စစ်အာဏာရှင် မကျရှုံးမခြင်း သည်ပိုစ်မျိုး
ကို နေ့စဥ်တင်သွားပါမယ်။ နှောင်တချိန်
မိမိ၏ မျိုးဆက်များ သိရှိစေရန် မှတ်တမ်း
တင်ထားတဲ့သဘောဖြစ်ပါတယ်။
ဝမ်းနည်းဖွယ် နေ့တစ်နေ့
ကမ္ဘာမကြေဘူး...
ဒီမိုကရေစီ တိုက်ပွဲတွင်းမှာ ကျဆုံးသော
သြော် သူရဲကောင်းတို့ရေ...
ကြယ်တစ်ပွင့်သို့...
တသက်လုံး အကြောက်တရားနဲ့
အသက်ဆက်မရှင်ချင်လို့
စစ်အာဏာရူးတွေကို ချေမှုန်းတဲ့
ဒီတိုက်ပွဲမှာ ကြွေလွင့်ခဲ့ရတဲ့
ကြယ်တစ်ပွင့်...
ပြည်သူတွေရင်ထဲမှာ ဘယ်တော့မှ
ပျောက်ကွယ်မသွားဘူး။
သြော်...
မင်းတုန်းမင်း စကားနဲ့ ပြောရရင်
လူကို ခွေးသတ်လေခြင်း....
(၉ရက် ၂လ ၂၀၂၁ ဒီမိုကရေစီတိုက်ပွဲတွင်
ကြွေလွင့်ခဲ့သော မြတ်သက်သက်ခိုင်သို့...)
၁၁ရက်၊ ၂လ၊ ၂၀၂၁ ခုနှစ် ဒီမိုကရေစီတိုက်ပွဲတွင်
ကျွန်တော်ကိုယ်တိုင် ပါဝင်နိုင်ခဲ့ပါသည်။
ဆန္ဒပြပြည်သူတွေကို မြင်ရတဲ့အခါ
စစ်အာဏာရှင်ကို ပိုပြီး ရွံမုန်းမိပါသည်။
အများစုမှာ လူငယ်လေးများဖြစ်ကြပြီး
သူတို့ရဲ့ အနာဂတ်အတွက်
သူတို့ကြိုးစားတိုက်ပွဲဝင်နေကြခြင်းပင်ဖြစ်သည်။
ဒီမိုကရေစီ ပြန်မရမခြင်း
ဒီတိုက်ပွဲကို ဆက်တိုက်နေပါဦးမည်။
ကိုကိုမိုးဟိန်း
KoKoMoeHein