မြန်မာစတီးမစ် မိသားစုဝင်များအားလုံး
ကျန်းခန်းသာလို့ မာပါစဗျာ...
ကျွန်တော့်ကိုမေ့များသွားကြပြီလားဗျ။ မေ့ဆို ကျွန်တော်ကိုယ်တိုင်ကလည်း ပို့စ်မတင်ဖြစ်တာ သီတင်း ၃ ပတ် တိတိရှိသွားပြီ။ စာတွေပုံမှန်မရေးဖြစ်ပဲ စိတ်ကအပျက်ဘက်ကို နဲနဲ
ရောက်သွားခဲ့တယ်။ " ပျက်အစဉ် ပြင်ခဏ " ဆိုသလို ပျက်နေတဲ့စိတ်လေးကို ပြန်ပြင်ကာ စာပြန်ရေးမိပါတယ်ဗျ။
မရေးတာကြာတော့ လက်ကပျက်နေသလိုဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားပြီး ရေးထားပါတယ်။ အပိုင်းဆက်လေးဖြစ်တဲ့ " မိုးသည်း " ကို အားပေးကြပါဦးဗျ။
အားလုံးကို ကျေးဇူးတင်ပါတယ်... 💝💝💝
အပိုင်း (၁) အားဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း (၂) အားဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း (၃) အားဤနေရာအားနှိပ်ပြီးဖတ်ရန်
မိုးသည်း (အပိုင်း-၄)
ဒသမတန်း(ခ)မှ မိုးသည်း ဆိုသော မိန်းခလေးသည်တစ်ကျောင်းလုံး၏ လူပျိုလေးများကြားတွင် နာမည်ကြီးပြီး ရေပန်းစား၏။ နက်မှောင်ဖြောင့်ဆင်းသော ဆံနွယ်များက ခါးထိရှည်ပြီး သပ်သပ်ရပ်ရပ် စုစည်းထားသည်။ မြင်သူတိုင်းကို ငေးမောသွားစေနိုင်သော မျက်ဝန်း၊ နှုတ်ခမ်း နှင့် အပြုံးတို့ကလည်း ထင်ထင်ရှားရှားနှင့် ညို့အားကောင်းလှ၏။ ခန္ဓာကိုယ်အချိုးအစားမှာ ပြေပြစ်ကာ မ၀လွန်း မပိန်လွန်း ၊ အသားရည်မှာလည်း ၀င်းလတ်ကာ ကြည်လင်၏ ၊ နူးညံ့၏။
ထိုကဲ့သို့ မိန်းမလှလေးတစ်ဦးတွင် ထူးဆန်းသော အမူအကျင့်တို့ကလည်းရှိပြန်သည်။ ရည်စားပွေရှုပ်ခြင်း၊ ဆေးလိတ်သောက်တက်ခြင်း၊ ကျောင်းပြေးပြီးလျှောက်လည်တက်ခြင်း၊ တခါတလေ ယောကျာ်းလေးများနှင့် ရောရောနှောနှောနေတက်ပြီး တခါတလေကျပြန်တော့ သူမ မဟုတ်သလိုမျိုး တည်ငြိမ်လွန်းတက်ပြန်သည်။ ခန့်မှန်း မရနိုင်သော သူမသည် အရောင်သဏ္ဌန်စုံသော မိုးသက်တိမ်စိုင်တွေလိုပင် လေနှင်ရာကို လွင့်ရင်း ရွာချက်တက်သော တစ်ကွက်ကြားမိုးဖြစ်၏ …. မိုးဖြစ်၏။
မိုးသည်းသတင်းကို မကြားချင်မှအဆုံးကြားနေရသည်။ အထူးသဖြင့်တော့ ညီထွဋ်၏ သူငယ်ချင်း ဝေယံဆီမှဖြစ်သည်။ မိုးသည်း သည် ဝေယံပေးသမျှ ရည်းစားစာများကို လက်ခံပြီး ပြန်စာလည်းပြန်ပေး၏ဟုဆိုသည်။ ထိုမျှမက ဝေယံကပေးသော လက်ဆောင်များ ၊ မုန့်များ ကိုလည်းလက်ခံ၏။ သို့သော်လည်း ချစ်တယ်ဆိုသော အဖြေကိုကား တိတိကျကျဘယ်တော့မှမပေးခဲ့။ ဝေယံနှင့် ချန်းတွေ့ပြီး သမီးရည်းစားသဘာဝအတိုင်း လျှောက်လည်တက်၏။ ထိုသို့ချိန်းတွေ့တိုင်း ဝေယံက မိမိအား ချစ်လားဟု မေးလျင် ချစ်လည်းမချစ်ဘူး မုန်းလည်းမမုန်းဘူး ဟု အမြဲပြန်ဖြေတက်သည်ဟုဆိုသည်။
ထိုနည်းတူပင် အခြားသော လူပျိုလူရွယ်များ၏ ပေးသမျှရည်းစားစာများကိုလည်း လက်ခံ၏။ ချိန်းတွေ့၏။ ချစ်တယ် ဆိုသောအဖြေကိုကား ရေရေရာရာ ပေးလေ့မရှိပေ။ မိုးသည်း နှင့် ပတ်သက်မိသော လူပျို လူရွယ်တိုင်း ရူးကုန်ကြ၏။ ရူးသွားအောင်လည်း သူမသည် ပြုစားတက်လေသည်။ ထို့ကြောင့်လည်း တစ်ကျောင်းလုံးတွင် အသည်းစား ဘီလူးမဟု နာမည်တွင်လေသည်။
အပိုင်း - ၅ ဆက်ရန်>>>
.......................................................
ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko