Myanmar Hive Community မိသားစု
ဝင်များအားလုံး မင်္ဂလာပါ...
ဒီနေ့မှာတော့ မိမိ၏ Hive feeds တွင်တက်လာ
သော သတင်းများ၊ ပိုစ်များကို ဖတ်မိရင်းဖြင့်
Music for life Platform ကိုတွေ့ရှိခဲ့ပါသည်။
Music lovers များအတွက် အထူးကောင်းမွန်
ပါသည်။ လူတိုင်းကတော့ Music နှင့် မကင်းနိုင်
ကြပါ။ ကြှနျုပျတို့သညျ စိတ်ဖိစီးမှုများ ကြုံတွေ့
လာကြတိုင်း သီချင်းတစ်ပုဒ်အား အော်ဟစ်သီဆိုကာ
စိတ်ထွက်ပေါက် ရှာတက်ကြသည်။ ထို့အတူပင်
Music သည် လူသားတိုင်း၏ နှလုံးသားကို
နူးညံ့စေနိုင်သည်။
Myanmar Community အနေဖြင့် အခုမှ
အစပျိုးခြင်းကြောင့် မြန်မာဘာသာဖြင့် ရေးသားတင်
လျှင် အတော်ပင်မျက်နှာငယ်ရပါသည်။
Music for life Platform တွင်ပိုစ်တင်လျှင်
English သီချင်းများကိုမျှဝေနိုင်ကြသည်။ သီချင်း
နှင့် ပတ်သက်ပြီး ခံစားချက်များ မျှဝေနိုင်သည်။
tage ကိုတော့ music ဟုတွဲလျှင်ရမည်ထင်သည်။
ထို့အတွက် Vibes token များကို ရရှိကြသည်။
လက်ရှိ Vibes ပေါက်စျေးမှာ 2.6 Vibes သည်
1 Hive နှင့် ညီမျှသည်။ ထို့ကြောင့် Vibes
ဝယ်ပြီး Stake လုပ်ကာ အကျိုးမြတ်ရှာဖို့ မလွယ်
ကူတော့ပါ။
ကျွန်တော်ပြောချင်သည်မှာ မိမိတွင်
Vibes Power များ ပိုင်ဆိုင်ထားလျှင် Myanmar song များကို Review ရေးသား
ခြင်း၊ မျှဝေပေးခြင်း ပြုလုပ်နိုင်သည်။ ထို့အတူ
Myanmar community သို့ လူသစ်များအား
ဆွဲခေါ်နိုင်လိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့
Music သည် လူတိုင်းနှင့်ပက်သက်နေသောကြောင့်
ဖြစ်ပါသည်။ ယခုအခါမှာ မြန်မာလူငယ်များကို
Hive ပေါ်တွင် စာရေးသားရင်း ပိုက်ဆံရှာနိုင်သည်
ဟု ပြောပြလျှင် အချို့က စိတ်ဝင်စားကြသည်။
အချို့ကတော့ လုံးဝစိတ်ဝင်မစားကြပေ။ စိတ်ဝင်စား
သူများ ကြပြန်တော့လည်း စာရေးခြင်းအလုပ်နှင့်
မကျွမ်းဝင်သောကြောင့် မဝံမရဲဖြစ်ပြီး လက်လျော့
သွားကြပါသည်။ ယခုလိုမျိုး Music အကြောင်း
မျှဝေရင်းဖြင့် ပိုက်ဆံရှာနိုင်ဟု ပြောပြလျှင်တော့
ပိုပြီး စိတ်ဝင်တစားဖြင့် လုပ်ကြလိမ့်မည်ဟု ထင်ပါ
သည်။ ဤအကြောင်းအရာများမှာ ကျွန်ုပ်၏ အတွေး
များသာ ဖြစ်ပါသည်။ မိတ်ဆွေများ၏ အတွေးမြင်
များကို ဤပိုစ်အောက်တွင် လွပ်လပ်စွာ အကြံဉာဏ်များ
မျှဝေပေးကြဖို့ တိုက်တွန်းလိုက်ရပါသည်။
Music for life Platform အား အောက်ပါ
လင့်ခ်ကနေ ဝင်ရောက်နိုင်ပါသည်။
https://www.musicforlife.io/trending
နောက်ဆုံးအနေဖြင့် Music အကြောင်းလည်းဖြစ်၊
ဤPlatformတွင် ပထမဆုံး ပိုစ့်ဖြစ်သောကြောင့်
သီချင်းလေးတစ်ပုဒ်ဖြင့် နှုတ်ဆက်လိုက်ရပါသည်။
သီချင်းနာမည်ကတော့ ဒုတိယဘုရားသခင် ဖြစ်ပြီး
မူရင်းအဆိုတော်မှာ ဖြိုးမြတ်အောင်ဖြစ်ပါသည်။
အထက်ပါသီချင်းအား Youtube မှရှာဖွေပြီး
ပြန်လည်မျှဝေပေးထားခြင်းဖြစ်ပါသည်။
ကိုကိုမိုးဟိန်း
Remember!
We are meeting here by one comment.
I am very active in comment section. Leave a comment and get some PIZZA!
Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein