MSC gathering နှင့် အမှတ်ရများ (၁)
...
03 . 08 .2018, Friday *
နေ့လည်(၁)နာရီခွဲဆိုသည့်အချိန်ကား မန္တလေးမြို့တွင်
ခြစ်ခြစ်တောက်ပူသော အချိန်ဖြစ်သည်။ ကြက်ဥကိုခွဲကာ
ကတ္တရာလမ်းပေါ် ပစ်ချလိုက်လျှင် ထိုကြက်ဥမှာ
ကြော်ပြီးသားဖြစ်သွားပေလိမ့်မည်။
ပြောချင်သည်ကား ကြက်ဥမဟုတ် ၊ ထိုကဲ့သိို့ ပူအားကြီးသော
အချိန်တွင် ဘာကိုမှမမှုဘဲ ပေတစ်ရာလမ်းမပေါ်တွင်
ရည်းမှန်းချက်အပြည့် ယုံကြည်မှု အပြည့်နှင့် ဆိုင်ကယ်မောင်းနှင်နေသော လူတစ်စုအကြောင်းဖြစ်သည်။ ဆိုင်ကယ်၃စီး လူခြောက်ယောက်ဖြစ်၏၊ ရှေ့ဆုံးကဆိုင်ကယ်ကတော့@billionaireheinကိုဟိန်းနှင့် သူ၏ဇနီးဖြစ်သည်။
အလယ်ဆိုင်ကယ်က@aunggyi100ကိုအောင်ကြီး
နှင့်MSC admin ဦးစိုးဖြစ်သည်။ နောက်ဆုံး
ဆိုင်ကယ်ပေါ်တွင်တော့ ကျွန်တော် မောင်ကိုကိုမိုးဟိန်းနှင့်@konyinyitunဖလော်ဆော်ဖီ ကိုညီညီတို့ဖြစ်ကြသည်။ သူတို့အားလုံး၏ ဦးတည်ရာကား ရှေးဟောင်းယဉ်ကျေးမှု
မြို့တော် ပုဂံ သို့ဖြစ်သည်။ အကြောင်းမှာ ပုဂံတွင် MSC gathering ကျင်းပမည်ဖြစ်သောကြောင့် ယခုလို မန္တလေးမှ MSC members ၀င်များအတူတူ ပုဂံသို့ ခရီးနှင်နေခဲ့ခြင်း
ဖြစ်သည်။
ထိုကဲ့သို့ ခရီးသွားနေချိန်တွင် ကျွန်တော်၏စိတ်တွင် အံ့သြနေမိ၏။ အကြောင်းကား တခြားမဟုတ် ကိုအောင်ကြီး
ကြောင့်ပင်ဖြစ်၏။
ကိုအောင်ကြီးမှာ အသားမည်းသည်ဆိုတာထက် အညိုဘက်
ကိုသန်းသည်။ ဆံပင်က ဘုတ်သိုက်၊ တီရှက်အင်္ကျီအတိုနှင့် ပုဆိုးကို ခပ်တိုတို ၀တ်ထားသည်။ တကယ်ကို ရိုးရှင်းသော
ပုံပန်းသဏ္ဌန်ဖြစ်ပြီး အလွန် သဘောမနှောကောင်း၏။
အံ့သြရခြင်းဆိုသည်ကား ယခုလို မိုင်ရာချီဝေးသော ခရီးကို အပေါ်အင်္ကျီဘာမှမပါပဲ တီရှက်လက်ပြက်နှင့် ခရီးထွက်ခဲ့ခြင်းကိုဖြစ်သည်။ သိပ်မကြာပေ တစ်နာရီကျော်လောက် ခရီးနှင်ပြီးခဲ့ချိန်တွင် ကိုရွှေမိုးက ရွာသွန်းလေတော့သည်။
ကျွန်တော်တို့မှာ ခရီးကျန့်ကြာမည်စိုး၍ မိုးထဲလေထဲပင် ဆက်လက်ခရီးနှင်ခဲ့ကြသည်။ ကိုအောင်ကြီးတော့ မသိ အပေါ်
အကျႍအနွေးထည်ပါသော ကျွန်တော်ပင် ခိုက်ခိုက်တုန်အောင်ချမ်းနေခဲ့၏၊
ကိုအောင်ကြီးကား ဘာမှဖြစ်သည့်ပုံမပေါ် ကွမ်းတမြုံ့မြုံ့နှင့်
အေးအေးဆေးဆေးပင်ဖြစ်၏။ ကျွန်တော်၏စိတ်တွင်
ကိုအာင်ကြီးကို သံမဏိလူသားဟုပင် ထင်မိလေသည်။
(၂)နာရီကျော်ကြာအောင် ခရီးနှင်ခဲ့ပြီးသော် မြင်းခြံမြို့သို့
ရောက်ခဲ့လေသည်။ လမ်းမှာကျဉ်းလှပြီး ဆိုင်ကယ်များနှင့်
စည်းကားနေ၏။ ခရီးတစ်ထောက်နားရန် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြသည်။ ကိုယ်စားချင်တာကို မှာကြ၏။ ဦးစိုးသည် စားပြဲထိုးကို "လက်ဖက်ရည်တစ်ခွက်"ဟုမှာလိုက်လေသည်။ ထိုအခါ ဘေးနားမှ ကိုဟိန်းက" ဟာ ဦးစိုးက စစ်ကိုင်းမှာလည်း လက်ဖက်ရည်သောက်ခဲ့သေးတယ်မလား "ဟုမေးရာ
ဦးစိုးက" အေ ဟုတ်တယ်လေ ။ ဘာတုန်း လက်ဖက်ရည်
နှစ်ခွက်မသောက်ရဘူးလား၊ ။ဘီယာနှစ်ခွက်သောက်ရင် ဘာမှမပြောဘူး။ လက်ဖက်ရည်နှစ်ခွက်သောက်တော့ ပြောခံရတာ
ပေါ့ကွာ" ဟု စစနောက်နောက် ပြောလိုက်သောကြောင့် အားလုံး၀ိုင်းရယ်ကြ၏။ ခရီးပန်းလာသော အမောများပင်ပျောက်သွားချေ၏။ MSCအဖွဲ့၀င်များသည် Steemit ပေါ်တွင်သာမဟုတ်ပဲ တကယ့်အပြင်လက်တွေ့တွင်လည်း စိတ်သဘောထားပြည့်၀ကြကာ ညီရင်းနှမတဖွယ် ပြောဆိုဆက်ဆံကြသောကြောင့် ကျွန်တော်၏စိတ်တွင် သူစိမ်းဆိုသောစိတ် စိုးစေ့မျှပင်မကျန်တော့ပေ။
Aug 05 2020
ကိုကိုမိုးဟိန်း
KoKoMoeHein