၂၀၂၀ ခုနှစ် ဆိုသောနှစ်တစ်နှစ်ကုန်ဆုံးသွားပြန်ပြီ။ လပေါင်းအားဖြင့်၁၂ လသည် လည်းကောင်း၊ ရက်သတ္တပတ် အားဖြင့် ၅၂ရက်သတ္တပတ်သည်
လည်းကောင်း၊ ရက်ပေါင်းအားဖြင့် ၃၆၅ရက်သည်
လည်းကောင်း၊ နာရီပေါင်းအားဖြင့် ၈၇၆၀နာရီသည်
လည်းကောင်း၊ မိနစ်ပေါင်းအားဖြင့် ၅၂၅၆၀၀မိနစ်
သည်လည်းကောင်း၊ စက္ကန့်ပေါင်းအားဖြင့်
၃၁၅၃၆၀၀၀ စက္ကန့်တို့သည်လည်းကောင်း ယူပစ်လိုက်သလို မြန်ဆန်စွာ ကုန်လွန်ခဲ့ရပေသည်။
Photo Created in Canva
၂၀၂၀ ခုနှစ်တွင်း အချိန်တိုင်းစက္ကန့်တိုင်း စိတ်တွင်
တမ်းတမ်းတတ ဖြစ်နေခဲ့ရသည် ကိုမြင့်နိုင်ကြီး
(ကိုဗစ်နိုင်တင်း)။
ရင်တမမ ဖြင့် စိုးရိမ်နေခဲ့ရသည်က အိမ်တစ်အိမ်၏
အသက်သွေးကြော ကိုဆန်ပုံး။
မျှော်တလင့်လင့် စောင့်မျှော်နေခဲ့ရသည်က ပေါ်လိုက်ပျောက်လိုက် ကိုLockDown။
မမြဲဘူးဆိုသော သဘောတရား ကို ရင်တကော့ကော့
သက်သေထူပြနေသည်က ပြားချက်ချက် ပိုက်ဆံအိပ်။
မင်းမရှိရင် မနေနိုင်ဘူးဆိုတာထက် ကဲနေတာက
တော့ လက်ထဲက Vivo V7အနက်ကလေး။
သြော်... ၂၀၂၀ ခုနှစ်သည် အစုံသုတ်သော အသုတ်စုံလို ရောသဗြွန်းမွှေကာ ကသောင်းကနင်း
နိုင်လှသည်။ အထူးခြားဆုံးကတော့ တစ်ကမ္ဘာလုံး
ဖျားနာနေခဲ့ခြင်းပင်ဖြစ်ပေသည်။
မျက်နှာဖုံးစွပ်သော ခုနှစ်ဟုလည်း မှတ်တမ်းဝင်ခဲ့ပါ
တော့သည်။
ကိုကိုမိုးဟိန်း
2.1.2021 / Sat
We are meeting with a comment in here. We are lucky to be a friend and with the same goal. That is why leave a comment in this post below and get a vote
(=1 pal) from me.
Have a nice day!
You can connect to me free freely
Click here to go my FB account>>>
@myanmarkoko
KoKoMoeHein