MSC အလွမ်း

MSC အလွမ်း ဒီမနက် ၁၀ နာရီလောက်တွင် အဆောင်မှာနေရင်း ဖရီးကွိုင်လေးရဖို့ ဖုန်းလေးပွတ်နေချိန် ဖုန်းစိမ်း ဝင်လာခဲ့လို့ ကိုင်လိုက်တော့ အသံက အောအော ကြီးမို့ ပထမ မမှတ်မိဘူးဗျ။ နောက် သေချာ နားထောင်မှ ကိုဟိန်း ဖြစ်နေမှန်...

5 years ago, comments: 8, votes: 11, reward: $0.24

MSC အလွမ်း

ဒီမနက် ၁၀ နာရီလောက်တွင် အဆောင်မှာနေရင်း
ဖရီးကွိုင်လေးရဖို့ ဖုန်းလေးပွတ်နေချိန် ဖုန်းစိမ်း
ဝင်လာခဲ့လို့ ကိုင်လိုက်တော့ အသံက အောအော
ကြီးမို့ ပထမ မမှတ်မိဘူးဗျ။ နောက် သေချာ
နားထောင်မှ ကိုဟိန်း ဖြစ်နေမှန်းသိလိုက်ရတယ်။

ဖုန်းခေါ်ရတဲ့ အကြောင်းကတော့ တွေ့ဆုံကြဖို့ပါ။
ကိုဟိန်းက ကိုသက်အိမ်မှာ ကိုသက်အပြင်သွားနေ
လို့ စောင့်နေရကြောင်း၊ ပြီးလျှင် မိုးဟိန်း ကျွန်တော့်
ဆီ လာပြီး တစ်ခုခုစားသောက်ကြဖို့ စီစဥ်ဆွဲထား
ကြောင်း သိရပါတယ်။ ကျွန်တော်လည်း နေ့လည်
၁ နာရီ ခွဲထိအားကြောင်း၊ ထိုပြီးတာနဲ့ အလုပ်ဝင်
ရမဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။
ကိုဟိန်းက မန်းလေးရောက်ပြီဆိုရင်တော့ MSC
အဖွဲ့သားတွေနဲ့ ဆုံချင်တဲ့ဆန္ဒက ဘယ်သူမှ တားလို့
ရမယ်မထင်ပါဘူး။ ဘယ်တော့ပဲ ဆုံတွေ့ဆုံတွေ့
ကိုဟိန်းက ရှေ့က ဦးဆောင်နေကျ။

nk7dkk.jpg

၁၂ နာရီ ၁၅ မိနစ်လောက် ကိုဟိန်းတို့ ချိန်းချက်ထား
ရာ အမြဲကောင်း စားသောက်ဆိုင်ကို ရောက်ရှိသွား
ပါတယ်။ ကိုဟိန်းနဲ့ ကိုသက်က အရမ်းချစ်ဖို့ကောင်းပါတယ်။ ကျွန်တော် အလုပ်ဝင်ရမှာမို့ နောက်ကျမှာ စိုးတဲ့အတွက် ကျွန်တော့်နေတဲ့ဘက် လမ်း ၃၀ ထိ လာကြတယ်။
MSC ဆိုတာက ဖြစ်လာကတည်းက ခင်ခဲ့ကြတဲ့
အကိုကြီးတွေ ဘယ်ချိန်တွေ့တွေ့ တပြုံးပြုံးနဲ့
နွေးနွေးထွေးထွေး ဆက်ဆံတက်ကြစမြဲပါ။

ပြန်ဆုံတွေ့ကြတော့ အကိုကြီးတွေက ခရုချက်ကို
မှာစားနေကြပါတယ်။ ဘီယာလေးနဲ့ မြည်းရင်းပေါ့။
ကျွန်တော်လည်း တစ်ခွက်လောက်ကစ်ဖို့ မှာလိုက်ပါတယ်။ ကိုသက်ကတော့ ခရုကို အားပါး
တရ စုပ်ရင်း ခရုကိုသိပ်ကြိုက်ကြောင်း​၊ တလောလေး ကမှ ကိုယ်တိုင်မြောင်းထဲဖမ်းပြီး ချက်စားဖြစ်ကြောင်းပါ ဖောက်သည် ချပါတယ်။
ကိုဟိန်းကတော့ သိပ်ကြိုက်ပုံမရ နဲနဲညှီနံ့ရကြောင်း၊
အရည်ကတော့ သောက်လို့ကောင်းကြောင်း
ပြောပါတယ်။ ကျွန်တော်လည်း စုပ်ကြည့်တော့
ညှီနံ့ ရသလိုဖြစ်လို့ ကိုဟိန်း စကားကို ထောက်ခံတော့။ ကိုသက်က ငါးညှီ နံ့ မခံနိုင်ပေမဲ့
ခရုကိုတော့ အရမ်းကြိုက်ကြောင်း ပြောပြောဆို
ခရုတွေကို တစ်ကောင်ပြီး တစ်ကောင် စုပ်ပြန်ပါတယ်။ ကျွန်တော်စဥ်းစာမိတာက ကိုသက်ကို နာမည် ပြောင်ပေးဖို့လေ။ Cute Ko that ဆိုပြီး။ မြန်မာလိုဆိုရင်တော့ ခရု ကိုသက်ပေါ့။
ကိုသက်ရေ ကျွန်တော့်ရဲ နာမည်ပြောင်လေးကို ကြိုက်ရဲ့လား။ အဟဲ ဆဲခံထိတော့မလားမသိ။

ဖရီးကွိုင်တွေကြောင်းပြောလိုက်၊ wallet တွေအကြောင်းပြောလိုက်၊ တစ်ချိန်က MSC
အကြောင်းပြောလိုက်နဲ့ စကားဝိုင်းလေးက စည်းကားနေပါတယ်။ အလုပ်ချိန်ကလည်း နီးလာလေပြီ။ ကိုသက်နဲ့ ကိုဟိန်းကတော့ အုန်းချော
ဓာတ်ဖမ်းဖို့ သွားကြဦးမယ်တဲ့။ ကိုသက်နဲ့ ကိုဟိန်းက
အမြဲတတွဲတွဲ မိုးကြိုးပစ်စေ့ပါ သူတို့ မိန်းမတွေတောင် မနာလိုနေလောက်ပါတယ်။ အမြည်းခွန့်ကျွေးတဲ့ ဗီဒီယိုဖိုင်တောင် FB ပေါ် တင်လိုက်ပါသေးတယ်။ သိပ်ချစ်ကြတဲ့ ကိုကြီးတွေ။

နောက်ပိုင်း ၁ နာရီထိုးတော့ ကျွန်တော်လည်း အလုပ်ဝင်ရတော့မှာမို့ နှုတ်ဆက်ပြီးပြန်လာခဲ့ပါ
တယ်။ ကိုသက်နဲ့ကိုဟိန်းရယ် ကိုဆီဇာစုပိုင်မင်းနဲ့ ၃ယောက်သား အုန်းချော သွားကြမယ်လို့သိရပါ
တယ်။ ကဲ... အုန်းချောမှာ ဘယ်တွေလည်ပြီး
ဘာတွေလုပ်ကြလဲဆိုတာ သူတို့ကိုသာ မေးကြပါတော့။

ကျွန်တော်ကတော့ တစ်ချိန်က MSC အမှတ်တရ
ပုံရိပ်လေးတွေမြင်ယောင်ရင်း အလုပ်လုပ်နေရင်း
လွမ်းနေပါတယ်ဗျာ။

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko