အပိုင်း (၁) အားဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း (၂) အားဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း (၃) အားဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း (၄) အားဤနေရာအားနှိပ်ပြီးဖတ်ရန်
မိုးသည်း (အပိုင်း-၅)
" တောင်ကျွန်းရွာစပ်နားက ထင်ရှူးတောတန်းနဘေးမှာ
ရပ်ထားတဲ့ စက်ဘီးကို မှီပြီး ငါကစောင့်နေမယ်။
ဝင်တော့မဲ့စဲစဲ နေမင်းကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို
ရွှေအိုရောင်ပါးပါးလေး လွမ်းခြုံထားတယ်။ အဲ့ဒီ့ချိန်မှာ
ရုတ်တရက် စက်ဘီးလေးတစ်စီးက ထင်းရှူးပင်ရဲ့အရိပ်တွေ
ဖြာကျနေတဲ့ မြေနီလမ်းလေးပေါ်မှာ ငါ့ဆီကို စက္ကန့်လို
တရွေ့ရွေ့လာနေတယ်။ ထူပိန်းနေတဲ့ ထင်းရှူးရွက်တွေကို ထိုးဖောက်ပြီး ကွတ်တိကွက်ကြား ထိုးကျနေတဲ့ နေရောင်အောက်က နွဲ့တဲ့တဲ့ သူ့ကိုယ်လေးက မြင်တစ်ခါပျောက်တစ်လည့်နဲ့ တစ်ချက်တစ်ချက် လေပြေအဝှေ့မှာ
လွင့်လူးသွားတဲ့သူမရဲ့ ဆံနွယ်လေးတွေက ငါ့ရင်ကို
တလှပ်လှပ်ခုန်စေတယ်။
အနားရောက်တဲ့အခါ မိုနာလီစာလို အပြုံးလေးတစ်ပွင့်နဲ့
" စောင့်နေတာကြာပြီလား မောင်ဆိုတဲ့ အသံချိုချိုလေးကြားရမယ်" ၊ ပြီးရင် နှစ်ယောက်အတူတူ
စက်ဘီးလေးနဲ့ နိမ့်လိုက်မြင့်လိုက် မြေနီတောင်ကုန်း
လမ်းလေးအတိုင်း စက်ဘီးလျှောက်စီးကြမယ်။
အဲ့ဒီညနေခင်းတွေကို ပြန်တွေးတိုင်း ငါ့ရင်တွေ တုန်ခါနေဆဲပဲကွာ ….. ။"
သူငယ်ချင်း လေးယောက်ဆုံလျှင် ယခုလို ဝေယံသည် သူ၏
ခံစားချက်များကို ရင်ဖွင့်တက်လေ့ရှိသည်။ ဝေယံသည်
ဆွဲဆောင်မှုရှိ၏၊ ရုပ်ရည်က သန့်ပြန့်သလို အပြောဆိုက
ညှက်ညောသူဖြစ်၏။ သူ့ကိုမြင်လျှင် မိန်းခလေးတိုင်းက
ငေးကြည့်ကြ၏။ မိဘများက ချမ်းသာပြီး ၀တ်နိုင်စားနိုင်
သုံးနိုင်ဖြုန်းနိုင်၏ ။ထို့ကဲ့သို့သော အဘက်ဘက်က ပြည့်စုံ
သော ဝေယံသည် ဘာကြောင့် ရူးနံ့နံ့ ကောင်မလေး မိုးသည်းကို
ချစ်ကြိုက်ခဲ့ရသည်လည်း ဆိုတာကို ညီထွဋ်စဉ်းစားရခက်လှသည်။ ဝေယံက သူ့ဓာတ်ပြားဟောင်းကို
ဆက်ဖွင့်သည်။
"ညီထွဋ် မင်းပဲစဉ်းစားကြည့် ….။ "
"ဟကောင် ဝေယံရ …. ။ မင်းကဘာမှမပြောပဲ ငါကဘာကို
စဉ်းစားရမှာလည်း။"
" ငါကစကားအဖြစ်ပြောတာပါ ။ မင်းကလည်း လိုက်ပြီးတွက်ကပ်နေတယ် တကယ်တည်းမှပဲ ။"
"ဒီလိုကွာ …။
တခါတလေ မိုးသည်းက အရမ်းကိုချောမောလှပပြီး အပြစ်အနာစာကင်းတဲ့ ကောင်းကင်က နတ်သမီး။
တခါတလေကျပြန်တော့ အရမ်းကိုကြောက်ဖို့ကောင်းတဲ့
သွေးဆာနေတဲ့ ဗန်ပိုင်းယား ။
တခါတလေကျ မတုန်မလှုပ် အေးတိအေးစက်နဲ့ မြောက်ဝင်ရိုးစွန်း ရေခဲတောင်က နှင်းဘုရင်မလို။
တခါတလေတော့ အရမ်းကို ပူလောင်လွန်းတဲ့ ယမမင်းရဲ့
သမီးတော် ဖြစ်သွားပြန်ရော။
တခါတလေမှာ အရမ်းကို သိမ်မွေ့နူးညံ့တဲ့ လေပြေ၊။
တခါတလေကျ တလောကလုံးကို မွှေနှောက်ပစ်မဲ့ လေပွေမျိုး။
တခါတလေ ………. ။
" ဟိုး … ဟိုး …. ။ လခွမ်းတယ်မှပဲ ဒီနေ့မင်းတခါလေက ပြီးအုံးမှာလား။ ငါစိတ်မရှည်တော့ဘူး ထတီးမိတော့မယ်။"
ဘေးနားတွင် ငြီမ်ပြီးနားထောင်နေသော နော်ဂျာက စိတ်မရှည်စွာ ဖြတ်ပြောလိုက်၍ ဝေယံ၏ ထွက်တော့မဲ့စဲစဲ စကားလုံးများက လည်ချောင်းထဲကို အထစ်ထစ်အငေါ့ငေါ့
ပြန်ဝင်သွားသည်။
" မင်းကလည်း ငါဒီမှာ ဖီးတက်နေတာကို … ငလူး သာသနာဖျက်ကောင်၊ မင်းက ဒါတွေကို ခံစားတက်မှာလည်းမဟုတ်ဘူး။ ရုပ်ကလည်းအူတူတူအတတ နဲ့ဆိုတော့ ဒီတသက် မင်းမိန်းမရမဲ့ ဇာတာမပါလောက်ဘူး။"
" လူပျိုကြီးဖြစ်လည်းဖြစ်ပါစေကွာ ။ မိန်းမတွေများ
ဘာကြည့်ကြိုက်ကြလည်းမသိဘူး။ ဟိုနားကောက်၊
ဒီနားဖောင်း ၊ ဟိုနားပိန့် ဒီနား ဖုနဲ့ ဘယ်နေရာမှ ကြည့်လို့ကို
အဆင်မပြေဘူး။ မင်းတို့မို့လို့ကြိုက်ကြတယ်။"
"နေပါအုံး …. ။ မင်းက မိန်းမမကောင်းကြောင်းပဲပြောနေတာ ။ အေကန်န မင်းခြောက်နေတာ ဟုတ်တယ်မလား။
မင်းအခြောက်မလား ။"
" လခွမ်းလို့ ခြောက်ရမှာလား မင်းငါ့ကို အခြောက်လို့
ဘယ်တော့မှ မခေါ်နဲ့။"
" ခေါ်တယ်ကွာ အခြောက် ၊ အခြောက် ၊
အခြောက် …. ဘာဖြစ်လဲ။"
ဝေယံက နော်ဂျာမကြိုက်မှန်းသိ-၍ရွဲ့ပြီး ခေါ်၏။ နော်ဂျာလည်း ဒေါသလည်းထွက် ရှက်လည်းရှက်ကာ ဝေယံအား
သည်းကြီးမည်းကြီး လိုက်လံထိုးကြိုက်၏။ ဝေယံကလည်း
ကျောင်းအလယ်ရှိ စိန်ပန်းပင်ကြီးကို ပတ်ကာ ပါးစပ်ကလည်း အခြောက် ဟုအော်ကာ ပတ်ပြေးနေ၏။
ဒါကို အနားမှခုံတန်းပေါ်တွင် ထိုင်နေသော ညီထွဋ်နှင့် သန့်စင်က သဘောကျကာ အားရပါးရ အူတက်အောင်ရယ်နေကြ၏။ မည်မျှ ကမ္ဘာ ကြီးဆန်သော ကမ္ဘာကြီးဘာလဲ။ ဆယ်ကျော်သက်အရွယ် ဤ ကျောင်းသားဘ၀လေးသည် ဘယ်လောက် ဖြူစင်ရိုးသားလိုက်ပါဘိနည်း။ ကျောင်းအုပ်ကြီး ရုံးခန်းရှေ့က
အချက်ပေးခေါင်းလောင်းကို ကျောင်းစောင့် ကိုမက်တင် က တီးလိုက်သောအခါ ကမာ္ဘြကီးသည် ပို၍ပို၍ပင် အဓိပ္ပာယ်ရှိစွာ ငြိမ်းချမ်းသွားသည်ဟု ထင်မိ၏၊ မြင်မိ၏။ ပတ်ဝန်းကျင်တခွင်ကိုကား မထူလွန်း မပါးလွန်းသော မိုးဖွဲနုနုလေးများက ဇာပ၀ါပါးတဖွယ် ဖုံးအုပ်နေလေတော့သည်တကား........ ။
ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko
MSC no. 118