်း၊ လမ်းလျောက်နေရင်းအစ ညအိပ်ယာဝင်အဆုံး စာရေးဖို့အကြောင်းကို စဥ်းစားနေမိသည်။ ယခုတလော Hive blog တွင် ပို့စ်တင်မပျက်ခဲ့ပေ။ အဲ့သည့်တွက်လည်း အောင်မြင်မှုကြီးအလား စိတ်ဝယ်တွင် ပီတီဖြစ်နေမိပါသည်။

သည်နေ့မနက်လည်း ဘာရေးရမလဲ စဥ်းစားနေခဲ့မိတာပေါ့။ ဖုန်းထဲ
က note လေးဖွင့် ဟိုပွတ်ဒီပွတ် တောင်စဥ်းစား မြောက်စဥ်းစား
ရင်း တီး... ဆိုပြီး ဖုန်းက Noti တစ်ချက်မြည်သွားခဲ့တော့။
Noti ဘားလေးအသာဆွဲချကြည့်လိုက်တော့ နေ့စဥ်ရေသောက်သုံး
ဖို့ အသိပေးအချက်မြည်ခြင်းဖြစ်ပါသည်။ သည်လိုနှင့် စာရေးဖို့ အတွးကဝင်လာသည်မို့ ထိုအတွေးကို ဆက်လက်နယ်ချဲ့ဖြစ်ခဲ့ ပါတော့သည်။

ကျွန်တော်တွေးမိတာက သည်လိုပါ။ အဲ့သည်လို ဖုန်း​လေးထဲတွင်
ကျန်းမာရေးနှင့်အညီ ရေသောက်ဖို့ အချက်ပေး Noti လေးကို ဖွင့်ထားခဲ့တာကြပြီဖြစ်သည်ဘယ်တည်းကဖွင့်ထားခဲ့မှန်းတောင်
မမှတ်မိတော့။ သူအချက်ပေးလို့ ဖုန်းလေးဖွင့်ကြည့်လျှင် အောက်ပါ
ပုံလေးအတိုင်ပေါ်လာသည်။

Screenshot_2020_0520_073319.jpg

ဆိုတော့ ကိုယ်ရေသောက်လိုက်တဲ့ ပမာဏကို record နှပ်ပြီး
မှတ်ထားလိုက်သည်။ မိမိရေသောက်လိုက်တိုင်း သည် Noti လေး
ဖွင့်ပြီး မှတ်သားထားပေးခြင်းဖြင့် တစ်နေ့တာလုံး မိမိရေဘယ်
လောက်သောက်သုံးပြီး ကျန်းမာရေးနှင့် ညီညွတ်ကြောင်း၊ လိုအပ်
လျှင်လည်း လိုအပ်ကြောင်း သည်noti လေးကပြပေးပါသည်။
အတော်လေးကောင်းသော လုပ်ဆောင်ချက်လေးဖြစ်ပါသည်။

သို့သော် ကျွန်တော်သည် ထိုnoti လေးကိုဖွင့်ကြည့်မိတဲ့နေ့ရှိသလို၊
​မြင်ပေမဲ့ ဖာသိဖာသာ နေခဲ့သော နေ့တွေလည်းရှိပါသည်။ သို့ပေမဲ့
သည် noti လေးက ဝတ္တရားမပျက်ခဲ့ နေ့တိုင်းအချိန်တိုင်း သတိပေး
နေသည်။ ဆိုတော့ ကျွန်တော်တွေးမိသည်က ကျွန်တော်တို့သည်
လည်း အကျင့်ကောင်းလေးတစ်ခုကို သည် Noti လေးကဲ့သို့
စွဲစွဲမြဲမြဲ လုပ်ဆောင်မည်ဆိုလျှင် အောင်မြင်နိုင်မည်ဖြစ်သည်။
လူဆိုသည်မှာ ကောင်းတာထက် မကောင်းတာလုပ်ရခြင်းကို ပို၍
နှစ်သက်သော သဘောရှိသည်။ ကောင်းသောအလေ့အကျင့်ကို
နေ့စဥ်ပုံမှန် ဝတ္တရားအတိုင်းလုပ်ဆောင်မည်ဆိုလျှင်၊ နေ့စဥ်ထမင်း
စားသလို မ​ဖြစ်မ​​နေဆောင်မည်ဆိုလျှင် ကြာလာသောအခါ သည်အလေ့ကျင့်ကောင်းလေးသည် မိမိနှင့်အသားကျသွားမည်
ဖြစ်သည်။စာရေးဆရာ တွေကလည်းကောင်းသောအကျင့်ကိုစွဲစွဲမြဲမြဲ လုပ်ကြဖို့၊ မွေးမြူကြဖို့ ရေးလေ့ပြောလေ့ရှိသည်။

အလေ့ကျင့်ကောင်းမှ မဟုတ်ပါဘူး။ မိမိ၏ရည်မှန်းချက်ကို အကောင်ထည် ဖော်လုပ်ဆောင်ရာမှာလည်း သည်နည်းကိုအသုံးပြု
နိုင်ပါသည်။ ဥပမာ မိမိက ချမ်းသာချင်သည်ဆိုပါစို့။
မိမိ၏ တစ်နေ့တာ လုပ်ငန်းဆောင်တာများထဲမှ မိမိချမ်းသာဖို့
အကြောင်းရင်းတွေကို ပိုမိုအချိန်ပေးလုပ်ဆောင်လျှင် အောင်မြင်
နိုင်မည်ဖြစ်သည်။ ဖုန်းထဲက Noti လေးလို လုပ်ချင်ချင် မလုပ်
ချင်ချင် အချက်ပေးလုပ်ဆောင်ဖို့တော့လိုအပ်ပါသည်။ ခိုင်မာသော
စိတ်ဆုံးဖြတ်ချက် ချမှက်ထားဖို့လိုသည်။

ကျွန်တော်၏ အတွေများလည်း တော်တော်ရှည်သွားပြီမို့ သည်လောက်နှင့်သာ တင်ပြပေးလိုက်ရပါသည်။ မိမိစဥ်းစားမိသမျှ၊
ဖတ်ဖူး၊ နားလည်ဖူးခဲ့တာတွေနဲ့ ချင့်ချိန်ပြီး တင်ပြထားခြင်းမို့
အမှန်ဟုလည်းကောင်း၊ နည်းလမ်းကောင်းဟု လည်းကောင်း
မမှတ်ယူစေချင်ပါ။ ကျွန်တော်ကသာ စာရှည်နေပါသည်။ ယခုချိန်ခါ
သည် Hive blog တွင် စာရှည်ရှည်ကို ခေါင်းစားခံပြီး ဖတ်ဖို့
အချိန်ပေးနိုင်ကြလိမ့်မည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ယနေ့ မိမိကြိုးစားမှုသည်။ နှောင်တစ်ချိန်တွင် မိမိ၏ ပုံရိပ်ဖြစ်လာမည်မှာ
အမှန်ပင်ဖြစ်ပါတော့သည်။

ကိုကိုမိုးဟိန်း
@myanmarkoko