ဒီနေ့ မိုးကရွာလိုက်၊ သိပ်လိုက်၊ သည်းလာလိုက်၊ စဲသွားလိုက်ဖြင့်
ပုံစံအမျိုးမျိုးဖြင့် မိုးဟာ သွန်းဖြိုးနေတယ်။ ကျနော့်မှာလည်း သတိရလိုက်၊ လွမ်းလိုက်ဖြင့် ငယ်ဘဝက ပြင်ဦးလွင် မြို့မှာ ကြီးပြင်းခဲ့ရပုံတွေကို ပြန်ပြောင်းတွေးနေမိ။
ရုတ်တရက် မိုးချိန်းသံကြား၊ ရင်ထဲစိမ့်သွား။ လက်ထဲမှာကိုင်ပြီး
ဖတ်နေမိတဲ့စာအုပ်က ဟိုးလွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က အဖြစ်ပျက်ဆိုး
ကြီး နာဂစ်မုန်တိုင်းကို အခြေခံထားတဲ့ ဝတ္ထုစာအုပ်။ စာအုပ်နာမည်က မွန်းကျပ်စေသော ပန်းကမ္ဗလာ၊ စာရေးဆရာက
မြနှောင်းညို၊ စာဖတ်သူကျွန်တော့်မှာတော့ ဖတ်ရင်းငို၊(တကယ်မငိုပါဘူးဗျ၊ မျက်ရည်တော့ဝဲရတယ်)။
နာဂစ်နတ်ဆိုးမွှေပြီး လူသားတွေ အိုးမဲ့၊ အိမ်မဲ့ စားရမဲ့၊ သောက်ရမဲ့၊
ဘဝကို နလန်မထူနိုင်အောင် လှဲပြိုနေခိုက်၊ ကိုယ့်ဘို့ပဲသိတဲ့ လူသား
မဆန်တဲ့ အသားထဲကလောက်ထွက်တဲ့ လူတစ်ချို့က လူကုန်ကူး။
အော် ဆောင်းဦးလှိုင်ရဲ့ မိုးခါးရေသီချင်းကို နှလုံးသွင်းမိ။
လူကုန်ကူးမှုကို ဘယ်လိုဖမ်းမိပြီး၊ မှုန်တစ်ယောက် နာဂစ်ဒဏ်သင့်ခဲ့ ငယ်ချစ်ဦးကိုပြန်တွေ့နိုင်မလားဆိုတာကတော့ ဒီစာအုပ်လေးကို
ဖတ်ကြည့်၊ အသဲခိုက်သွားမှာသေချာ။ အသဲခိုက်အောင်ကို
နာကျင်အောင် ရေးသားနိုင်စွမ်းရှိတဲ့ ဆရာ မြနှောင်းညို...
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Book review
ကိုဗစ်နိုင်တင်း ကပ်ရောဂါအချိန်ခါတွင်း ဖတ်ပြီးခဲ့သောစာအုပ်။
Apr 30 2020. Thu
3pm.