Hello steemain!
I would like to share some photos that I took them from my trip...
Have a good feeling by seeing my natural photos!
Thank you
မင်္ဂလာပါ နံနက်ခင်းပါ စတီးမစ်မိသားစုဝင်များခဗျာ...
ကျန်းခန်းသာလို့မာကြပါရဲ့လားဗျ!!!...
ဒီနေ့တော့ သဘာဝပုံလေးတွေကို ရှူစားနိုင်ဖို့ တင်ပေးပါရစေဗျ။
ဒီပုံတွေကလည်း လေ့လာရေးခရီးဖြစ်ခဲ့တဲ့ တောင်ကြီး၊ အင်းလေး လွိုင်ကော် မှရိုက်ယူခဲ့သော ပုံများဖြစ်ပါတယ်။
လေ့လာရေးခရီးလို့ဆိုပေမဲ့ နေရာတစ်ခုကို အချိန်နဲ့သာသတ်မှတ်ပြီး လည်ပက်ခဲ့ရတာမို့ ဘာမှတော့ မည်မည်ရရ မလေ့လာဖြစ်ခဲ့ပါ။
ကားစီးလိုက်၊ အိပ်လိုက်၊ ဘုရားဖူးလိုက်၊ ဂူထဲဝင်လိုက် နဲ့
အတော်ကိုပင်ပန်းခဲ့ရပါတယ်။ ပင်ပန်းတယ်ဆိုတာကလည်း အချိန်အကန့်သက်နဲ့ လည်ပက်ရသည်မို့ပါ။ ထို့ကြောင့် ဘာသမိုင်းကြောင်းမှလည်း မလေ့လာဖြစ်ခဲ့ပေ။ ဘုရားကို ပုစိန်နဲ့ပေါက်ပြီး ပြန်လာရသမျိုးဖြစ်ခဲ့ပါတယ်။ ဒီကြားထဲကပဲ
မြန်မာစတီးမစ်မိသားစုဝင်များကို ပြန်လည်ဝေမျှနိုင်ရန် သဘာဝပုံလေးတွေကို တက်နိုင်သလောက်ရိုက်ကူးခဲ့ပါတယ်။
နောင်များကျရင် တစ်ကိုယ်ထဲလေ့လာရေးခရီးတွေသွားကာ စာရေးနိုင်ဖို့ မျော်လင့်မိပါတယ်။
ဒီရည်မှန်းချက်ကလည်း သိပ်မဝေးတော့ပါ၊ အဘယ့်ဆိုသော်
ကိုစိုင်းပို့စ်ရေးပြီးတင်ထားသလို စတီးမစ်မှာ စိန်ကျော၊ ရွေကျောတွေရှိနေပါတယ်လေ။ ကျောနှစ်ခုထဲက တစ်ခုမိလို့ကတော့
ကျွန်တော်မျော်လင့်ထားသလို ဖြစ်မလာနိုင်စရာ အကြောင်းရှိပါ့မလား၊ ဒီလိုတွေးမိတိုင်း ကြည်နူးမိရပါတယ်လေ။
အဲ... ပုံတင်မယ်ဆိုပြီး စကားနဲနဲများသွားတယ်။ မျက်စိနောက်ပြီး ပုံလေးတွေ အားမပေးသွားမှာလည်း စိုးရသေးတယ်ဗျို့။
ကျွန်တော့်ရဲ့ မလှတလှရိုက်ချက်လေးတွေကို သည်းခံအားပေးကြရင်း ပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ကြပါစေဗျာ...
ကိုကိုမိုးဟိန်း
သစ်အယ်သီး (chestnut)
MSC no. 118