ခရုချက်နှင့် MSC ကိုသက်(Snail Curry Myanmar style)

ခရုချက်နှင့် MSC ကိုသက် မနေ့က ယောက်ဖမှ ခရုချက်စားရန် ဝယ်ခဲ့သောကြောင့် ကျွန်တော့်အိမ်တွင် ခရုချက်စားဖြစ်ခဲ့ပါသည်။ ယောက်ဖမှာ စားဖိုမှုး တစ်ယောက်ဖြစ်၍ ဟိုတယ်တွင် အလုပ် လုပ် ကိုင်ပါသည်။ လစာမှာ ၇ သိန်း ၈ သိန်းကြားရရှိသည...

4 years ago, comments: 16, votes: 21, reward: $0.36

ခရုချက်နှင့် MSC ကိုသက်

မနေ့က ယောက်ဖမှ ခရုချက်စားရန် ဝယ်ခဲ့သောကြောင့်
ကျွန်တော့်အိမ်တွင် ခရုချက်စားဖြစ်ခဲ့ပါသည်။ ယောက်ဖမှာ
စားဖိုမှုး တစ်ယောက်ဖြစ်၍ ဟိုတယ်တွင် အလုပ် လုပ်
ကိုင်ပါသည်။ လစာမှာ ၇ သိန်း ၈ သိန်းကြားရရှိသည်။
Thai Food နှင့် Chinese Food များကို
ကျွမ်းကျင်စွာ ချက်ပြုပ်နိုင်သည်။

သူကခရုဝယ်လာပြီး Myanmar Style ဖြင့်ခရုကို
ဆန်လှော်၊ ဂျင်း၊ ကြက်သွန်မိတ်တို့နှင့် ချက်ပြုပ်ပြီး၊
ကျွန်တော်က ဘေးမှ သင်ယူပါသည်။ ထို့ကြောင့် ပိုစ်တင်ရန်
စိတ်ကူးရ၍ ဓာတ်ပုံများရိုက်ယူခဲ့ပါသည်။ အောက်ပါ ဓာတ်ပုံ
များကြည့်၍ ခရုကြိုက်သူများ သွားရည်ယိုနိုင်ပါသည်။

IMG_20210513_165456.jpg

IMG_20210513_165428.jpg

IMG_20210513_103159.jpg

IMG_20210513_101907.jpg

IMG_20210513_103213.jpg

ခရုချက်နှင့် MSC ကိုသက် Story

ခရုချက်ဆိုပြီး ပိုစ်တင်ဖို့ စိတ်ကူးမိသည်နှင့် တွဲဖက်ရေးသား
ရန် MSC Steemit မှ @thatkozaw ကိုသက်
ကိုသွားပြီး သတိရမိပါသည်။ ကိုသက်နှင့် ခရု အကြောင်းစပ်
မိခဲ့ပုံက သည်လိုပါ။ ၂၀၁၉ နှစ်က ဖြစ်မည်ထင်သည် ရက်စွဲ
တော့အတိကျ မမှတ်မိတော့။ @goledn.future ကိုဟိန်းနှင့်ကိုသက်တို့ ဆုံကျပြီဆိုလျှင် သတိတရ ကျွန်တော့်ကို တွေ့ဖို့
ခေါ်နေကြဖြစ်သည်။

ကျွန်တော့်မှာ ထိုအချိန်က ဟိုတယ်ဝန်ထမ်းဖြစ်ခဲ့၍ Duty
ချိန်နှင့်အားလျှင် ကိုသက်တို့ ခေါ်သည်နှင့်ကြုံလျှင် သွား
ရောက်တွေ့ဆုံစမြဲဖြစ်သည်။ အဲ့ဒီနေ့က သွားရောက်တွေ့ဆုံဖြစ်
ခဲ့ပါသည်။ ကိုသက်မှာ မကြာသေးမီကမှ ဘုန်းကြီးဝတ်ထား၍
ကတုံးပြောင်နှင့် ဖြစ်သည်။ ကိုဟိန်းနှင့် ကိုသက်က ထုံးစံအ
တိုင်း ရောက်နှင့်ပြီးဖြစ်၍ အမြီးများမှာထားကြသည်။ ရေချိန်
လည်း ကိုက်နေကြပြီ။

ကိုသက်က အမြည်းပန်းကန်ထဲမှ ခရုများကို တပြွတ်ပြွတ်
နှင့်စုပ်ကာ မြိန်ရည်ရှက်ရည် စားသုံးနေ၏။ ကိုဟိန်းကတော့
နဲနဲညှီသည်ဆိုကာ သိပ်မစားပါ။ မိုးကြိုးပစ်စေ့ပါ။ အဲ့ဒီချိန်ကျ
မှ ခရုကိုကျွန်တော်စတင်ပြီး စားဖူးခြင်းဖြစ်ပါသည်။ ထိုအချိန်
ကတော့ ခရုမစုပ်တက်ခဲ့သောကြောင့် အရည်ကိုသာ သောက်
ဖြစ်ခဲ့ပါသည်။ ခုချိန်မှာတော့ ခရုကို အားပါးရစုပ်တက်နေပြီ
ဖြစ်ပြီး၊ ခုချိန်များ ကိုသက်နှင့် ပြန်ဆုံဖြစ်ခဲ့လျှင် ခရုစုပ်ပြိုင်ရန်
အသင့်ဖြစ်နေပါပြီ။ ကိုသက်နှင့်ခရု အကြောင်းကတော့
ဒီလောက်ပါပဲ။

စာပို။ ကိုသက်မှာ ခရုများကို ကိုယ်တိုင် မြစ်ချောင်း
ထဲတွင် လိုက်ဖမ်းပြီး ချက်ပြုပ်စားသောက်လောက်
အောင် ခရုကြိုက်သောကြောင့် ကိုကြီးနှင့် ပြိုင်လျှင်
ကျွန်ုပ် ရှုံးမည်ကား အသေချာပင်။😁

ကိုကိုမိုးဟိန်း


Thank You


Remember!

We are meeting here by one comment.
I am very active in comment section. Leave a comment and get some PIZZA!

Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein