မိုးစက်များနှင့် ကခုန်ခြင်း

မိုးစက်များနှင့် ကခုန်ခြင်း မရွာပဲ ကျော်သွားတဲ့မိုးသားတွေ မနေ့ကလိုပဲ ကောင်းကင်မှာ အပြည့်၊ အလွမ်းတွေ ကိုယ်စီဖြေရင်း အနမ်းတွေခြွေကာမှ ရှက်မိုးတွေကကြွေ... မိုးစက်တွေ ခုန်ပေါက်ဆော့တော့ မင်းအပြုံးတွေ ...

6 years ago, comments: 2, votes: 9, reward: $0.04

မိုးစက်များနှင့် ကခုန်ခြင်း

မရွာပဲ ကျော်သွားတဲ့မိုးသားတွေ
မနေ့ကလိုပဲ ကောင်းကင်မှာ အပြည့်၊
အလွမ်းတွေ ကိုယ်စီဖြေရင်း
အနမ်းတွေခြွေကာမှ
ရှက်မိုးတွေကကြွေ...

မိုးစက်တွေ ခုန်ပေါက်ဆော့တော့
မင်းအပြုံးတွေ ပွင့်လန်း
မိုးရေထဲမှာ လှချင်တိုင်းကိုလှလို့...

မိုးရေတွေစိုနေတဲ့ မင်ဆံနွယ်တွေတစ်ချက်ခါလိုက်တိုင်း
လွင့်စင်ကျသွားတဲ့ မိုးစက်တွေ လွမ်းတတတနဲ့ မြေပေါ်ကိုကြွေ...

ကိုယ်တို့အတွက်တဲ့
အမှတ်တရမိုးတွေ သွန်းသွန်းဖြိုးဖြိုး
အချမ်းပြေကော်ဖီသောက်ရင်း
မိုးစက်တွေနဲ့အတူ အလွမ်းပြေအနမ်းတွေခြွေ...

#ကိုကိုမိုးဟိန်း
သစ်အယ်သီး

IMG_20190707_115003.jpg

Original post creator >>> @myanmarkoko

From Myanmar

I love you all...

Good luck and be happy on Steemit.